Channel Myanmar

Jackson Reid

Shazam! (2019) 7.5
Shazam! (2019) DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်.....DCEU ရုပ်ရှင်အားလုံးကို ဒီမှာ ...
movie

Shazam! (2019)

2019
4K HEVC
Snoopy Presents: Welcome Home, Franklin (2024) 7.3
Snoopy Presents: Welcome Home, Franklin (2024)  နာမည်ကျော် ကာတွန်းစီးရီးတစ်ခုဖြစ်တဲ့ Peanuts ရဲ့အသစ်ထွက်လာတဲ့ Spin-off ဇာတ်လမ်းတိုလေးတင်ဆက်ပေးချင်ပါတယ်ဗျာ။Snoopy ခွေးလေးတို့ Charlie Brown တို့က ပုံမှန်ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမှာတော့ သူတို့ Peanutဂိုဏ်းထဲကို Franklin တစ်ယောက် ဘယ်လိုရောက်ရှိလာတယ်ဆိုတာကို ဦးစားပေး ပြသထားတာပါ။ Franklin ရဲ့ဖခင်ဖြစ်သူဟာစစ်တပ်တာဝန်ထမ်းဆောင်သူ ဖြစ်တဲ့အလျောက် နေရာပေါင်းစုံကိုရွှေ့ပြောင်းနေထိုင်ရသူ ဖြစ်ပါတယ်။ ဒီတော့ Franklinလေးတစ်ယောက် ရောက်လေရာမှာ သူငယ်ချင်းသစ်တွေခက်ခက်ခဲခဲ ရှာရတယ် ပြီးရင်လည်း နှုတ်ဆက်ခဲ့ရပြန်ရော…ဒီလိုနဲ့ သံသရာ လည်နေခဲ့ပြီး ဒီဘဝကို စိတ်ကုန်နေတာပေါ့။တစ်ရက်ကျ Snoopy တို့ ရှိတဲ့မြို့လေးကို ရောက်လာတော့ထုံးစံအတိုင်း Franklin တစ်ယောက် သူငယ်ချင်းရှာဖွေရေးနည်းလမ်းစာအုပ်နဲ့ ပတ်ပြီး မိတ်ဆွေဖွဲ့ခဲ့ရမှာ ကံကောင်းခြင်းမရှိခဲ့ပါဘူး။ ဒီအချိန်မှာ သူတို့မြို့လေးထဲ ဆပ်ပြာပုံးကားပြိုင်ပွဲလေးကျင်းပမယ် တွဲဖက်တစ်ယောက်ရှာရမယ်ဆိုတော့ Franklinတစ်ယောက် ကျန်တဲ့လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်အောင်သူများတွေက ဝိုင်းပယ်ထားတဲ့ Charlie နဲ့ အတူတူဒီ ကားပြိုင်ပွဲလေးကို အနိုင်ရအောင် ဘယ်လိုကြိုးစားသွားမလဲဆိုတာ ...
movie

Snoopy Presents: Welcome Home, Franklin (2024)

Snoopy Presents: One-of-a-Kind Marcie (2023) 7.4
Snoopy Presents: One-of-a-Kind Marcie (2023) Snoopy Presents: One-of-a-Kind Marcie က August လ 18 ရက်နေ့ကမှထွက်ရှိထားတဲ့ 39 မိနစ်စာ short movie လေးဖြစ်ပြီး messenger မှာ လူတိုင်းချစ်တဲ့ခွေးကလေး Snoopy ရဲ့ comedy series ဖြစ်တဲ့ The Snoopy Show ရဲ့ Spin-off story ဖြစ်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ ဒီ movie ရဲ့ အဓိကဇာတ်လိုက်က မာစီလို့ခေါ်တဲ့ introvert ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ ဉာဏ်ကောင်းပြီး ပြဿနာဖြေရှင်းနိုင်မှုအားကောင်းတဲ့ မာစီဟာ လူတွေကိုကူညီချင်ပေမဲ့ လူကြောက်တတ်တဲ့သူ့ရဲ့ပင်ကိုစရိုက်ကြောင့် တခြားသူတွေကိုကူညီဖို့ သူ့ခရီးလမ်းဟာ ခရီးမတွင်ဘဲ‌ဖြစ်နေရပါတယ်။ ဒါကိုကိုင်တွယ်နိုင်ဖို့ မာစီတစ်ယောက်ဘယ်လိုကြိုးစားမလဲ၊ ဒီဇာတ်လမ်းရဲ့ main theme ဖြစ်တဲ့ ဂေါက်ရိုက်ချန်ပီယံရှစ်ပြိုင်ပွဲမှာ သူငယ်ချင်းပက်ထရစ်ရှာချန်ပီယံဖြစ်ဖို့ မာစီဘယ်လိုတွေကူညီသွားမလဲဆိုတာ တွေ့မြင်ရမှာပါ။ IMDB rating အနေနဲ့ 7.4 အထိရရှိထားပြီး ...
movie

