Channel Myanmar

Jacques Tourangeau

The Prince & Me (2004) 5.8
The Prince & Me (2004) တော်ဝင်မင်းသားလေးတစ်ပါးနဲ့ သာမန်ကျောင်းသူလေးတစ်ယောက်တို့ရဲ့ တက္ကသိုလ်နေ့စွဲများအကြောင်းကိုအခြေခံလို့ ချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်ကားအဖြစ် The Prince & Me (2004) ဇာတ်ကားလေးကို လူသိများကြပါတယ်။အမေရိကန်မင်းသမီးချော Julia Stiles က ဇာတ်ကားရဲ့အသက်ဖြစ်တဲ့ သာမန်ကျောင်းသူလေး မော်ဂန်ပေ့ချ်အဖြစ်သရုပ်ဆောင်ထားပြီးဒိန်းမတ်တော်ဝင်မင်းသားအဖြစ် Luke Mably တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။တော်ဝင် ဓလေ့ထုံးတမ်း အလေ့အကျင့်တွေနဲ့ သာမန်နေထိုင်မှုပုံစံ ကွာခြားပြီး မတူညီတဲ့ဘဝနှစ်ခုက လူငယ်နှစ်ဦး တွေ့ဆုံကြရာမှာ ဖြစ်တတ်တဲ့လောက သဘာဝတွေကို မြင်တွေ့ရမှာပါ။Family,Comedy,Romance အမျိုးအစားရုပ်ရှင်ဖြစ်တာနဲ့အညီ ကြည်ကြည်နူးနူးလိုက်ပါရယ်မောရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(3 GB) / (1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

The Prince & Me (2004)

If Looks Could Kill (1991) 5.8
If Looks Could Kill (1991)  ရာသီဥတုပူပူမှာ အခွီဓာတ်လေးရစေမဲ့ ဟာသအက်ရှင်ဇာတ်မြူးလေးဖြစ်တဲ့ 90sရဲ့ Old but gold movieလေးတစ်ကားဖြစ်တဲ့ If Looks Could Killဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာတော့ ကြက်ကန်းဆန်အိုးသွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့စွန့်စားခန်းကို ရှုစားရမှာပါ။ မိုက်ကယ်ကော်ဘန်ဟာ ကျောင်းပြေးအလေလိုက် ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ ဆရာမတိုင်းမျက်မုန်းကျိုးမဲ့ နောက်ဆုံးတန်းကကောင်လေးပေါ့။သူ့ဟာ အရာရာကိုခပ်ပေါ့ပေါ့ပဲတွေးရင်းနဲ့ ပြီးအောင်မလုပ်တတ်တဲ့အကျင့်လေးကလည်းရှိတော့ အတန်းပြေးတာလက်လွန်ပြီး ပြင်သစ်ဆရာမရဲ့အကွက်ထဲဝင်သွားတာပေါ့။ အထက်တန်းပြီးဖို့ ပြင်သစ်ဆရာမဂရော်ဘာဆီက အမှတ်ကလည်းလိုနေ ဆရာမကလည်း နွေရာသီသင်တန်းချိန်မှာ ပြင်သစ်ကလပ်နဲ့တူတူ ပြင်သစ်ကိုလေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေချိန်ဆိုတော့ လူရွှတ်လူနောက် ကော်ဘန်တစ်ယောက် ပြင်သစ်သွားဖို့ အကြောင်းပါသွားတော့တာပေါ့။ ကော်ဘန်တစ်ယောက် အဖေကြည်ဖြူအောင်သာ အထက်တန်းအောင်ဖို့ကို အကြောင်းပြနေပေမဲ့ စိတ်ထဲမှာတော့ ပါရီကစကီတစ်သိုက်နဲ့ နိုက်အောက်ဖို့အစီအစဉ်ဆွဲနေတာပါ။ မျက်မုန်းကျိုးနေတဲ့ဆရာမကလည်း သူ့ကိုပြင်သစ်ခေါ်လာတာ ပညာပြဖို့ပါပဲ။ ဒါပေမဲ့ မျက်နှာပြောင်တပည့်နဲ့ စည်းကမ်းကြီးတဲ့ဆရာမကြားကတိုက်ပွဲမှာ မထင်မှတ်တဲ့ကိစ္စတစ်ခုပေါ်လာပါတော့တယ်။အဲဒါကတော့ ပြင်သစ်ကိုသွားမဲ့လေယာဉ်ပေါ်မှာ မိုက်ကယ်ကော်ဘန် ၂ ယောက်ပါလာတာပါပဲ။ တစ်ဖက်က အမေရိကန်အသွင်ယူအေးဂျင့် မိုက်ကယ်ကော်ဘန်ကတော့ ...
movie

If Looks Could Kill (1991)