Channel Myanmar

Jackée Harry

Million Dollar Lethal Listing (2024)
Million Dollar Lethal Listing (2024)  Ton နဲ့ Becca တို့ကလက်ထပ်ဖို့အတွက်ပြင်ဆင်နေကြပြီး စေ့စပ်ထားတဲ့သူ၂ယောက်ပါ၊သူတို့၂ယောက်ကလက်ထပ်ပြီးရင်နေဖို့အတွက် အိမ်တလုံးဝယ်အတွက်ရည်ရွယ်ထားကြပြီး အေးချမ်းနေတဲ့သူတို့၂ယောက်ဘဝကလည်း သူတို့ရည်ရွယ်ထားတဲ့အိမ်ကိုဝယ်ယူရာမှာပဲ စပြီးပြောင်းလဲလာခဲ့ပါတယ်၊သူတို့စိတ်ကြိုက်အိမ်တလုံးကိုဝယ်ယူရာမှာပဲ ငွေကြေးလိမ်လည်ခံလိုက်ရပါတယ်၊အဲ့နောက်မှာ ခင်ပွန်းလောင်းဖြစ်သူ Tom တယောက်အမူအရာတွေစပြောင်းလာတာကို Becs တယောက် မသင်္ကာရာကနေ ကိုယ်တိုင်စုံစမ်းရာကနေမှ မထင်မှတ်ထားတာတွေကြုံလာရပါတော့တယ်၊ဇာတ်ကားက အစပိုင်းမှာပျင်းစရာကောင်းတယ်လို့ထင်ရပေမယ့် Tom တယောက်ကကောဘာတွေလုပ်ထားတာလဲလဲ၊ငွေတွေကိုကော ဘယ်သူကလိမ်သွားတာလဲ၊Becs ကကောဘာတွေကိုသိလိုက်ရတာလဲ စသည်ဖြင့်အဖြေတွေတခုပြီးတခုပေါ်လာတာမို့ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားမယ့်ဇာတ်လမ်းလေးဖြစ်တာမို့ ဆက်ဆက်ကြည့်သင့်တဲ့ဇာတ်ကားလေးတကားပါ File size…(1.5 GB)/(729 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama, Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw
movie

Million Dollar Lethal Listing (2024)

The Search for Secret Santa (2022) 5.7
The Search for Secret Santa (2022)   “လျှို့ဝှက်ဆန်တာရှာပုံတော်”ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

The Search for Secret Santa (2022)

Every Breath She Takes (2023) 5.6
Every Breath She Takes (2023) Every Breath She Takes (2023) =======================Jules က သူ့ယောကျ်ား Billy ရဲ့ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှု တွေကို ခံခဲ့ရပြီး နှစ်အတော်ကြာမှာ သူတို့အိမ်မီးလောင်မှု တစ်ခု ဖြစ်ခဲ့ပါတယ်။ Billy က Julesကို သတ်ဖို့ကြိုးစားခဲ့ ပေမဲ့ Jules မီးလောင်နေစဥ် လွတ်မြောက်သွားခဲ့ပြီး Billy ကတော့ မီးထဲမှာ ဆုံးသွားခဲ့တယ်။ဒီလိုနဲ့ Jules အတွက် Billy ရဲ့ ထိန်းချုပ်မှု၊ အကြမ်းဖက်တွေ အားလုံးက လွတ်ပြီလို့ ထင်ခဲ့ပေမဲ့ အဲဒါတင်မပြီးသေးပါဘူး။ Jules စိတ်ပိုင်းဆိုင်ရာ ဇဝေဇဝါ ဒုက္ခတွေ ကြုံခဲ့ရပြီး နောက် ဆုံးတော့ သေဆုံးသွားတဲ့ ယောကျ်ား Billyကို မကြာခဏ ပြန် မြင်လာရပါတယ်။ လူတွေအားလုံးထင်သလို Jules တကယ်ပဲ ရူးသွားတာလား Billyကို ပြန်မြင်ယောင်နေတာ ဘာကြောင့်လဲ ဆိုတာကိုတော့ ဒီ Drama & Thriller ကားမှာ သည်းထိတ် ရင်ဖိုစရာကောင်းအောင် ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo ...
movie

Every Breath She Takes (2023)

2023
Killer Design (2022) 4.7
Killer Design (2022) Killer Design (2022) ===============“ခြေနှစ်ချောင်း မကယ်ကောင်း” ဆိုတဲ့ဆိုရိုးစကားတစ်ခု ကြားဖူးကြ မှာပေါ့။ ကယ်လိုက်တဲ့ ခြေနှစ်ချောင်းက ကိုယ့်ကိုပြန်ဒုက္ခပေးမိတာလည်း ဒုနဲ့ဒေးပေါ့။ အဲ့ဒီလိုပုံစံကို ရင်သပ်ရှုမောဖွယ်ဖြစ်အောင် လှလှပပလေး ဒီကားလေးမှာရိုက်ကူးထားပါတယ်။ဂျိုဒီ့ကိုဓါးပြတိုက်တာကို ဝင်ဒီကဝယ်ကယ်ရင်းနဲ့ သူတို့နှစ်ယောက်စတင် သိကျွမ်းခဲ့ပါတယ်။ “လူတစ်ယောက်ရဲ့ဘဝကို တစ်ခါကယ်ပြီးရင် တစ်သက် လုံးတာဝန်ယူရတယ်”တဲ့... အဲ့ဒီစကားပုံကိုလက်ကိုင်ထားပြီး ဝင်ဒီတစ်ယောက် ဂျိုဒီကိုအဖက်ဖက်ကနေ ကူညီပေးခဲ့ပါတယ်။ ဂျိုဒီကလည်း ကျေးဇူးပြန်ဆပ်တဲ့ အနေနဲ့ အလုပ်လည်းပေးခဲ့တဲ့အပြင် နေစရာလည်းရှာပေးခဲ့ပါတယ်။ဝင်ဒီကာကွယ်ပေးချင်တဲ့ ဂျိုဒီရဲ့သတို့သားလောင်းက ဖောက်ပြန်နေတာရယ်၊ ဂျိုဒီ့ရဲ့သူငယ်ချင်းက ပေါ့ပေါ့ပါးပါးနေတတ်သူမို့ ဂျိုဒီ့အတွက်ကောင်းကျိုးမပေး နိုင်ဘူးဆိုတာ သိသွားတဲ့အခါ... ဝင်ဒီက ဂျိုဒီ့ကိုဘယ်လိုကာကွယ်ပေးမလဲ ? ဂျိုဒီက ဝင်ဒီ့ကိုကယ်ခဲ့တာလား ? ဝင်ဒီက ဂျိုဒီ့ကိုကယ်ခဲ့တာလားဆိုတာတွေကို လှည့်ကွက်တွေနဲ့ကြည့်ရမှာမို့  တင်ဆက်ပေးလိုက်ပါပြီ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်)File Size..........(1.44 GB) / (464 MB) / (291 MB) Quality............WEB-DL 1080p /  720p / 480p Duration.........1Hr 30mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Jo Jo Va Encoder..........SWM 
movie

Killer Design (2022)

2022