Channel Myanmar

Jackson Bond

The Invasion (2007) 5.9
The Invasion (2007) The Invasion (2007) ================ IMDb Rating - 5.9/10မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Body Snatchers နဲ့ဝတ္ထု တစ်ပုဒ်ထဲကိုအခြေခံတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဇာတ်ကားမှာတော့ ကျောရိုးတစ်ခုကိုသာယူထားတာဖြစ်ပြီး ခေတ် အခြေအနေနဲ့ကိုက်ညီအောင် မွမ်းမံမှုတွေဖြည့်စွက်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတဲ့အတွက် ဆန်းသစ်တဲ့ခံစားချက်ကိုရရှိစေမှာပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့ အာကာသလွန်းပျံယာဉ်တစ်စီးကမ္ဘာမြေ ပေါ်ကိုပျက်ကျပြီးတဲ့နောက် အသိဉာဏ်ရှိတဲ့ ဂြိုလ်သားသက်ရှိပုံစံ တစ်ခုကို အပျက်အစီးတွေနဲ့မလှမ်းမကမ်းမှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ လွန်းပျံယာဉ်ပျက်ကျမှုကိုသွားရောက်စုံစမ်းခဲ့တဲ့ CDC ဌာနအကြီးအကဲ Tucker Kaufman ကို အဲ့ဒီ ဂြိုလ်သားဇီဝရုပ်က ပထမဆုံးပူးကပ်ထိန်း ချုပ်သွားခဲ့ပေမယ့် ဘယ်သူမှမသိလိုက်ကြပါဘူး။မကြာခင်မှာပဲ တပ်ကာရဲ့ဇနီးဟောင်းစိတ်ကုဆရာဝန် Carol Bennell ဟာ သူ့လူနာတစ်ဦးကတစ်ဆင့် ပတ်ဝန်းကျင်မှာရှိတဲ့လူပုဂ္ဂိုလ်တစ်ချို့ရဲ့ ပြောင်းလဲမှုတွေကို စတင်သတိထားမိစပြုလာခဲ့ပါတယ်။အဲ့ဒီအချိန်တွေ အတွင်းမှာပဲ ဂြိုလ်သားဇီဝရုပ်ဟာ တိုင်းပြည်ရဲ့အရေးကြီးပုဂ္ဂိုလ်တွေအ ပါအဝင် လူအတော်များများကိုလျင်မြန်စွာပူးကပ်ကူးစက်နေပြီး ကမ္ဘာကြီး တစ်ခုလုံးကိုသိမ်းပိုက်အုပ်စိုးမိဖို့အချိန်တစ်ခုသာ လိုပါတော့တယ်။Nicole Kidman နဲ့ Daniel Craig (James Bond) တို့လိုထိပ်တန်းသရုပ် ဆောင်တွေ ခေါင်းဆောင်ပါဝင်ထားပြီး မူရင်းဇာတ်ကားထက်မလျော့တဲ့ ထူးခြားဆန်းသစ်တဲ့ science fiction horror ကားကောင်းတစ်ကားပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.99 GB) / (826 MB) Quality............WEB-DL 1080p / ...
movie

The Invasion (2007)

2007
Memorial Day (2012) 6.1
Memorial Day (2012) Memorial Day (2012)================IMDb Rating - 6.1/10ဒီဇာတ်ကားဟာ ပစ်တယ်၊ ခတ်တယ်၊ လူတွေ သေတယ်ဆိုတဲ့သာမန်ရိုးကျ စစ်ကားတစ်ကားမဟုတ်ပါဘူး။ စစ်ပွဲ တစ်ပွဲမှာပါဝင်ဆင်နွှဲခဲ့ကြပြီး စစ်ပြန် စစ်သားဟောင်းတွေရဲ့ နောက်ကွယ်ကခံစားချက်တွေကို ‌ဖော်ပြပေးနေတဲ့ စစ်ပွဲနောက်ခံပြု ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ အီရတ်မှာ တာဝန်ထမ်း‌ဆောင်နေတဲ့ ဆာဂျင် ကိုင်းလ် ဗိုဂယ်ဟာစစ်ဆင်ရေးလုပ်ဆောင်ရင်း အမှတ်တရပစ္စည်းတွေ စုဆောင်းတတ်သူတစ်ယောက်ပါ။ တစ်နေ့မှာ စစ်ဆင်‌ရေးလုပ်ဆောင်ရင်း ကိုင်းလ်တစ်ယောက် ဒဏ်ရာရပြီး ဆေးရုံတက်လိုက်ရပါတော့တယ်။ဆေးရုံတက်ရင်း အဘိုးဖြစ်သူပြောပြခဲ့တဲ့ ဇာတ်လမ်းများကိုပြန်ပြောင်းပြောဖို့ ဖြစ်လာပါတော့တယ်။ ကိုင်းလ်ရဲ့ အဘိုးဖြစ်သူ ဘက်တ်ဗိုဂယ်ဟာ ဒုတိယကမ္ဘာစစ်မှာတိုက်ပွဲဝင်ခဲ့တဲ့ စစ်သားဟောင်းကြီး တစ်ယောက်ပါ။ ဘက်တ်ဟာစစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို ဘယ်သူ့ကိုမှပြန်မပြောဘဲအမှတ်တရပစ္စည်းများကိုသာ သိမ်းထားပါတယ်။ ကိုင်းလ် ငယ်စဥ်က တူတူပုန်းတမ်းကစားရင်း အဘိုးရဲ့ ပစ္စည်းတွေ သိမ်းထားတဲ့သေတ္တာကြီးကို တွေ့သွားပါတော့တယ်။ ထိုသေတ္တာကြီးကို တွေ့ရာမှအဘိုးဖြစ်သူရဲ့ လျှို့ဝှက်ထားတဲ့ စစ်ပွဲအတွင်း အဖြစ်အပျက်တွေကိုကိုင်းလ် နားဆင်ရပါတော့တယ်။  စစ်ပွဲဆိုတာ ခေတ်သာ ပြောင်းသွားတယ် အဖြစ်အပျက်တွေက ...
movie

Memorial Day (2012)

2012