Channel Myanmar

Jake Weary

Bleeding Love (2023) 5.5
Bleeding Love (2023) Bleeding Love (2023)အမေတွေကသားတွေကို အချစ်ဆုံးဖြစ်ပြီးတော့ အဖေတွေက သမီးတွေကိုအချစ်ဆုံးပဲဆိုတာ လူတိုင်းအသိပါပဲ။ "ထူးအိမ်သင်" လိုပေါ့ ... သမီးလေးမျက်နှာနဲ့ လောကကြီးကိုအံတုရဲတယ်ဆိုတာ ဖခင်တွေပါပဲ။ မိန်းမအတွက်နဲ့ အသောက်စားအပျော်ပါး မလျော့ကြတဲ့ ယောကျာ်းလေးတွေဟာ သမီးလေးအတွက်နဲ့ ဆေးလိပ်တွေ အရက်တွေဖြတ်ပြီး အလုပ်တွေကြိုးစားကြသူတွေပါ။ ဒီလို အဖေနဲ့သမီးကြားက ချစ်ခြင်းမေတ္တာလေးတွေကို ကြည်နူးစရာကောင်းအောင် ရိုက်ကူးထားတဲ့ ၂၀၂၃ ခုနှစ်ထွက် Bleeding Love ဆိုတဲ့ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်တွေကလဲ အပြင်တကယ့်လက်တွေ့ဘဝမှာလဲ သားအဖအရင်းတွေဖြစ်ကြပါတယ်။ အဓိကသရုပ်ဆောင်အနေနဲ့က အဖေအဖြစ်နဲ့ကလေးဆိုးတွေထိန်းကျောင်းပေးနေကျဖြစ်တဲ့ မင်းသားကြီး Ewan McGregor (အိုဘီဝမ်ကီနိုဘီ) ဖြစ်ပြီးတော့ သမီးဖြစ်သူကတော့ တက်သစ်စမင်းသမီးဖြစ်တဲ့ Clara Mathilde McGregor ပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အဖေဖြစ်သူကနေ မူးယစ်ဆေးစွဲပြီး ဆေးလွန်နေတဲ့သမီးဖြစ်သူကို ပြန်လည်ထူထောင်ရေးကို ပို့ပေးဖို့ ဇနီးဟောင်းကနေ အကူညီတောင်းလာခဲ့ပါတယ်။ ခက်တာက အဖေနဲ့သမီး စကားမပြောဖြစ် မတွေ့ဖြစ်ခဲ့ကြတာ နှစ်အတော်ကြာနေပြီးမှ ခုလိုရုတ်တရက်ပြန်တွေ့ရတာပါပဲ။ ဖခင်က စွန့်ပစ်သွားတယ်ဆိုပြီး Truama ရနေတဲ့သမီးဖြစ်သူနဲ့ ငယ်ရွယ်စဉ်က ဆိုးခဲ့မိုက်ခဲ့ပြီး အရက်ပါစွဲနေခဲ့တဲ့အဖေဖြစ်သူ ကားတစ်စီးနဲ့ နှစ်ယောက်သားအတူတူ အမေရိကန်က အဝေးပြေးလမ်းမပေါ်မှာ သူတို့ကြားက အဖုထစ်တွေ မကျေလည်တာတွေကို ...
movie

Bleeding Love (2023)

2024
It Follows (2014) 6.8
It Follows (2014) It Follows (2014) Horror, Mystery . --- Storyline --- It Follows က ကျွန်တော်ကြည့်ဖူးတဲ့ Horror ကား‌တွေထဲကမှ ကြောက်ဖို့အကောင်းဆုံးကားတွေထဲက ပါပါတယ်။ တခြားကားတွေလို audience မကြောက်ကြောက်အောင် ဖြဲခြောက်တာမျိုးမဟုတ်ဘဲ ကိုယ့်အတွေးနဲ့ကိုယ် ကိုယ့်အမြင်နဲ့ကိုယ် သူ့ဟာသူရူးသွပ်နေအောင် လုပ်ထားတဲ့ကားပါ။ . Teenager ကောင်မလေးတစ်ယောက် တစ်ညမှာ သူ့ဘဲနဲ့ ကားထဲ ဇာတ်လမ်းတွေဖြစ်သွားတယ်။ ဒါက သူတို့ဆီမှာ ဘာမှမထူးဆန်းပါဘူး။ ဘာသွားဖြစ်လဲဆိုတော့ ကောင်လေးဆီက ကျိန်စာ curse လိုမျိုးတစ်ခုက ကောင်မလေးဆီရောက်လာတယ်။ အဲဒီမှာ လူနဲ့တူတဲ့ သရဲ/အကောင် ဘာမှန်းညာမှန်းမသိတဲ့ လူတစ်ယောက်က ကောင်မလေးနောက်လိုက် follow လုပ်ပါတယ်။ အစက ကောင်လေးဆီလိုက်ပေမဲ့ နှစ်ယောက်သား sex လုပ်လိုက်တဲ့အတွက် ကောင်မလေးနောက် လိုက်လာတာပါ။ အဲဒီ လိုက်တဲ့အကောင်ကို အလိုက်ခံရတဲ့လူတွေပဲမြင်ရပါတယ်။ Follow လုပ်တယ်ဆိုပေမဲ့လည်း လမ်းလျှောက်တဲ့ speed က zombie လောက်ပဲရှိတယ်။ ...
movie