Snoopy Presents: One-of-a-Kind Marcie (2023)

8-Bit Christmas (2021) 6.8
8-Bit Christmas (2021) ခရစ်စမတ်ကာလအတွက် အခွီကားလေးတစ်ကားဖြစ်ပါတယ်သမီးဖြစ်သူက ဖုန်းဝယ်ပေးဖို့နားပူနားဆာလုပ်တာကို ခံနေရတဲ့ဂျိတ်ဒွိုင်းဟာ သူငယ်ငယ်က Nintendo ဂိမ်းစက်ကိုထုတ်ပြရင်း ဂိမ်းစက်ကိုရဖို့ ခက်ခက်ခဲခဲကြိုးပမ်းခဲ့ရပုံ စွန့်စားခန်းတွေကြုံတွေ့ခဲ့ရပုံကို ပြောပြဖို့ဖြစ်လာပါတယ်။ပထမဆုံး Nintendo ခေတ်စားခါစ ၁၉၈၀ခုနှစ်နောက်ပိုင်းကာလမှာ ဂျိတ်ဒွိုင်းဟာ ဂိမ်းတစ်ခါဆော့ရဖို့ သူဌေးသားတင်မီကင်းန်ရဲ့အိမ်မှာ အတန်းဖော်တွေနဲ့အတူ တန်းစီစောင့်ရတဲ့အ​ခြေအနေပါ။ တစ်နေ့မှာ အဲ့ဒုက္ခတွေကိုမခံနိုင်တော့တဲ့အဆုံး ဂျိတ်တစ်ယောက် ကိုယ်ပိုင်ဂိမ်းစက်ဝယ်နိုင်အောင်လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂျိတ်ရဲ့မိဘတွေကို ပူဆာလို့မရတဲ့အခါ ကင်းထောက်လူငယ်ကျောင်းသားပြိုင်ပွဲမှာ ပထမဆု Nintendo ဆုချမယ်လို့ သိခဲ့ပြီး အခွင့်အရေးကိုလက်လွှတ်မခံပဲ အိမ်မက်အကောင်အထည်ဖော်ဖို့ အစီအစဥ်ချပါတော့တယ်။ခရစ်စမတ်ဇာတ်လမ်းဆိုတဲ့အတိုင်း မိသားစုနဲ့ကြည့်ဖို့အသင့်တော်ဆုံးဖြစ်ပြီး အဓိပ္ပါယ်ပြည့်ဝတဲ့သင်ခန်းစာတွေပါတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ငယ်ငယ်ကကြုံခဲ့ရတာတွေ ပြန်မြင်ယောင်ပြီး ခွီစေရမှာဖြစ်တဲ့အပြင် Nintendo ပရိတ်သတ်ဆိုရင် ပိုပြီးတောင်ကြည့်သင့်ပါတယ်လို့ ပြောလိုက်ပါရစေ။ File size…(1.8 GB) / (900 Mb) Quality….Webrip 1080p / 720p  Format…mp4 Duration….01:37:00 Genre...Comedy, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T Nyein  
movie

8-Bit Christmas (2021)