Channel Myanmar

Jackie Marin

Skyline (2010)
Skyline (2010)  ဒီကားလေးကတော့ Survival ကားမျိုးလေးပါ ဒါပေမဲ့ သူတို့ရင်ဆိုင်ရမှာက ဒီကမ္ဘာပေါ်က သားရဲတွေ ဇွန်ဘီတွေမဟုတ်ဘဲ အဲ့တာတွေထပ်ပိုဆိုးတဲ့ အခြားကမ္ဘာက ဂြိုဟ်ကောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမှာဖြစ်လို့ ပိုပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ်ဇာတ်လမ်းလေးကတော့ ဂျယ်ရော့ဒ်နဲ့အယ်လိန်းတို့ချစ်သူနှစ်ဦးဟာ ဂျယ်ရော့ဒ်ရဲ့သူငယ်ချင်းဖြစ်သူ တယ်ရီရဲ့မွေးနေ့ပွဲကိုတက်ရောက်ဖို့ ကယ်လီဖိုးနီးယားပြည်နယ်ကိုလာခဲ့ကြပါတယ် ကံဆိုးစွာနဲ့ပဲ အဲ့ညမှာ ထူးဆန်းတဲ့အလင်းတွေကြောင့် ဂျယ်ရော့ဒ်တို့နိုးသွားကြပြီး ထကြည့်ကြတဲ့အခါ အဲ့အလင်းကိုမြင်တဲ့သူတွေတိုင်းဟာ စိတ်လွတ်ပြီး အဲ့အလင်းထုတ်တဲ့သတ္တဝါကြီးတွေရဲ့ထိန်းချုပ်မှုကိုခံလိုက်ရတယ်ဆိုတာ သိလိုက်ကြတယ်ထိုအလင်းကြီးကိုမမြင်မိဖို့ ပြတင်းပေါက်တွေကို အိပ်ရာခင်းတွေနဲ့ကာကြရတယ် အပြင်ကိုလည်းထွက်လို့မရဘဲ အဲ့တိုက်မှာပဲ ဂျယ်ရော့ဒ်တို့လူတစ်စုပိတ်မိနေတော့တယ် နောက်တော့ ပိုဆိုးလာပြီး အဲ့ဂြိုဟ်သားတွေဟာ ပြတင်းပေါက်တွေကိုပါဖွင့်ပြီးဝင်လာကြတဲ့အခါ သူတို့ဘယ်လိုလွတ်မြောက်အောင်ကြိုးစားရမလဲဆိုတာ စိတ်လှုပ်ရှားစရာကြည့်ရှုရမှာဖြစ်ပါတယ် File size…(1.5 GB)/(840 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Adventure, Thriller, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie

Skyline (2010)

Fronteras(2018) 4.5
Fronteras(2018) Fronteras(2018)အဓိက ဇာတ်ကောင် ဖြစ်တဲ့ ရေးစ်ဟာ အမေရိကန်-မက်စီကန် နယ်စပ်မှာ စောင့်ရတဲ့ အေဂျင့် တဦးပဲ ဖြစ်ပါတယ်.သူက မက်စီကို ဇာတိဖြစ်ပေမယ့် အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူပဲ ဖြစ်ပါတယ်.သူဟာ ရိုးသာ‌ဖြောင့်မတ်ပြီး တိုက်ရည်ခိုက်ရည်ရှိတာကြောင့် မက်စီကို ဘိန်းရာဇာကို တိုက်ခိုက်ဖို့ ဖွဲ့စည်းထားတဲ့ အိုင်ဗန် ဦးဆောင်တဲ့အထူးတပ်ဖွဲ့မှာ ပါ၀င်လှုပ်ရှားခွင့် ရခဲ့ပါတယ်.အထူးတပ်ဖွဲ့ ‌ခေါင်းဆောင် အိုင်ဗန်ဟာ အရမ်းကို မျိုးချစ်စိတ် ပြင်းထန်ပြီး အလုပ်လုပ်ရမှာ ရက်စက်တယ်ဆိုပြီး နာမည်ကြီးလှပါတယ်.ရိုးသားဖြောင့်မတ်ပြီး သနားကြင်နာတတ်တဲ့‌ ရေးစ်နဲ့ ရက်စက်ပြီး တိကျတဲ့ အိုင်ဗန်တို့ နှစ်ဦးတွေ့တဲ့အခါမှာတော့မလိုလားအပ်တဲ့ ပြဿနာတွေ၊ ခံစားမှုရသတွေ၊ အမေရိကန်နဲ့ မက်စီကို နယ်စပ်ကြားကပြဿနာတွေကို စိတ်၀င်စားဖွယ် ရိုက်ပြထားတာကြောင့် dramaနဲ့ နိုင်ငံရေးပြဿနာတွေကို စိတ်၀င်စားသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေး တကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်....File Size : (900 MB) ...
movie

Fronteras(2018)