Channel Myanmar

Jackie Moore

Alabama Rose (2022)
Alabama Rose (2022) IMDb – 4.5/10 ခင်ပွန်းဖြစ်သူ သေဆုံးပြီး ကြေကွဲနေဆဲဖြစ်တဲ့ မယ်ရီဟာ ကိုယ့်ဘဝကိုယ်ရှေ့ဆက်ဖို့ကြိုးစားနေတာပါ အဲလိုနဲ့ သူငယ်ချင်းကအတင်းတိုက်တွန်းရင်း မော်ဒဲလ်စလုပ်ဖြစ်နေတဲ့ မယ်ရီဟာ အိမ်ရောက်သွားရင် သူ့ကိုတစ်ယောက်ယောက် စောင့်ကြည့်နေသလို့ခံစားနေရပါတယ်။ ရဲတွေဆီလည်း ဖုန်းဆက်လွန်းလို့ ရဲစခန်းတောင် သူ့ဖုန်းဆိုရင်မကိုင်တော့ပါဘူး။ အဲလိုမယ်ရီဟာ တစ်နေ့မှာတော့ ခရီးသွားဓါတ်ပုံဆရာတစ်ယောက်နဲ့တွေ့ဆုံရင်း တစ်ဖန်ပြန်ပြီးသူ့ဘဝကို ရှေ့ဆက်နိုင်မလား… သူစောင့်ကြည့်နေသလိုခံစားနေရတာကရော တကယ်ပဲတစ်ယောက်ယောက်ရှိနေလို့လား သူ့စိတ်ကပဲထင်နေတာလားဆိုတာ စောင့်မျှော်ကြည့်ရှုရမဲ့ Thriller/Mystery အမျိုးအစား ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.3 GB)/(620 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho
movie

Alabama Rose (2022)

Vendetta (2022) 3.5
Vendetta (2022) ဆရာကြီး ဘရုစ်ဝီလီရဲ့ Vendettaဆိုတဲ့ အက်ရှင် ဇာတ်ကားသစ် ထွက်ရှိလာပြန်ပါပြီ၊ ဒီဇာတ်ကားထဲမှာ​တော့ ဇာတ်လိုက်မဟုတ်တဲ့ ဗီလိန်အ​နေနဲ့ ​တွေ့ရမှာဆို​တော့ တမျိုးဆန်းတာ​ပေါ့၊ ဒါတင်မကဘဲ မိုက်တိုင်ဆန်ဆိုတဲ့ လက်သီးချင်းမနိုင်လို့ သူများနားရွက်​ပြေးဟပ် တဲ့ လူကြမ်းလက်​​ဝှေ့သမားကြီးလည်း ပါဝင်ထားပါ​သေးတယ်။  အညွှန်းက​တော့ ဝီလီယမ်ဒန်ကန်ဆိုတဲ့ စစ်မှုထမ်း​ဟောင်းကြီးဟာ မိသားစုနဲ့အတူ သာယာ​ပျော်ရွှင်တဲ့ ဘဝ​လေးကိုဖြတ်သန်း​နေရင်း တစ်​နေ့မှာ​တော့ ကံဆိုးစွာပဲ သမီးဖြစ်သူ ကက်သရင်းဟာ ​ဒေသခံ Fetterလူမိုက်ဂိုဏ်းရဲ့ လက်ချက်နဲ့ ​သေဆုံးသွားပါတယ်၊ ဒန်ကန် အ​နေနဲ့ တရားခံကို လက်ရဖမ်းမိခဲ့​ပေမယ့် မျက်မြင်သက်​သေမရှိ ဓါတ်ပုံနဲ့ စီစီတီဗွီ​တွေလည်းမရှိလို့ တရား​သေလွတ်သွားခဲ့ပါတယ်။  သမီးဖြစ်သူကို သတ်သွားတဲ့သူကို ဥပ​​ဒေအရ စီရင်လို့မရတဲ့အဆုံး ဒန်ကန်တစ်​ယောက် ဥပ​ဒေပြင်ပက​နေ သူကိုယ်တိုင်ပဲ လက်တုံ့ပြန် ခဲ့ပါတယ်၊ ဒါ​ပေမဲ့ တရားခံက Fetter ဂိုဏ်းချုပ်ရဲ့ သားဖြစ်​နေလို့ Fetter ဂိုဏ်းကလည်း ဒန်ကန်ကို လက်စား​ချေဖို့အတွက် ကြိုးစား လာရင်း ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် လက်စား​ချေပွဲ ဆင်နွှဲကြ ပါ​တော့တယ်။File size…1.4GB / 647MB Quality… 1080p WEBRIP AAC5.1CH/ 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Vendetta (2022)

2022
My Blueberry Nights (2007) 6.6
My Blueberry Nights (2007)  My Blueberry Nights ================ IMDb - 6.6 but A Wong Kar Wai's Filmပွတ်ချွန်းလိပ်သောက်ရတာကြိုက်တဲ့ လူငယ်လေးတစ်‌ယောက်မှာ အိပ်မက်‌တွေအများကြီးရှိခဲ့တယ်။ အများအားဖြင့်တော့ သံတူစာတူကြောင်းကွဲဖြစ်တဲ့ အိပ်မက်နဲ့ အိပ်မက်ဟာ တကယ်တမ်းမထူးလှပါဘူး။ တစ်ခုကရောက်အောင်သွားရပြီး တစ်ခုက ရောက်လာတာ စောင့်ဆိုင်းရပေမဲ့ ဒီစကားလုံးနှစ်လုံးစလုံးဟာ အခိုးအငွေ့ဆန်တယ်။ ဦးဆုံးကတော့ သူဟာ အောင်မြင်မှုဆိုတဲ့ အိပ်မက်နောက်လိုက်ခဲ့တာပဲ။ အဆုံးသတ်မှာ ချစ်ခြင်းဆိုတဲ့ အိပ်မက်ကလေးကို သူစောင့်စားခဲ့တယ်။ ချစ်ခြင်း နောက်ကို လိုက်လို့မရဘူးလားဆိုတဲ့ အမေးတော့ ရှိမှာပဲ။ လိုက်ကြည့်ပါလေ။ စောင့်ဆိုင်းရတဲ့အရာမှန်း မသိခင် တစ်ကြိမ်တစ်ခါတော့ ချစ်ခြင်းနောက်ကို အားလုံး လိုက်ခဲ့ကြဖူးမှာပဲ။ အိပ်မက်ကလေး ပြန်အလာကို လူငယ်ကလေးဟာ စားသောက်ဆိုင် ကလေးဖွင့်ပြီး စောင့်စားခဲ့တယ်ပေါ့။ လမ်းပျောက် လူချင်းကွဲသွားကြတဲ့အခါ သူပြန်လာရှာတဲ့အခါကို ရပ်စောင့်နေခြင်းဟာ အကောင်းဆုံးအရာလို့ သူမှတ်ယူခဲ့တယ်။ ဆိုင်ကလေးရဲ့ ညတွေအဆုံးမှာ ချိစ်ကိတ်တွေ ပန်းသီးပိုင့်မုန့်တွေဟာအမြဲ အကုန် ကုန်သွားတယ်။ချောကလက်ကိတ်ဆို ကုန်လုနီးပါးပဲ။ ဒါပေမဲ့ ဘလူးဘယ်ရီပိုင့်မုန့်တွေက အရာမယွင်းပဲ အမြဲကျန် နေတတ်တယ်။ ဒီတော့ ဘလူးဘယ်ရီ ...
movie

My Blueberry Nights (2007)