It Follows (2014)

2014
4K HEVC
Message from the King (2016) 6.4
Message from the King (2016)  ဒီရုပ်ရှင်လေးကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ Black Pantherမင်းသားChadwick Boseman သရုပ်ဆောင်ထားတဲ့ action crime drama movieလေးပဲဖြစ်ပါတယ်....။နောက်ပြီး ဒီရုပ်ရှင်မှာ သရုပ်ဆောင်ထားတဲ့ သူ့ရဲ့လေသံ၊ စကားပြောဟန်ဟာBlack Pantherရဲလေသံနဲ့တူတူပဲလို့ အင်တာဗြူးတစ်ခုမှာဖြေသွားဖူးပါတယ်...။ဒီတော့ Black Pantherတစ်ဖြစ်လဲ မင်းသား Chadwick Bosemanရဲ့သရုပ်ဆောင်ပုံကို အလွမ်းပြေ ကြည့်ရှုလို့ရမယ့်ကားလေးဖြစ်ပါတယ်...။ညီမဖြစ်သူကိုရှာပုံတော်ဖွင့်တဲ့ အစ်ကိုတစ်ယောက်ရဲ့ ဇာတ်ကြောင်းဖြစ်ပြီးမင်းသား Chadwickကလည်း စူပါဟီးရိုးသရုပ်မဟုတ်ဘဲ လူကောင်းတစ်ယောက်၊ကြေကွဲနေတဲ့ အစ်ကိုတစ်ယောက်ရဲ့သရုပ်ကို တည်တည်ငြိမ်ငြိမ်နဲ့ သရုပ်ဆောင်ပြသွားပါတယ်...။ ဇာတ်လမ်းအကျဥ်းကတော့...ဂျက်ကော့ဟာ ညီမဖြစ်သူဘီယန်ကာကိုရှာဖို့အတွက်နဲ့ ‌အာဖရိကကနေလော့စ်အိန်ဂျယ်လစ်ကိုတက်လာပါတယ်...။သူသိတာဆိုလို့ ညီမဖြစ်သူက သူ့အကူအညီလိုနေတယ်၊ပျောက်ဆုံးနေတယ်...ဆိုတာကလွဲပြီး ကျန်တာနတ္ထိပါ...။အဲ့လိုကနေ တစ်စပြီးတစ်စသိအောင် စုံစမ်းရင်းနဲ့ ညီမဖြစ်သူပျောက်ဆုံးရတာဟာမသမာသူလူတစ်စုရဲ့လက်ချက်ဖြစ်မှန်းသိသွားတဲ့အခါမှာတော့...ဘုရင်ကြီးရဲ့ ရာဇသံက ဘာဖြစ်မလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်ရှုလို့ရပါပြီ...။ File size…2.81GB / 721MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 42m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Message from the King (2016)

