Channel Myanmar

Jack Wouterse

Chez Nous (2013) 6.5
Chez Nous (2013) Chez Nous (2013) ============= IMDb Rating - 6.5/10ဘားလေးတစ်ခုရှိတယ် Chez Nous တဲ့။ အဲဒီဘားမှာပဲ အသက် အရွယ်မတူ အလုပ်အကိုင်မတူ genderမတူ sexualityမတူတဲ့ လူခြောက်ယောက်စုမိကြတယ်။ Chez Nous ဆိုတဲ့နာမည်အတိုင်းပဲ အဲဒီဘားက သူတို့အတွက်အိမ်လိုကိုဖြစ်လို့ပေါ့။တစ်နေ့မှာ ခြောက်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့ ဘားပိုင်ရှင် အက်ဂျယ်က ကျန်းမာရေးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အပြင် သူတို့ရဲ့ဆိုင်က ဒေဝါလီခံရတော့မယ်ဆိုတာ ကျန်တဲ့ငါးယောက်က သိသွားကြလေရော။ ဆိုင်ကိုပြန်ဝယ်ဖို့ ပိုက်ဆံမရှိကြတဲ့ ငါးယောက် သားဟာ ကြံကြံစည်စည် ပြတိုက်က စိန်လည်ဆွဲကို ခိုးဖို့လုပ်ကြပါ တော့တယ်။စွန့်စွန့်စားစား ခိုးတဲ့ကားဆိုပေမဲ့ comedyဖြစ်နေတော့ သည်းထိတ် ရင်ဖိုဖြစ်မနေဘဲ ရယ်ရမှာပါ။ ဇာတ်ကွက်တချို့ကို အမ်စတာဒမ်ရဲ့ နာမည်ကြီး Gay Pride ပွဲတော် 2012 Canal Parade အတွင်းမှာ ရိုက်ထားတာဖြစ်တဲ့အတွက် ပွဲတော်ကျင်းပနေပုံတွေကိုလည်း ပျော် ပျော်ကြီး ကြည့်ရမှာပါ။ ဒါပေမဲ့အက်ဂျယ်ကလွဲလို့ ကျန်တဲ့ငါးယောက်မှာ အဖြောင့်နေနေ အကွေးနေနေ အတွဲကိုယ်စီတွေနဲ့ ဖြစ်တဲ့အတွက် FAသမားတွေကြည့်မိရင် ရည်းစားလိုချင်သွားပါလိမ့်မယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(1.93 GB) / (828 MB) ...
movie

Chez Nous (2013)

2013
Moloch (2022) 6.1
Moloch (2022) Moloch (2022) =========== IMDb Rating - 6.1/10သည်းထိပ်ရင်ဖို ဒဏ္ဍာရီပုံပြင်ဆန်ဆန် ခြောက်ခြားဖွယ်ကောင်းတဲ့ ကားကိုရှာနေရင်တော့ ဒီကားလေးကိုညွှန်းပါရစေနော်။ နယ်သာလန် မြောက်ပိုင်းဒေသတစ်ခုရဲ့ ဒဏ္ဍာရီကိုအခြေခံပြီးရိုက်ကူးထားတဲ့ ကားလေးတစ်ကားပါဗျ ။ဘီထရက်မိသားစုက ကျိန်စာသင့်နေတယ်ဆိုပြီးတစ်ရွာလုံးက သတ်မှတ်ထားကြပါတယ် ။ အဘွားကလည်း အသတ်ခံရပြီးတော့ အဖေကလည်းစိတ်မနှံ့သူပါ။ အမေကလည်း ညဘက်ဆိုအိမ်မက်ဆိုးတွေ မက်လွန်းလို့ ဆရာဝန်နဲ့ပြသနေရပါတယ် ။ ဘီထရက်ရဲ့ခင်ပွန်းဖြစ်သူကလည်း ဆုံးပါးသွားတာမို့ သမီးဖြစ်သူနဲ့အတူ မိဘအိမ်မှာ အတူတူပြန်နေနေပါတယ်။ နောက်တစ်ခုက နုန်းမြေအကွက်ကြီးထဲမှာ အလောင်းတစ်လောင်းကိုတူးမိရာ ကနေ ဘူမိဗေဒတစ်ဖွဲ့ကြီးရောက်ချလာပါတော့တယ်။ အလောင်းတွေကိုတွေ့ရတာ အခုဆိုရှစ်လောင်းထိရှိလာပြီးတော့ အကုန်လုံးက အမျိုးသမီးတွေဖြစ်နေပြီး သေဆုံးရတဲ့အကြောင်းရင်းကလည်း တူညီပါတယ်။ အဲ့ဒီနုန်းမြေနဲ့အနီးဆုံး နေထိုင်တဲ့သူကတော့ ဘီထရက်ပေါ့ ။ခြောက်လှန့်ခြင်းများစွာနဲ့ ထိတ်လန့်နေရင်း သူစိမ်းတစ်ယောက် ဘီထရက်အိမ်ထဲ ဝင်လာပြီး သူတို့ကိုလာသတ်ပါတော့တယ်။ ဘာလို့သတ်ရတာလဲ ဘာကြောင့်လဲ သူတို့မိသားစုရဲ့ကျိန်စာကရော ယုံတမ်းစကားလား တကယ်လားဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.34 GB) / (425 MB) / (295 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 39mins Subtitle...........Myanmar ...
movie

Moloch (2022)

2022