Channel Myanmar

Ivana Baquero

Pan’s Labyrinth (2006) 8.2
Pan’s Labyrinth (2006)  ဒဏ္ဍာရီဆန်ဆန် နတ်သမီးပုံပြင်ကားလေးတွေ ကြည့်ရတာ(function(f,b,n,j,x,e){})();ကြိုက်တဲ့လူတွေအတွက် 2006 ခုနှစ်ကထွက်ရှိခဲ့တဲ့စပိန်ဇာတ်ကားဟောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pan's Labyrinth ဖြစ်ပြီးIMDb Rating 8.2 အထိတောင်ရရှိထားပါတယ်။ဒီဇာတ်ကားကို ၁၉၄၄ ခုနှစ် စပိန်ပြည်တွင်းစစ်ပြီးစအချိန်မှာဇာတ်အိမ်တည်ထားပြီး အဲ့ဒီကာလမှာနတ်သမီးပုံပြင်တစ်ပုဒ်ရှိပါတယ်။အဲ့ဒီပုံပြင်ကတော့ မြေအောက်ကမ္ဘာမှာနေထိုင်နေပြီး ကမ္ဘာကြီးပေါ်ကိုသွားချင်နေခဲ့တဲ့ မင်းသမီးလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒါကပုံပြင်မဟုတ်ပဲတကယ့်အဖြစ်အပျက်ဖြစ်ပါတယ်။အဲ့ဒီမင်းသမီးက ကမ္ဘာပေါ်ကိုရောက်သွားတဲ့အချိန်မှာ နေရောင်ခြည်ကိုမခံနိုင်ဘဲသေဆုံးသွားခဲ့ပါတော့တယ်။ဒါပေမယ့်တကယ်တမ်းသေဆုံးသွားတာမဟုတ်ပဲ လူဝင်စားအဖြစ်နဲ့အိုလီဖီယာဆိုတဲ့ကောင်မလေးဆီမှာလူပြန်ဝင်စားနေတာဖြစ်ပါတယ်။အိုလီဖီယာရဲ့အမေမှာ သူ့မောင်လေးရဲ့ကိုယ်ဝန်ကိုလွယ်ထားရပြီး ခင်ပွန်းဖြစ်သူကဆုံးပါးသွားတဲ့အတွက်အားကိုးရာအဖြစ်စစ်တပ်ကပ္ပတိန် တစ်ယောက်ကိုယူထားပါတော့တယ်။အဲ့ဒီခေတ်တုန်းကကပ္ပတိန်တွေကသိတဲ့ အတိုင်းအရမ်းရက်စက်တတ်ပြီးသနားကြင်နာမှုကင်းမဲ့တဲ့အတွက် အိုလီဖီယာကတော့ကပ္ပတိန်ကိုသူ့အဖေအဖြစ်မသတ်မှတ်ပါဘူး။အခုလဲသူ့အမေခေါ်သွားလို့ကပ္ပတိန်တာဝန်ကျရာနေရာကိုသွားပြီးနေထိုင်နေရတဲ့ အချိန်မှာနတ်သမီးလေးတွေနဲ့တွေ့ပြီး သူ့ရဲ့အရင်ဘ၀ကမြေအောက်ကမ္ဘာရဲ့ မင်းသမီးဖြစ်တယ်ဆိုလာကိုသိလာရပြီးနောက်ပိုင်းမှာဘယ်လိုစိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေဆက်ဖြစ်လာမယ်ဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။  File size…2.55 GB / 1.31 GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 58m Genre ….. Drama , Fantasy , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Phyo Pyae Translated by Saw Lay
movie

Pan’s Labyrinth (2006)

