Channel Myanmar

Iyali Dominguez

La Civil (2021) 7.2
La Civil (2021)  IMDb 7.2/10 Rotten Tomatoes 86%ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်ကတော့ဘယ်လ်ဂျီယံ ၊ ရိုမေးနီးယား ၊ မက္ကဆီကို သုံးနိုင်ငံပေါင်းထုတ်လုပ်ထားတဲ့ La Civil လို့ အမည်ရတဲ့ ရုပ်ရှင်ကားတစ်ခုပဲဖြစ်ပြီး ၂၀၂၁ ကိန်းရုပ်ရှင်ပွဲတော်မှာ Prize of Courageကို ရရှိခဲ့တဲ့ ရုပ်ရှင်လည်း ဖြစ်ပါတယ် ။ဇာတ်လမ်းမှာတော့ သမီးပျောက်အမေတစ်ယောက်ရဲ့မိခင်သောကကို အဓိကထား ရိုက်ကူးထားတာဖြစ်ပြီးမက္ကဆီကို မြောက်ပိုင်းမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်မှုတွေ ၊မတရားမှုတွေအကြောင်းကို မီးမောင်းထိုးပြထားပါတယ် ။ခင်ပွန်းဖြစ်သူနဲ့ကွဲပြီး အမေတစ်ခု သမီးတစ်ခု ဘဝမှာ နေနေတဲ့စီယယ်လိုနဲ့ လော်ရာ...အဲဒီလိုကနေ တစ်ရက်မှာတော့ လော်ရာဟာပျောက်ခြင်းမလှပျောက်ဆုံးသွားခဲ့တဲ့အခါမှာတော့ မိခင်ဖြစ်တဲ့စီယယ်လိုတစ်ယောက် သောကပွေရပါတော့တယ် ။ပိုက်ဆံပေးရင် သမီးဖြစ်သူကို ပြန်ခေါ်လာပေးမယ်လို့ငွေညှစ်ခဲ့ပေမယ့် တကယ်တမ်း ပိုက်ဆံပေးတော့လည်းလော်ရာကတော့ အိမ်ကို ပြန်ရောက်မလာခဲ့ပါဘူး ။အဲဒီအခါမှာတော့ စီယယ်လိုတစ်ယောက် သမီးဖြစ်သူအတွက်တစ်ကိုယ်တည်း လှုပ်ရှားရပါတော့တယ် ။သမီးဇောကပ်နေတဲ့ မိခင်တစ်ယောက် သမီးပျောက်ရှာပုံတော်မှာဘယ်လိုကိစ္စတွေ ကြုံရမလဲ ၊နောက်ဆုံးကျရင်ရော ...
movie

La Civil (2021)