Channel Myanmar

Izaac Wang

Clifford the Big Red Dog (2021) 6.0
Clifford the Big Red Dog (2021) ဒီ​နေ့မှာ​တော့ ချစ်စရာ​ကောင်းတဲ့ ဇာတ်ကား​လေးတစ်ကားကို တင်ဆက်​ပေးလိုက်ပါတယ်၊ IMDb 6 ရထားပြီး ကြည့်ရတာ​ပေါ့​ပေါ့ပါးပါးနဲ့ စိတ်အပန်း​​ပြေ​စေမယ့် ဇာတ်ကား​​လေးပါ၊ Universal ရုပ်ရှင်ကုမ္ပဏီက​နေ ထုတ်လုပ်ထားပြီး Clifford:The Big Red Dogဆိုတဲ့ နာမည်ကြီး က​လေးပုံပြင်စာအုပ်ကိုအ​ခြေခံရိုက်ကူးထားတာပါနယူး​ယောက်မြို့ကြီးကို မကြာ​သေးခင်ကမှ​ပြောင်းလာတဲ့ အလယ်တန်း​ကျောင်းသူ​အမ်မလီအတွက် အ​ပေါင်းအသင်းဆိုတာမရှိဘဲ အထီးကျန်​နေခဲ့ရတာပါ၊ ဒီလို​နေရင်းတစ်​နေ့မှာ ဘရစ်ဝဲလ်ဆိုတဲ့ တိရစ္ဆာန်ကယ်ဆယ်​ရေးသမားကြီးနဲ့ ​တွေ့ပြီး  ကလစ်ဖို့ဒ်ဆိုတဲ့ အ​မွေးနီနီရဲရဲနဲ့ ချစ်စရာ​ပါပီ​​လေးက သူ့ဘဝထဲကို ​ရောက်လာပါတယ် ဒါ​ပေမဲ့အမ်မလီဆီ​ရောက်ပြီး တစ်ရက်အကြာမှာပဲကလစ်ဖို့ဒ်​လေးဟာ အံ့ဩဖွယ်ကောင်း​လောက်​အောင် နေ့ချင်းညချင်း ၁၀​ပေ​အရွယ် ဧရာမပါပီကြီးဖြစ်သွားတဲ့အခါ အမ်မလီနဲ့ ဦး​လေးဖြစ်သူကေစီတို့ ဒီ​ခွေး​လေး ပုံမှန်အရွယ်ပြန်ဖြစ်​​အောင် ဘယ်လိုလုပ်ကြမလဲ၊ ​ ခွေး​လေးရဲ့ အရွယ်ကြီးသွားတဲ့အစွမ်းကို လိုချင်​နေတဲ့ နည်းပညာကုမ္ပဏီတစ်ခု​ပေါ်လာတဲ့အခါ သူတို့ ဘယ်လိုတားဆီးကြမလဲဆိုတာကို အလွဲအ​ချော်​လေးတွေ၊ ဟာသ​တွေအပြင် ချစ်စရာကောင်းတဲ့ ​ခွေး​လေးရဲ့အပြုအမူ​တွေကြည့်ပြီး ကြည်နူးရမှာပါ စိတ်ပင်ပန်းစရာ​တွေများ​နေတဲ့ အချိန်မှာ မိသားစု၊ သူငယ်ချင်း၊ ချစ်ရတဲ့သူ​တွေနဲ့တူတူ စိတ်အပန်း​​ပြေ​အောင် ကြည့်လို့ရမယ့် Comedy/ Family genre ဇာတ်ကား​လေးပဲ ဖြစ်ပါတယ် File Size : (1.8 GB) & (1 Gb) & ...
movie

Clifford the Big Red Dog (2021)

