Channel Myanmar

Jacinda Barrett

Urban Legends: Final Cut (2000) 4.4
Urban Legends: Final Cut (2000) Urban Legends: Final Cut (2000) =========================Urban Legends: Final Cut ဟာ Urban Legends ဇာတ်ကား တွဲတွေရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကျော် ရုပ် ရှင်ကျောင်းတစ်ကျောင်းဖြစ်တဲ့ အယ်လ်ပိုင်းတက္ကသိုလ်ကျောင်းသူ အေမီမေဖီးလ်ဟာ ကျောင်းကိုတင်သွင်းရမယ့် Thesis ဇာတ်ကား အတွက် ပါးစပ်ရာဇဝင်တွေထဲကပုံစံအတိုင်း လူသတ်မှုတွေ ကျူး လွန်တဲ့ လူသတ်သမားအကြောင်းရိုက်ဖို့စိတ်ကူးရပြီး အကောင်အ ထည်ဖော်ဖြစ်ခဲ့ပါတယ်။ဇာတ်ကားစတင်ရိုက်ကူးချိန်ကစလို့ သူ့သူငယ်ချင်းတွေ ရိုက်ကူးရေး အဖွဲ့ဝင်တွေဟာ ရုပ်ရှင်ထဲကလိုနည်းလမ်းတွေနဲ့ တစ်ဦးပြီးတစ်ဦး သေဆုံးလာခဲ့ချိန်မှာတော့ ဒီအမှုတွေရဲ့နောက်ကွယ်က လက်သည်ကို ကိုယ်တိုင်ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ ထုံးစံအတိုင်း သွေးထွက် သံယိုပြကွက်တွေ လှည့်ကွက်တွေနဲ့ သည်းထိတ်ရင်ဖိုခံစားရမယ့် old but gold တစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.8 GB) / (900 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Mystery Translator.......Alias Encoder..........SWM
movie

Urban Legends: Final Cut (2000)

2000
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004
Matching Jack (2010) 6.4
Matching Jack (2010) Matching Jack (2010)=================IMDb Rating - 6.4/10ဒီတစ်ခေါက်မှာတော့ imdb မှာ 6.4 ထိရရှိထားတဲ့ အင်္ဂလိပ်မိသားစု ဒရမ်မာ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေသွေးကင်ဆာဆိုတဲ့ ရောဂါဟာ ခြင်ဆီအစားထိုး ကုသမှပျောက်ကင်းနိုင်တဲ့ရောဂါမျိုးပါ။ ခြင်ဆီအစားထိုးဖို့ ဆိုရင်တောင် ထပ်တူညီတဲ့ ခြင်ဆီရဖို့ မွေးချင်းညီအစ်ကို မောင်နှမကြားတောင် သုံးပုံတစ်ပုံပဲအခွင့်အရေးရှိပါတယ်။ ဒီဇာတ်လမ်းမှာ အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့ ဖခင်နဲ့ သားကိုသခင် လင်ကိုဘုရားအသွင် ကိုးကွယ်ထားတဲ့ မိခင်တို့ရဲ့အချစ်ဆုံးသားလေး တစ်ယောက် သွေးကင်ဆာဖြစ်လာတဲ့အခါ၊သားလေးရဲ့ခြင်ဆီနဲ့ထပ်တူညီတဲ့ ခြင်ဆီအလှူရှင်ရနိုင်ဖို့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုများကြိုးစားမှာလဲ သူတို့အိမ်ထောင်ရေးအဆင်မပြေမှုတွေကရော ကလေး အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ ကလေးရဲ့ ခြင်ဆီနဲ့ ကိုက်ညီတဲ့ ခြင်ဆီအလှူရှင်ကိုရော ရနိုင်မလားဆိုတာတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျော ခံစားလိုက်ပါဦး...ဒီဇာတ်လမ်းဟာရောဂါအသားပေးဆိုတာထက် မိဘမေတ္တာကို အဖက်ဖက်က ပုံဖော်ရိုက်ကူးထားပြီး ကလေးသရုပ်ဆောင်တွေရဲ့ ပီပြင်မှုကြောင့် ရင်ထဲတော့ တစ်ခုခု ကျန်ခဲ့မယ်လို့ ညွှန်းပါရစေဗျာ... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size..........(1.6 GB) / (765 MB) / (447 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 39mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Lwin Htoo Aung Encoder..........SWM
movie

Matching Jack (2010)