Altitude (2010)
Altitude (2010) ဇာတ်လမ်းက တစ်နေ့မှာ လူငယ်ငါးယောက်ပွဲတော်တစ်ခုကိုလေယာဥ်နဲ့သွားကြတယ်ပေါ့ဗျာ အဲ့မှာ လေယာဥ်ကထူးထူးဆန်းဆန်း အလုပ်မလုပ်တော့တာကနေ ဇာတ်လမ်းက စတာပဲလေယာဥ်ကိုမထိန်းချုပ်နိုင်တော့ အပျံတတ်ခါကလေယာဥ်မှုးလေးနဲ့ သူငယ်ချင်းလေးယောက်တိမ်တိုက်ကြီးတစ်ခုထဲကို အထိန်းအချုပ်မရှိဝင်ချသွားတာကနေတိမ်တိုက်ကြီးထဲမှာ ဘယ်လို သဘာဝလွန်ဖြစ်ရပ်ဆန်းကြုံရမလဲဘယ်လိုရုန်းကန်ကြရလဲ ဘယ်လိုပြဿနာတွေတက်ကြလဲလူတွေ သေဘေးနဲ့ကြုံရင် ဘယ်လိုပြုမူတတ်လဲဆိုတာကိုအပြည့်အဝပုံဖော်ထားတာကိုရှုစားရမှာပဲ ဖြစ်ပါတယ် File size…  1.57 GB /  703 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 30m Genre .....  Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie

Altitude (2010)

How to Blow Up a Pipeline (2023) 7.2
How to Blow Up a Pipeline (2023) How to blow up a Pipeline (2023)ဒီကားကတော့ မြှောက်ထိုးပင့်ကော်ပဲ ပြောရမလား ရှေ့ဆောင်လမ်းပြပဲပြောရမလားပေါ့။ ဘက်ဂျက်နည်းနည်းနဲ့တကယ်ကောင်းအောင်ရိုက်ထားတဲ့ရုပ်ရှင်ပါပဲ။ဇာတ်ကားနာမည်အတိုင်း တကယ်ကို ရေနံပိုက်လိုင်းကြီးတစ်ခုကို ဖောက်ခွဲဖျက်ဆီးပုံကို အဆင့်လိုက်ကို ပြသထားတာပါ။ ဖောက်ခွဲတဲ့သူတွေက ဘယ်သူတွေလဲဆိုတော့ ဓာတုစက်ရုံတွေ၊ ရေနံချက်စက်ရုံတွေကြောင့် ကင်ဆာတွေဖြစ်၊မိသားစုတွေသေ၊ အိမ်မြေတွေဆုံးရှုံးဘဝတွေပျက်ခဲ့ရတဲ့ လူတစ်စုပါပဲ။ သူတို့တွေဟာ ဒီစက်ရုံတွေကြောင့် မကြာခင် ကမ္ဘာကြီး ရာသီဥတုနဲ့သဘာဝပတ်ဝန်းကျင်ပျက်စီးပြီး လူတွေအများကြီးထပ်သေကြရတော့မှာကို သတိထားမိတဲ့ သူတွေလို့ပဲပြောရမှာပေါ့။ ကမ္ဘာအနှံ့မှာ ကာဘွန်ဒိုင်အောက်ဆိုက်လျှော့ချရေးနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေလုပ်နေကြပေမယ့် ကော်ပိုရိတ်ကြီးကတွေ မမှုတဲ့အကြောင်းကိုမီးမောင်းထိုးပြထားတာပါပဲ။ ဒီတော့ နောက်ဆုံးကြံရာမရတဲ့အခြေအနေမှာ မက္ကဆီကိုက ဧရာမ ရေနံပိုက်လိုင်းကြီးကို မရရအောင်ဖောက်ခွဲဖို့ ကြိုးစားပုံကိုပြသထားတာပါပဲ။ လူတစ်ယောက်ချင်းဆီရဲ့ ဝမ်းနည်းစရာဘဝတွေကိုပြလိုက် လက်ရှိအချိန် ဧရာမဗုံးကြီးကိုလုပ်ပြီး ပိုက်လိုင်းကိုဖောက်ခွဲတာကိုပြလိုက်နဲ့ စိတ်ဝင်စားဖို့ကောင်းအောင်တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ကြည့်လိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Thriller Quality…. 1080p | 720p | 480p File size… 2.3GB | 984MB | 455MB Format… mp4 Duration…. ...
movie

How to Blow Up a Pipeline (2023)