HEVC 1080p 5.1
Raya and the Last Dragon (2021) 7.8
Raya and the Last Dragon (2021) Raya and the Last Dragon (2021)========================IMDb Rating - 7.8ဟိုးရှေးရှေးတုန်းကပေါ့ဗျာ .....ပုံပြင်ဆိုတော့ ဒီလိုပဲ စရမယ်လေနော့။ကူမန်ဒြာ ဆိုတဲ့ တိုင်းပြည်မှာ လူတွေရယ် နဂါးတွေ ရယ် အတူတူ နေကြသတဲ့။တစ်နေ့မှာတော့ ဒရွန်း ဆိုတဲ့ ကျောက်ရုပ်ဖြစ်စေနိုင်တဲ့ မိစ္ဆာတွေက လာရောက်အနိုင်ကျင့်ကြတဲ့အခါမှတော့ ...... နဂါးတွေက လူတွေကို ကူညီတိုက်ခိုက်ပေးကြပါတယ်။နဂါးတွေရဲ့ အစွမ်းတွေ စုထားတဲ့ ရတနာနဲ့ ဒရွန်း မိစ္ဆာတွေကို အနိုင်တိုက်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ကူညီတဲ့ နဂါးတွေအားလုံး ကျောက်ရုပ်တွေ ဖြစ်သွားကြပြီး နဂါးတစ်ကောင်ကတော့ရှင်ကျန်နေရစ်ခဲ့ပါတယ်။ ကူမန်ဒြာ တိုင်းပြည်ကြီးလည်း လူမျိုးစု ၅ စု ကွဲသွားသလို ရတနာကလည်း၅ ပိုင်း ကွဲသွားခဲ့ပါတယ်။နောက် နှစ် ၅၀၀ အကြာမှာတော့ ဒရွန်းတွေ ပြန်ပေါ်လာခဲ့ပါတယ်။ နှလုံးသားမျိုးနွယ်စု ခေါင်းဆောင်ရဲ့သမီးလေး ရာယာ က နောက်ဆုံးကျန်ခဲ့တဲ့ နဂါး ကို ...
movie

Raya and the Last Dragon (2021)

2021
4K HEVC
Good Boys (2019) 6.8
Good Boys (2019) ဒါကတော့ IMDb rating 6.8နဲ့ ခရမ်းချဉ်သီးမှာ 79%ရထားတဲ့ဟာသကားလေးပါ။တစ်ကားလုံးရယ်ရလို့ ပါးစပ်တောင်မစေ့နိုင်ဘူးဘရစ်စလီဆိုတဲ့ကောင်မလေးကိုအရမ်းတွေကြွေနေတဲ့မက်စ်ရယ်၊လေကြီးလေကျယ်ပြောတတ်တဲ့သောရယ်၊ရင့်ကျက်ပြီးမှန်တာပဲလုပ်ချင်တဲ့လူကပ်စ်တို့သုံးယောက်ကအရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပေါ့။‌ခြောက်တန်းရောက်တာနဲ့ခြောက်တန်းနဲ့တူအောင်အထာကျမယ်လို့ ဆုံးဖြတ်ထားတဲ့ ငမြွေလေးတွေပေါ့။ တစ်နေ့တော့ kissing partyတစ်ခုကို ဖိတ်ခံလိုက်ရလို့မက်စ်ကသူကြိုက်နေတဲ့ကောင်မလေးကိုပါတီမှာနမ်းရတော့မယ်ဆိုပြီး ရင်တွေခုန်နေတာပေါ့။ ဒါပေမယ့် သူတို့ထဲကဘယ်သူမှမနမ်းဖူးကြတော့သူများတွေဘယ်လိုနမ်းလဲဆိုတာရှာဖွေလေ့လာရင်းပြဿနာတွေတစ်ခုပြီးတစ်ခုဖြစ်ကုန်ပါတော့တယ်။ ကလေးတွေဆိုပေမယ့် သူတို့မှာလည်းသူတို့အရွယ်နဲ့ကြုံတွေ့နေရတဲ့ကိစ္စတွေရှိတာပေါ့။ သူတို့ရဲ့တစ်နေ့တာကိုဘယ်လိုဖြေရှင်းကျော်ဖြတ်ပြီးမိဘတွေအဆူမခံရအောင်ဘယ်လိုတွေဉာဏ်များအုံးမလဲဆိုတာကိုတော့ဒီကားလေးမှာပဲ ဆက်လက်ကြည့်ရှုလိုက်ပါအုံး။ တကယ်ကောင်းတဲ့ဟာသကားလေးကိုလက်လွှတ်မခံဘဲကြည့်ရင်း ခဏတာဘဝအမောပြေနိုင်ပါစေ (အယ့်လယ့်) File Size : ( 840 MB , 314 MB)Quality :  WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Adventure , ComedySubtitle : Myanmar Subtitle (Hard Sub)Translated by Moe ...
movie

Good Boys (2019)

2019