Channel Myanmar

Jacques Nolot

Age of Uprising: The Legend of Michael Kohlhaas (2013) 6.1
Age of Uprising: The Legend of Michael Kohlhaas (2013)  ဒီဇာတ်လမ်းလေးကတော့ ၁၉ရာစုမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့မြင်းကုန်သည်ကြီး Hans Kohlhaseအကြောင်းကို မှီငြမ်းထားတာပါ....။သို့ပေမဲ့ ဇာတ်လမ်းကိုတော့ ၁၆ရာစု မြေရှင်၊ကြွေးရှင်စနစ်ပျက်သုဥ်းခါနီးကာလမှာပဲဇာတ်အိမ်တည်ထားပါတယ်...။အဲ့ခေတ်အခါမှာက မြေရှင်တွေ၊ နယ်စားတွေ ဘုရင်တွေဆိုတာ ဥပဒေအထက်မှာရှိသူတွေပါ....။ဥပဒေကိုလိုရာအသုံးချပြီး အောက်ခြေလူတန်းစားတွေ၊ သူရင်းငှားတွေကိုဆက်ဆံချင်သလိုဆက်ဆံတဲ့ခေတ်ပေါ့....။ဒီခေတ်ကြီးထဲမှာမှ မြင်းကုန်သည် မိုက်ကယ်ကိုလာဟတ်စ်ဆိုသူဟာမြင်းရောင်းဖို့ မြို့ကိုအသွား...လမ်းမှာနယ်စားတစ်ယောက်က သူ့နယ်ကို ဖြတ်သန်းမယ်ဆိုရင် ခွင့်ပြုမိန့်လိုကြောင်းတောင်းပါတယ်...။ခွင့်ပြုမိန့်မရှိတဲ့ မိုက်ကယ်ဟာ လှလှပပ ကျန်းကျန်းမာမာမြင်းနှစ်ကောင်ကိုအပေါင်အဖြစ်ထားခဲ့ပြီး ခရီးဆက်သွားပါတယ်....။ဒါပေမဲ့ အပေါင်ပြန်ရွေးတဲ့အချိန်မှာတော့ သူ့မြင်းတွေဟာ ဒဏ်ရာဗလဗွနဲ့ပိန်ချုံးချိ့နဲ့နေပါပြီ....ဒီအတွက် မကျေနပ်တဲ့ မြင်းကုန်သည်ကြီးဟာ သူ့အတွက် တရားမျှတမှုရှာဖွေဖို့အတွက် ခရီးစတင်ခဲ့ပါတယ်....။တရားမျှတမှုရှာဖွေတဲ့ မြင်းကုန်သည်ကြီး သူ့မြင်းနှစ်ကောင်အတွက်နဲ့မြေရှင်ကြွေးရှင်တွေကို ဘယ်လိုစစ်ခင်းမလဲဆိုတာ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ...။  File size…1.96GB / 949MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 2m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Age of Uprising: The Legend of Michael Kohlhaas (2013)

Everything Went Fine (2021) 6.8
Everything Went Fine (2021)  ဒီကားလေးကတော့ Emmanuèle Bernheim လို့ခေါ်တဲ့ပြင်သစ်အမျိုးသမီးတစ်ယောက်ရဲ့ ဘဝအထ္ထုပတ္တိကိုအခြေခံထားတဲ့ဖြစ်ရပ်မှန်ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Everything Went Fine ဖြစ်ပြီးဘာလို့ဇာတ်ကားကို အားလုံးအဆင်ပြေခဲ့ပါတယ်ဆိုတဲ့နာမည်ကိုပေးထားလဲဆိုတာကိုဇာတ်သိမ်းမှာသိလာရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ဧမန်နူရယ်နဲ့ ပါစကယ်တို့ညီအစ်မနှစ်ယောက်ရဲ့အဖေဖြစ်သူ မစ္စတာဘျာမိန်ကရုတ်တရက်ကြီး လေဖြတ်သွားခဲ့ပြီးဆေးရုံမှာအသည်းအသန်ကုသခဲ့ရပါတယ်။ကံကောင်းထောက်မစွာနဲ့ သက်သာလာခဲ့ပေမဲ့လဲလူကြီးဖြစ်တာကလဲတစ်ကြောင်းလေဖြတ်ရောဂါ ဖြစ်တာကတစ်ကြောင်းကြောင့် အရှင်းကြီးတော့ပြန်မသက်သာလာခဲ့ပဲ လူမမာတစ်ယောက်အနေနဲ့ဆေးရုံမှာပဲနေနေရပါတယ်။အဲ့ဒီအချိန် ဆွစ်ဇာလန်မှာနာကျင်ဝေဒနာတွေမခံစားချင်ပဲ သက်တောင့်သက်သာနဲ့ကိုယ့်ကိုယ်ကိုယ် အဆုံးသတ်ချင်နေတဲ့လူတွေအတွက် ဝန်ဆောင်မှုပေးတဲ့နေရာတစ်ခု အကြောင်းကိုမစ္စတာဘျာမိန်သိပြီးနောက်မှာ သူ့ကိုအဲ့ဒီကိုပို့ပေးဖို့အတွက်သူ့သမီးတွေကိုတောင်းဆိုခဲ့ပါတော့တယ်။ ဒီတော့သူ့သမီးဖြစ်သူတွေကလဲ အဖေဖြစ်သူရဲ့စကားကိုမလွန်ဆန်နိုင်တဲ့အတွက်ရင်နာနာနဲ့အဖေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရတဲ့အကြောင်းတွေကိုအသေးစိတ်မြင်ရမှာပဲဖြစ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်သူတို့ဆီမှာသူတို့အဖေအဲ့ဒီဆန္ဒကိုပြန်ရုတ်သိမ်းဦးမလားဆိုတဲ့မျှော်လင့်ချက်ကတော့ရှိနေပါသေးတယ်။ဒီလိုနဲ့သူတို့ ဘယ်လိုအခက်အခဲတွေပြဿနာတွေ ကိုစိတ်ခံစားချက်တွေကိုကြုံတွေ့ခဲ့ရပြီးဘယ်လိုဇာတ်သိမ်းသွားမယ်ဆိုတာကို ကြည့်ရှူရမဲ့မိသားစုဒရာမာကားလေးပဲဖြစ်ပါတယ်။  File size…2.05GB / 704MB Quality…WEB-Rip 1080p 5.1CH/ 720p Format…mp4 Duration….1h 53m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Everything Went Fine (2021)