Channel Myanmar

Jai Sampath

Annapoorani (2023) 5
Annapoorani (2023) Annapoorani - The Goddess of Food (2023)"အိန္ဒိယချန်ဂင်" IMDb- 4.8/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ စားဖိုမှူးမလေးအကြောင်း တမီလ်အချစ် အချက်အပြုတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အဓိကဇာတ်ကောင်ကတော့ Jawan(2023)မှာ ရှရွတ်ခန်းဇနီး ရဲမေမလေးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော နာယန်သရာပဲဖြစ်ပါတယ်။ဘုရားကျောင်းမှာ ဘုရားဆွမ်းချက်ပေးရတဲ့ သက်သတ်လွတ်စားတဲ့ မျိုးရိုးဇာတ်အနွယ်မြင့် မိသားစုက အမျိုးသမီးလေးတစ်ယောက်။ဒီအမျိုးသမီးလေးရဲ့ အိပ်မက်က အိန္ဒိယဂုဏ်ဆောင် ကမ္ဘာကျော်စားဖိုမှူးကြီးဖြစ်ဖို့။ သက်သတ်လွတ်ဟင်းတွေကို ထူးရှယ်ချက်ပြုတ်နိုင်ပေမဲ့လည်း အသားမစားတဲ့အတွက် အသားဟင်းချက်ဖို့ အသားကိုင်ဖို့ကျ အဆင်မပြေဖြစ်နေရရှာ။သူ့ကိုပိုးပန်းနေတဲ့ ကိုယ်တော်ချောရဲ့ ကောင်းမှုနဲ့ အဖေဖြစ်သူမသိအောင် အသားဟင်းတွေချက်ပြုတ်မြည်းစမ်းလာတဲ့အခါ။အဖေဖြစ်သူက သူ့သမီးလေး အမ်ဘီအေတက်နေတယ်အမှတ်နဲ့ ကျောင်းကိုအလာမှာ အသားဟင်းတွေချက်ပြုတ် မြည်းစမ်းနေတဲ့သမီးဖြစ်သူကိုတွေ့တဲ့အခါမှာတော့။ သူဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်ကြိုးစားသွားနိုင်မှာလားဆိုတာ...။(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…5.4GB / 2.06GB / 980MB Quality…WEBDL 4k HEVC / WEB DL 1080p ...
movie

Annapoorani (2023)

2023
4K HEVC
Yenni Thuniga (2022) 7.5
Yenni Thuniga (2022) Yenni Thuniga (2022)ယခုမိတ်ဆက်ပေးမယ့် တမဲလ်ဇာတ်ကားလေးကတော့ ပုံမှန်စုံထောက်ကားတွေနဲ့ မတူဘဲ ရသတစ်မျိုးကို ပေးစွမ်းနိုင်မှာ အသေအချာပါပဲ။ ဇာတ်လမ်းစစချင်းမှာ ရိုးရှင်းမယ်လို့ ထင်ရပေမယ့် မထင်မှတ်ထားတဲ့ အရှုပ်အထွေးတွေနဲ့အတူ ကြည့်ရှုသူတိုင်းကို ရင်တထိတ်ထိတ်နဲ့ ခံစားရစေမယ့် ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာ ရွေးကောက်ပွဲဝင်ပြိုင်မယ့် အမတ်လောင်းရဲ့ ရတနာဆိုင်ကို ဓားပြဝင်တိုက်ခံလိုက်ရပါတယ်။ ရွေးကောက်ပွဲနီးမှ သူ့ဒေသမှာ ရာဇဝတ်တွေဟာ မှိုလိုပေါက်လာတာမို့ အမတ်လောင်းလည်း ခေါင်းခြောက်ရတာပေါ့။ အဲ့ဒီထက်ပိုဆိုးတာက့ ရွေးကောက်ပွဲကာလမှာ အသုံးပြုမယ့် ရူပီး ကုဋေ ၂၀၀၀ အထိ တန်ဖိုးရှိတဲ့စိန် ၁၀ လုံးပါ အခိုးခံလိုက်ရတော့ အမတ်လောင်းတစ်ယောက် တစ်ပူပေါ် နှစ်ပူဆင့်ရပါတော့တယ်။ ကံကောင်းချင်တော့ ဓားပြအဖွဲ့က ပြန်ပေးဆွဲသွားတဲ့ မိန်းကလေးက အသက်မသေခဲ့ပြန်ဘူး။ ဒါပေမဲ့ ကိုမာဝင်သွားတော့ သတိပြန်ရဖို့အရေး နံပါတ်တစ်အနေနဲ့ လုပ်ရပြန်တယ်။ ဓားပြအဖွဲ့ကလည်း ပိရိလွန်းပြီး ခြေရာလက်ရာ မကျန်တာမို့ ဦးရဲကြီးတို့လည်း ခေါင်းရှုပ်ရတာပေါ့ဗျာ။ ကိုမာဝင်သွားတဲ့ မိန်းကလေးရဲ့ အစ်ကဖြစ်သူကတော့ ရေဆုံးမြေဆုံးလိုက်ပြီး ရှာဖွေတဲ့အခါမှာတော့...ဓားပြအဖွဲ့ကို မိသွားနိုင်မလား...?ဒါ့အပြင် ဓားပြအဖွဲကို ပြည်ပစိန်မှောင်ခိုဂိုဏ်းက ခိုင်းစေခဲ့ပေမယ့် အဲ့ဒီထက် ရှုပ်ထွေးတဲ့ မထင်မှတ်ထားတဲ့သူတစ်ယောက် ...
movie

Yenni Thuniga (2022)

2022
4K HEVC Web-DL