Channel Myanmar

Jack Henry

The Horseman (2008) 6.5
The Horseman (2008)  ကြမ်းကြမ်းရမ်းရမ်း R-rated movieတွေကို မျှော်လင့်နေကြတဲ့CMပရိသတ်တို့အတွက် IMDb 6.5ရထားတဲ့ Revenge dramaလေးဖြစ်တဲ့ The Horsemanဆိုတဲ့ရုပ်ရှင်‌လေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီကားလေးထဲမှာတော့ ဆေးလွန်ပြီးဆုံးသွားတဲ့သမီးတစ်ယောက်ရဲ့အဖေဖြစ်သူက သမီးဖြစ်သူသေဆုံးရခြင်းအကြောင်းအရင်းကို စုံစမ်းပြီးတော့ လက်စားချေမှာဖြစ်ပါတယ်။ခရစ်စတီယန်ဟာ သမီးကိုသိပ်ချစ်တဲ့သူတစ်ယောက်၊ မမျှော်လင့်ဘဲရလာခဲ့တဲ့ကလေးဆိုပေမဲ့ အသက်နဲ့ထပ်တူချစ်ရတဲ့သမီးလေးဆိုရင်လည်းမမှားပါဘူး။ ဒီလိုနဲ့ ခရစ်စတီယန်ရဲ့အသဲနှလုံးကို ဆွဲထုတ်မယ့်သတင်းတစ်ခု ရောက်လာပါတော့တယ်။ ဒါကတော့ စက်မှုဇုန်ကလမ်းကြားတစ်ခုမှာ သမီးဖြစ်သူသေဆုံးနေတာကိုတွေ့ရှိရကြောင်း ရဲဘက်ကအကြောင်းကြားလာတာပါ။သေဆုံးရတဲ့အကြောင်းအရင်းက ဘိန်းဖြူအသုံးလွန်ပြီး အန်ဖတ်ဆို့ပြီးအသက်ရှူကြပ်တာဆိုတာရယ်၊ လူတစ်‌ယောက်က အခပေးဖုန်းကနေဆေးရုံကားခေါ်ပေးတယ်ဆိုတာကလွဲလို့ တခြားဘာမှမသိရ ဘာသက်သေမှလည်းမရှိတော့ ခရစ်စတီယန်တစ်ယောက် အရူးမီးဝိုင်းပေါ့။ ဒီလိုနဲ့တစ်နေ့မှာ သမီးဖြစ်သူရဲ့sex tapeကို သူ့ဆီကိုပို့လာတဲ့အခါမှာတော့ညစ်ညမ်းကားရိုက်ကူးရေးကနေ အစဆွဲထုတ်ပြီး သမီးဖြစ်သူသေဆုံးမှုနဲ့ပတ်သက်နေသူမှန်သမျှကို မိုက်မိုက်ကန်းကန်းနဲ့ ဘယ်လိုလက်စားချေမလဲဆိုတာရှုစားကြပါဦး။ File size…2.28 GB/ 1.15 GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 36m Genre ….. Action , Crime ,  Thriller Subtitle….Myanmar Subtitle (Hard ...
movie

The Horseman (2008)