Channel Myanmar

J.J. Johnston

Spartan (2004) 6.5
Spartan (2004)  စကော့ဟာ ရိန်းဂျားတပ်သားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့တပ်သားအသစ်တွေကို လေ့ကျင့်ပေးတဲ့ စစ်ရေးနည်းပြတစ်ယောက်ပါ...။တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ပြန်ပေးဆွဲခံရတဲ့ အမှုမှာသူလည်းပါဝင်စုံစမ်းပေးဖို့ အမိန့်ကျလာပါတယ်...။ပြန်ပေးဆွဲသွားတဲ့အကြောင်းအရင်းက လူကုန်ကူးဖို့၊လိင်လုပ်သားအဖြစ်အတင်းအကြပ်စေခိုင်းဖို့ပါ...။ဒါပေမဲ့ ပြန်ပေးသမားတွေမသိတာ ဒီကောင်မလေးဟာ အစိုးရအရာရှိကြီးတစ်ယောက်ရဲ့သမီးဖြစ်နေရော....။ဒီတော့ ပြန်ပေးသမားတွေ မသိခင် ကောင်မလေးကို ပြန်ကယ်မယ့်တာဝန်ဟာစကော့ခေါင်းပေါ်ကျရောက်လာပြီး...စကော့တစ်ယောက် ဘယ်လိုစုံစမ်းထောက်လှမ်းကယ်ထုတ်မလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီ....။ File size…1.86GB / 655MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 46m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Spartan (2004)

Fatal Attraction (1987)(18+) 6.9
Fatal Attraction (1987)(18+)  IMDb - 6.9 , RT - 74%( 18+ အခန်းတွေပါဝင်လို့ မိသားစုနှင့်အတူ ကြည့်ရှု့ရန် မသင့်ပါ ) Ant man ဘိုးတော်ကြီး Michael Douglasရဲ့ ငယ်ဘဝက ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းလေးပါ။ Michael Douglasနဲ့အတူ 101 Dalmatians, 102 Dalmatians, Cruella, What happened to Monday အစရှိတဲ့ ရုပ်ရှင်ကောင်းပေါင်းများစွာ ရိုက်ကူးခဲ့တဲ့ မင်းသမီးကြီး Glenn Closeတို့က တွဲဖက်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကို ပြောရရင် အခုလတ်တလော ခေတ်စားနေတဲ့ " အိမ်ထောင် "ဆိုတဲ့ ဇာတ်လမ်းတွဲနဲ့ ဆင်ပါတယ်။ ဒါပေမယ့် ဒီကားက ပိုပြီးကြမ်းပါတယ်။ ဒန် ဂလက်ဂါကတော့ အိမ်ထောင်ရှိတဲ့ ရှေ့နေတစ်ယောက်ပါ။တစ်နေ့မှာ ဒန်က အဲလစ် ဖောရက်စ်လို့ခေါ်တဲ့ ကောင်မလေးနဲ့ ပါတီမှာတွေ့ဆုံမိခဲ့ကြပါတယ်။ ...
movie

Fatal Attraction (1987)(18+)

JFK(1991) 8.0
JFK(1991) JFK(1991) အညွှန်း****************IMDb....8.0ယနေ့ခေတ်စနိုက်ပါ သေနတ်များဟာ တုန်ခါမှုအနည်းဆုံးနဲ့ တိကျမှုအရှိဆုံးအဖြစ်တီထွင်ထုတ်လုပ်လာထားကြပါတယ်...သို့သော် ၁၉၆၁ ခုနှစ်ထုတ် ရိုင်ဖက်လက်နက်များမှာတော့ ချို့ယွင်းချက်အားနည်းချက်များစွာရှိပါတယ်...သို့သော်လည်း  ၃၆ ယောက်မြောက် အမေရိကန်သမ္မတ ကနေဒီကိုတော့ Bolt-Action သုံး ရိုင်ဖယ်နဲ့ ၆စက္ကန့်အတွင်းကမ္ဘာ့စံချိန်တင် တိကျတဲ့ပစ်ချက်(၃)ချက်နဲ့ သေကွင်း သေကွက်တွေချည်း ပစ်ခတ်ခဲ့တဲ့ လုပ်ကြံရေးသမားကတော့စံတင်လောက်စရာပါပဲ..... FBI က အတော်ဆုံး သေနတ်သမားတွေ စမ်းကြည့်တာတောင် ဒီလိုပစ်ချက်မျိုးမရကြဘူးလို့ဆိုပါတယ်...ဒီဇာတ်ကားကတော့ သမ္မတကနေဒီ လုပ်ကြံခံရပြီး စုံစမ်းစစ်ဆေးရေးတွေအကြောင်းကို အဓိကထားရိုက်ပြထားတာပါ....History အမျိုးအစားဖြစ်ပေမဲ့ လုံးဝပျင်းစရာမကောင်းဘဲ ၃နာရီနီးပါး စိတ်ဝင်စားစွာကြည့်လို့ကောင်းတဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်...နိုင်ငံရေးလှည့်ကွက်တွေမျိုးစုံမြင်ရသလို ဒီစစ်ဆေးမှုအရှုတ်ထုတ်ကြီးရဲ့ ဟာကွက်တွေ ယိုပေါက်တွေကိုလည်းများစွာတွေ့ရမှာဖြစ်ပါတယ်....သမ္မတကနေဒီအကြောင်းမသိလည်း ကြည့်လို့ရသလို Thriller ပုံစံမျိုးမှသဘောကျတဲ့သူတွေအတွက်လည်းအဆင်ပြေတာမို့ ခံစားကြည့်ကြပါ....ဒါရိုက်တာကလည်း Oliver Stone  ဖြစ်တဲ့အပြင် အဓိက သရုပ်ဆောင်ကလည်း Kevin Costner ဖြစ်လို့ကြည့်သင့်ပါကြောင်း....File Size :(3GB),(1.7GB) and (380 MB) Quality : Blu-Ray 1080p5.1ch ,720p Format…mp4 Duration…03:09:00 Genre ...
movie

JFK(1991)