Channel Myanmar

Jack Watkins

Upstream Color(2013) 6.5
Upstream Color(2013)  ဒီနေ့မှာတော့ တွေ့ရခဲတဲ့ ရုပ်ရှင်တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ဒီဇာတ်လမ်းကိုရေးတာ၊ ဒါရိုက်တာလုပ်တာ၊ ထုတ်ဝေတာတွေကိုShane Carruth တစ်ယောက်တည်းက လုပ်ထားတာပါ။ဒါ့အပြင် ဇာတ်လမ်းထဲမှာ Jeff ဆိုတဲ့ ဇာတ်ကောင်ကိုလည်းသရုပ်ဆောင်ထားပါသေးတယ်။ ရုပ်ရှင်ရဲ့ ဘတ်ဂျတ်အနေနဲ့ဒေါ်လာ 5,0000 လောက်ပဲ သုံးထားတယ်လို့လည်း ပြောထားပါတယ်။ဇာတ်လမ်းဇာတ်ကွက်နဲ့ တည်းဖြတ်ထားပုံက ထူးခြားပြီး စိတ်ဝင်စားစရာကောင်းလို့ ခံစားကြည့်လိုက်ကြပါဦးနော်။ ဇာတ်လမ်းထဲက ဇာတ်ဆောင်နှစ်ယောက် Kris နဲ့ Jeff ကို အဖြူရောင်သန်ကောင်တွေက ထိန်းချုပ်ထားတာပါ။ အဖြူရောင် သန်ကောင်တွေရဲ့ဇီဝစက်ဝန်းမှာ လူ-ဝက်-သစ်ခွပင်ဆိုတဲ့ လက်ခံသုံးခုကို ဖြတ်ပြီးရှင်သန်နေကြပါတယ်။ Kris ဆီက ပိုက်ဆံခိုးချင်တဲ့ သူခိုးတစ်ယောက်ကKris ခန္ဓာကိုယ်ထဲကို သန်ကောင်ထည့်ပေးပြီး ထိန်းချုပ်ပါတယ်။သူ့အမေကို ဓားစာခံအဖြစ်အဖမ်းခံရလို့ ပိုက်ဆံနဲ့ရွေးရမယ်ဆိုပြီးပိုက်ဆံတွေ လိမ်ထုတ်သွားတယ်။ Kris ကလည်း သန်ကောင်ကြောင့်အိပ်မွေ့ချခံရပြီး ထိန်းချုပ်ခံထားရပါတယ်။ သတိဝင်သွားလို့ ကြည့်လိုက်တော့သူ့ခြေလက်တွေမှာ သန်ကောင် ဖြတ်သွားနေတာ တွေ့ရပါတယ်။နောက်တော့ သန်ကောင်ကို အသံလှိုင်းနဲ့ ထိန်းချုပ်ပြီး Kris ဝက်ခြံတစ်ခုကိုရောက်သွားပါတယ်။ သူ့ခန္ဓာကိုယ်ထဲက ...
movie

Upstream Color(2013)

The Life of David Gale(2003) 7.5
The Life of David Gale(2003) The Life of David Gale(2003) အညွှန်း*********************************IMDb...7.5"အထက်တရားရုံးက ဒဿနိကဗေဒပါမောက္ခဟောင်းဒေးဗစ်ဂေးလ်အား သောကြာနေ့တွင်ကွပ်မျက်ဖို့ကို ဆိုင်းငံ့မပေးနိုင်ကြောင်း ပယ်ချလိုက်ပါတယ်...ဂေးလ်ဟာ ၁၉၉၄ ခုနှစ်မှာအော်စတင်ကောလိပ်မှလုပ်ဖော်ကိုင်ဘက်ဟောင်းကွန်းစတန့်ဟယ်ရာဝေးကိုမုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့မှုအတွက် ပြစ်ဒဏ်ချမှတ်ခံထားရတာဖြစ်ပါတယ်....အမှုကို တနိုင်ငံလုံးကစိတ်ဝင်စားခဲ့ကြပါတယ်..ဘာလို့လဲဆိုတော့ ဂေးလ်နဲ့ဟယ်သာဝေးက သေဒဏ်ချမှတ်ခြင်းကို ဆန့်ကျင်ခဲ့ကြတဲ့ဖျက်သိမ်းရေးဝါဒီအဖွဲ့အစည်း ဒက်ဝက်ချ်ရဲ့ တက်ကြွလှုပ်ရှားသူတွေဖြစ်ခဲ့ကြလို့ပါပဲ"ဒါကတော့ ရုပ်သံလွှင့်ဌာန သတင်းကြေငြာသူ ပြောသွားတဲ့ စကားတွေပါပဲ...ဒေးဗစ်ဂေးလ်ဟာ ဉာဏ်ကြီးရှင်တစ်ယောက်...အကျိုးပြုစာတမ်းတွေများစွာရေးသားခဲ့သလို တက္ကဆက်ရဲ့ပြင်းထန်လွန်းတဲ့တရားစီရင်မှုတွေကိုလည်း ကန့်ကွက်ခဲ့သူဖြစ်တယ်..ပြီးတော့ သိပ်ချစ်ရတဲ့သားလေးနဲ့မိန်းမကိုလည်းပိုင်ဆိုင်ထားတဲ့သူ...ဒီလိုလူက သူ့ရဲ့လုပ်ဖော်ကိုင်ဘက် ကွန်းစတန့်ဟယ်ရာဝေ ဆိုတဲ့အမျိုးသမီးကို မမုဒိန်းကျင့်သတ်ဖြတ်ခဲ့လို့သူကိုယ်တိုင်သေဒဏ်အမိန့်ချခဲ့ရသူပေါ့...သတင်းကြေငြာခဲ့သလိုပဲ ဆိုင်းငံပေးဖို့ ပယ်ဖျက်ခံရတဲ့သူပေါ့...ဆိုတော့ သူ့အတွက် အချိန်က အတိအကျဆိုရင် သေဒဏ်ပေးခံရဖို့ (၃)ရက်အလို....ဒီလိုအနေအထားမှာ သူဟာ ထူးဆန်းစွာပဲ မီဒီယာလောကမှာနာမည်ကြီးတဲ့သတင်းထောက်ဘစ်ဆီနဲ့ အင်တာဗျူးခံဖို့ လှမ်းခေါ်လိုက်ပါတယ်....သူက တကယ်ပဲအမှူကိုကျူးလွန်ခဲ့တာလား.... ဘာ့ကြောင့် ဒီအမျိုးသမီးကို မှ အင်တာဗျူးဖို့ခေါ်လိုက်တာလဲ...ဒီ(၇၂)နာရီအတွင်းဘာတွေဖြစ်လာမလဲဆိုတာကတော့...ဒီကားမှဦအဓိကသရုပ်ဆောင်ထားတာကတော့ မင်းသားကြီး Kevin Spacey နဲ့ မင်းသမီးKate Winslet ပါဝင်သရုပ်ဆောင်ထားတယ်...Classic ကားတော်တော်များများဟာတကယ်တော့ အထနှေးတယ်လို့ဆိုရမလားပဲ...အစပိုင်း မိနစ်(၄၀)လောက်ထိ စိတ်ရှည်သီးခံပြီးကြည့်ရတာများပါတယ်...သို့ပေမဲ့ ဒီကားက စစချင်းကို စိတ်ဝင်စားစရာတွေအပြည့်နဲ့...Kevin Spacey ...
movie

The Life of David Gale(2003)