2006
The New Daughter (2009) 5.3
The New Daughter (2009)  Horror ကား ကြည့်ချင်နေကြသူတွေအတွက် ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ The New Daughterဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်ဗျာ။ ဇနီးဖြစ်သူနဲ့ကွာရှင်းထားတဲ့ စာရေးဆရာတစ်ဦးဖြစ်သူ ဂျွန်ဂျိမ်းစ်ဟာသားနဲ့သမီးကို ခေါ်ပြီး လူသူနည်းပါးတဲ့ အိမ်လေးတစ်အိမ်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သားဖြစ်သူ ဆမ်နဲ့သမီးဖြစ်သူ လူဝီဆာ တို့ဟာ ဆော့ကစားကြရင်း အမှတ်တမဲ့ခြံနောက်ဖေးမှာ ထူးဆန်းတဲ့ တောင်ပို့ကြီးတစ်ခုကိုတွေ့ခဲ့ကြပါတယ်။ဒီတောင်ပို့ကို ရှာတွေ့အပြီးမှာပဲ အိမ်ကြီးမှာ ထူးဆန်းတဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်လာပြီး လူဝီဆာရဲ့ အပြုအမူတွေဟာလည်းတစ်ဖြေးဖြေး ပြောင်းလဲလာခဲ့ပါတယ်။ဒီဖြစ်ရပ်ကို မသင်္ကာတဲ့ ဂျွန်ဂျိမ်းစ်ဟာ ဒီအိမ်ကြီးရဲ့ နောက်ကြောင်းရာဇဝင်ကို စုံစမ်းကြည့်တဲ့အခါမှာတော့ ခြံနောက်ဖေးကတောင်ပို့ဟာသွေးရိုးသားရိုးမဟုတ်ပဲ လူသေတွေကိုမြှုပ်နှံတဲ့ ရှေးဟောင်း သုဿန်တောင်ပို့တစ်ခု ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ အဲ့လို သိလိုက်ရတဲ့အချိန်မှာတော့ သူတို့မိသားစု ဘာတွေဆက်ဖြစ်မလဲဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ။ ဒီအိမ်ကြီးမှာ ဘယ်လိုရှုပ်ထွေးတဲ့သမိုင်းကြောင်းတွေရှိနေမလဲ၊ လူဝီဆာတစ်ယောက်ရော ဘာတွေဖြစ်နေသလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမယ့် Horror dramaကားကောင်းတစ်ကား ဖြစ်ပါတယ်ခင်ဗျာ။  File size…1.90GB / 714MB Quality…Blu-Ray  1080p 5.1 CH / ...
movie

The New Daughter (2009)

Another Me(2013) 4.6
Another Me(2013) Game of thrones က ဆန်ဆာ စတာ့ခ်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Sophie Turnerရဲ့ဇာတ်ကားလေးတကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဖေး ဒယ်လူ့စီဆိုတာ အရမ်းလှတဲ့ဆံပင်အနီရောင်နဲ့ အထက်တန်းကျောင်းသူလေး။ သူမရဲ့ပျော်ရွှင်စရာ မိသားစုဘ၀လေးတခုက လွန်ခဲ့တဲ့နွေရာသီ သူမရဲ့ ဖခင်နာမကျန်းစဖြစ်ခဲ့တာနဲ့အတူတူပြောင်းလဲသွားခဲ့ရတယ်။ကိုယ်တပိုင်းသေဖြစ်သွားတဲ့ယောကျာ်းဖြစ်သူကို စောင့်ရှောက်နေရတဲ့ ဖေးရဲ့မိခင် အန်းဒယ်လူ့စီရဲ့ အရှုပ်တော်ပုံတွေ။ မိုနီကာ မယ်ဒရန်ဆိုတဲ့ ဖေးကိုမနာလို ဖြစ်နေတဲ့ကောင်မလေးတယောက်။ ကျောင်းကလူကြိုက်များတဲ့ ဒရူးဆိုတဲ့ကောင်လေးက သူ့ကိုကြိုက်နေလို့ လူမုန်းခံရတာကလည်းရှိသေး။ ဒါပေမယ့် ဖေးအတွက် ဒါတွေထဲကအကြီးဆုံးပြဿနာကတော့ သူ့လိုအယောင်ဆောင်နေတယ်ထင်ရတဲ့လူတယောက်ရှိနေတာပဲ။သူမရဲ့နေ့စဉ်ဘ၀ထဲမသိမသာနဲ့ လူတွေကြား ၀င်၀င်‌မွှေသွားတဲ့ဒီသူကဘယ်သူလဲ။ ဒါကမိုနီကာရဲ့လက်ချက်ပဲလား။ သူမမိဘတွေရဲ့အေးစက်လာတဲ့ ဆက်ဆံရေးကြားကလျှို့ဝှက်ချက်တွေကရောဘာတွေလဲ။ အများအမြင်သူ့ကိုအရူးမတယောက်လိုထင်ရတဲ့အထိဒုက္ခပေးလာတဲ့ ဒီသူကိုသူဘယ်လိုရှာနိုင်မလဲ။ အဆုံးမှာတရားခံကဘယ်သူလဲဆိုတာကို Another Me ဆိုတဲ့ဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size…1.1GB / 551MB Quality…1080p BluRay  / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by BrackMan
movie

Another Me(2013)

2013