2023
Measure of Revenge (2022) 4.2
Measure of Revenge (2022) Measure of Revenge (2022) ==============မင်းသမီး အလန်းစားလေး Bella Throne ပါတဲ့ Thriller , Horror ရုပ်ရှင်ကားသစ်လေးထွက်လာပါပြီ။ဆေးလွန်ပြီးသေသွားတဲ့ နုာမည်ကြီးအဆိုတော်ရဲ့ သေဆုံးမှုကို စုံစမ်းတဲ့ Drug Dealer တစ်ယောက်အဖြစ် Bella ကိုတွေ့ရပါမယ်ဇာတ်လမ်းအကျဉ်းက ကာတစ်ကူပါးဆိုတဲ့ နာမည်ကြီး Band ရဲ့ ပင်တိုင်အဆိုတော်ဟာ အောင်မြင်မှုဒဏ်တွေကြောင့် ဆေးသမားလုံးလုံးဖြစ်သွားခဲ့ပြီး ပြန်လည်ထူထောင်ရေးစခန်းမှာ နှစ်ချီနေလိုက်ရပါတယ်။ သူအဲ့ဒီကပြန်ထွက်လာပြီး အနုပညာလောက အနားယူ ဘဝသစ်တစ်ခုစတင် အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်လိုက်ပြီး နောက်မှာပဲ တစ်ညမှာ အမ်ဖတ်တမင်းခေါ် စိတ်ကြွဆေး အများအပြားလွန်ကာ လင်မယားနှစ်ယောက်လုံး သေဆုံးနေတာကို တွေ့ရှိလိုက်ရပါတယ် ရဲတွေကတော့ ဒါကို သာမန် မတော်တဆဆေးလွန်ပြီးသေဆုံးတယ်လို့ အမှုသိမ်းလိုက်ပေမယ့် မကျေနပ်နိုင်တဲ့ ကာတစ်ရဲ့ အမေ လီလီယန်ကူပါးဟာ သားရဲ့အဆိုတော်ဘဝက အချိတ်အဆက်တွေကို လိုက်လံစုံစမ်းရင်း အရင်က သူဆေးဝယ်နေကျ Taz ...
movie

Measure of Revenge (2022)

2022
Finding Steve McQueen(2018) 6.4
Finding Steve McQueen(2018) Finding Steve McQueen(2018)IMDb....6.3ဒီဇာတ်​ကား​လေးက​တော့ အ​မေရိကန်​ နိုင်​ငံက "United California" ဘဏ်​​ဖောက်​ထွင်​းခံရမှုကို အ​ခြေခံရိုက်​ကူးထားတဲ့ ဖြစ်​ရပ်​မှန်​ဇာတ်​လမ်​း​လေးပဲဖြစ်​ပါတယ်​။ ဇာတ်​လမ်​းအစမှာ FBI က SteveMcQueenဆိုတဲ့ လူတစ်​​ယောက်​ကို အသည်​းအသန်​ လိုက်​ရှာ​နေပြီး တစ်​ဖက်​မှာလည်​း SteveMcQueen က သူ့ကို FBI ကဘာ​ကြောင်​့ အလိုရှိ​နေရတယ်​ဆိုတဲ့အ​ကြောင်​း သူ့​ကောင်​မ​လေးကို ရှင်​းပြ​နေပုံနဲ့ စတင်​ထားပါတယ်​။ အ​မေရိကန်​သမ္မတ Nixon ရဲ့ တရားမဝင်​လုပ်​ငန်​း​တွေမှာသုံးဖို့ ဘဏ်​မှာထား ထားတဲ့ ရန်​ပုံ​ငွေကိုမှ​ဖောက်​ထွင်​းဖို့ ကြံစည်​ခဲ့တဲ့ ဓားပြအဖွဲ့အ​ကြောင်​းကို ရိုက်​ကူးထားတာပဲ ဖြစ်​ပါတယ်​။ ​ငွေဖြူ မဟုတ်​တာ​ကြောင်​့ သူတို့ကို အ​ရေးယူလို့ မရ​လောက်​ပါဘူးဆိုတဲ့ အကြံနဲ့ ဓားပြတိုက်​ခဲ့ကြ​ပေမယ်​့လည်​းအစိုးရဖက်​က စုံစမ်​းစစ်​​ဆေး​ရေး​တွေကို ပြင်​းပြင်​းထန်​ထန်​ လုပ်​လာတဲ့အခါမှာ​တော့ ဘယ်​လို​မျိုး စိတ်​ဝင်​စားစရာအ​ကြောင်​းအရာ​တွေ ဖြစ်​လာမလဲဆိုတာက​တော့ ရုပ်​ရှင်​ကိုပဲ ဆက်​လက်​ခံစားကြည်​့လိုက်​ကြပါ​နော်​...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Megumi ပဲဖြစ်ပါတယ်...File Size : (850MB) and (306 MB) Quality : ...
movie

Finding Steve McQueen(2018)

2018