2010
Ladder 49 (2014) 6.5
Ladder 49 (2014)   Ladder 49 ~~~~~~ IMDb - 6.5 RT - 41% မီးသတ်သမားတွေဆိုတာ အမေ့ခံ ပုဂ္ဂိုလ်တွေလို့ပဲ ပြောရမလားပဲ။ ကိုယ့်အသက်ကို ပဓာနမထားပဲ ကယ်တင်မှုတွေလုပ်ပေးပေမဲ့ ဆုတံဆိပ်အချို့က လွှဲလို့ ဘာမှရခဲ့တာမဟုတ်ပါဘူး။ အဲ့ဒီလိုလေးတွေနဲ့ပဲ ချွေးသိပ်ခဲ့ကြရတာပါ။အဲ့လို‌အမေ့ခံသူရဲကောင်းတွေဖြစ်တဲ့ မီးသတ်သမား‌တွေအကြောင်းကို ရိုက်ကူးထားတဲ့ ရုပ်ရှင်များစွာရှိပါတယ်။ အဲ့ဒီထဲမှာမှမင်းသား Joaquin Phoenix ရဲ့ ၂၀၀၄ က ရိုက်ကူးခဲ့တဲ့ Ladder 49 ဆိုတဲ့ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ဗာတီမောမြို့က ဂျက်မော်ရစ်စင် အမည်ရတဲ့ မီးသတ်သမားရဲ့ဘဝကို အခြေတည်ထားပြီး မီးသတ်သမားတွေရဲ့ ဘ‌ဝတွေ လူမှုပြဿနာတွေ သူရဲကောင်းဆန်မှုတွေ ရိုက်ကူးပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဝင်ငွေပိုင်းအရ အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပြီ ကမ္ဘာ့တစ်ဝန်းမှာ သန်းတစ်ရာကျော်ပြန်လည်ရရှိခဲ့ပါတယ်။ File size…(1.77GB)/(1.01GB)/(597MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre...Action /Drama /Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SPK
movie

Ladder 49 (2014)

Poseidon (2006) 5.7
Poseidon (2006) Poseidon (2006)______IMDb - 5.7/10ခုမိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Poseidon ဆိုတဲ့ဇာတ်ကားလေးပါ ။ MS Poseidon ဆိုတဲ့ အပျော်စီးသင်္ဘောဟာ အတ္တလန်တိတ်သမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ပါတယ် ။ ဒီသင်္ဘောပေါ်မှာ အရင်က နယူးရော့ခ်မြို့အုပ်ဟောင်းဖြစ်ခဲ့တဲ့ ရောဘတ်ရယ် ၊ သူ့သမီးဂျနီဖာရယ် ဂျနီဖာရဲ့ကောင်လေးခရစ်ရှန်ရယ် လိုက်ပါလာခဲ့ကြပါတယ် ။ သင်္ဘောပေါ်မှာ နှစ်သစ်ကူးပွဲတော်ကျင်းပနေချိန်မှာ ပင်လယ်ပြင်တစ်နေရာကို ဗဟိုပြုပြီး ငလျင်လှုပ်ရာကနေ ကြီးမားလှတဲ့ ဆူနာမီ လှိုင်းလုံးကြီးကြောင့် သင်္ဘောဟာ တိမ်းမှောက်ခဲ့ရပါတယ် ။ အားလုံးနီးပါးသေဆုံးပြီး အသက်ရှင်ကျန်ရစ်သူ ခြောက်ယောက်ရှိခဲ့ပါတယ် ။ သူတို့ဟာ သူတို့အသက်ဆက်ရှင်နိုင်ဖို့ ဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ ကြိုးစားကြပါတယ် ။ သူတို့တွေ နောက်ဆုံးမှာ အသက်ဆက်ရှင်ကြမလား ၊ ကယ်ဆယ်မယ့်သူတွေနဲ့ရော တွေ့ရပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းကောင်းလေးပါလို့ ညွှန်းပေးချင်ပါတယ် ။ ဒီရုပ်ရှင်မှာ လူသားဆန်မှု ၊ တစ်ကိုယ်ကောင်းဆန်မှုတွေကို တွေ့ရပြီး အသက်နဲ့ မေတ္တာတရား တကယ်တမ်း ယှဉ်ပြိုင်လာတဲ့အခါမှာတော့ .......... (ဘာသာပြန်သူကတော့ ကိုစည်သူထက်ပါ)File Size : (701 MB) Quality : Bluray ...
movie

Poseidon (2006)

2006