Channel Myanmar

Jackson Trent

Running the Bases (2022) 5
Running the Bases (2022) Running the Bases (2022)ငယ်စဉ်ကတည်းက ​ဘေ့စ်​ဘောကစားနည်းကို ဝါသနာကြီးသလို ကစားတာလည်းထူးချွန်တဲ့ ​ဂျော့ရှ်နဲ့လုခ်ဆိုပြီး ညီအစ်ကို၂​ယောက် ရှိရာ ကံမ​ကောင်းစွာပဲ အစ်ကိုဖြစ်သူ ​ဂျော့ရှ်က နှလုံးအားနည်းတဲ့ ​ရောဂါ​ကြောင့် ကွင်းထဲမှာပဲ ရုတ်တရက်​သေသွားသလို ညီဖြစ်သူ လုခ်လည်း အလားတူ​ရောဂါမျိုးဆေးစစ်​တွေ့ရှိခဲ့လို့ ဝါသနာကြီးတဲ့ ​ဘေ့စ်​ဘောကစားခြင်းကို စွန့်လွှတ်လိုက်ရပါတယ်။ဒါ​ပေမဲ့တစ်​နေ့မှာ သူချစ်တဲ့​ဘေ့စ်​ဘော​လောကထဲ တဖန်ပြန်ဝင်ဖို့ လမ်းစရပြီး ​ဘေ့စ်​​​ဘောနည်းပြတစ်ဦးဖြစ်လာကာ ဇာတိမြို့ငယ်ရဲ့ ​ကျောင်းအသင်း​လေးကို ဆုဖလား၉ကြိမ်​ရ​အောင် ဦး​ဆောင်နိုင်သူ ဖြစ်လာပါတယ်။ ဒီလိုနဲ့တက္ကဆက်က ​ကျောင်းကြီးတစ်​ကျောင်းက သူ့ကို နည်းပြလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါ ရလာတဲ့အခွင့်အ​​​ရေးကို လက်လွတ်မခံနိုင်ဖို့ လက်ခံလိုက်ပါတယ်။ဇာတိမြို့အသင်းကို ကိုင်တွယ်စဉ်က ဖိအား​​တွေ သိပ်မရှိခဲ့​ပေမယ့် မြို့ကြီးပြကြီးမှာ ​ကျောင်းကြီးတစ်​ကျောင်းရဲ့အသင်းကို ကိုင်တွယ် ရတဲ့အခါ ထင်​သ​လောက်မလွယ်ဘဲ ဘက်​ပေါင်းစုံက​ အခက်အခဲ များစွာ ကြုံလာရတဲ့အခါ လုခ်အ​နေနဲ့ ဘေ့စ်​ဘောချစ်စိတ်တစ်ခုနဲ့ ဘယ်လိုရင်​ဆိုင်​ကျော်ဖြတ်ပြမလဲ။ သူကိုင်တွယ်ရတဲ့ အသင်းကို ​အောင်မြင်​အောင် စွမ်း​ဆောင်​ပေးနိုင်မလား ​စောင့်ကြည့်ရမှာပါ။အညွှန်းကိုတော့ JimX က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ JYJ ပဲ ဖြစ်ပါတယ်။Genre.....Drama, Family Quality…. 1080p | 720p | 480p File size…2.1GB | 1.1GB ...
movie

Running the Bases (2022)

2022
I Like Me (2019) 5.5
I Like Me (2019) လူတိုင်းကိုယ့်ကိုယ်ကိုသဘောကျတဲ့စိတ်,ချစ်တဲ့စိတ်လေးတွေရှိကြမှာပါဒါပေမယ့်ဘယ်အရာမဆိုအစွန်းရောက်သွားရင်မကောင်းဘူးလေနော်ဒီကားထဲမှာကိုယ့်ကိုယ်ကိုအရမ်းသဘောကျလွန်းပြီးကိုယ်လုပ်ချင်ရာတွေပဲလုပ်နေတတ်တဲ့မိန်းမတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကိုဟာသနဲ့နှောပြီးရိုက်ပြထားတာပါမိသားစုပြဿနာတွေကိုဟာသလေးနဲ့ရောပြီးရိုက်ပြထားတာဖြစ်ပါတယ်အဖေတူအမေကွဲညီအမနှစ်ယောက်မှာကိုယ့်ဘက်ကိုယ်ပဲအမြဲကြည့်တဲ့အစ်မဖြစ်သူဟာအိမ်ရဲ့အမြဲတမ်းအပယ်ခံလူအထင်သေးခံခဲ့ရပြီးညီမဖြစ်သူကတော့ သူ့ကိုယ်သူပြီးပြည့်စုံတဲ့သူတစ်ယောက်လို့ခံယူထားတာဖြစ်ပါတယ်ဒါပေမယ့်ဘဝအလှည့်အပြောင်းဆိုတာအရမ်းကြောက်ဖို့ကောင်းတယ်လေနော်အစ်မဖြစ်သူကညီမအိမ်မှာနေရင်းပျင်းပျင်းနဲ့စာအုပ်တွေဖတ်ရာကနေကိုယ့်ကိုယ်ကိုသဘောကျဖို့ချစ်ဖို့အကောင်းမြင်စိတ်သွင်းဖို့ရည်ရွယ်ပြီးစာအုပ်တစ်အုပ်မတော်တဆရေးလိုက်မိတာကနေညီအမနှစ်ယောက်ဘယ်လိုအခြေအနေတွေပြဿနာတွေရင်ထဲရှိတာတွေပွင့်ထွက်လာကြမလဲအပယ်ခံရတဲ့အစ်မဖြစ်သူရဲ့ဘဝဟာဘယ်လောက်တောင်ဆိုးလဲဆိုတစ်ဦးတည်းသောသားကလက်ထပ်တာတောင်မင်္ဂလာဆောင်ကိုမခေါ်တဲ့အထိပါပဲသူ့သားနဲ့ရောဘယ်လိုအဆင်ပြေအောင်ကြိုးစားမလဲညီမနဲ့ရောတည့်အောင်ဘယ်လိုလုပ်မလဲသူ့ဘဝကရောမယုံနိုင်အောင်ဘယ်လိုပြောင်းလဲသွားမလဲ......ဒီကားထဲမှာသူရေးထားတဲ့စာအုပ်ရဲ့စာသားတစ်ချို့ကိုဖတ်ပြတဲ့အခါလူငယ်တွေလေးစားအတုယူရမယ့်စာသားလေးတွေပါနေတာကြောင့်သေချာကြည့်မယ်ဆိုပညာပါပေးတဲ့ဇာတ်ကားလေးဖြစ်မှာပါကိုယ့်ကိုယ်ကိုချစ်ပါ,သဘောကျပါအလွန်အကြူးနဲ့သူများတွေကိုတော့အနှောက်အယှက်မဖြစ်စေနဲ့ပေါ့ File Size : (787 MB) & (223 MB)Quality : Web-DL 720pRunning Time : 1 hr 23 minFormat : Mp4Genre : ComedySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin
movie

I Like Me (2019)

2018