Channel Myanmar

Jalaluddin Hassan

Sumpahan Syaitan / Satan’s Curses (2023)
Sumpahan Syaitan / Satan’s Curses (2023) Sumpahan Syaitan / Satan's Curse (2023) "စေတန်ရဲ့ကျိန်စာ"Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ မလေးရှားသရဲဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။မစ္စတာဆမ်ဆိုသူက ဇနီးချောလေးနဲ့ ချစ်စရာသမီးကလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်။ သန်းကြွယ်သူဌေးဖြစ်ချင်တဲ့ အိပ်မက်နဲ့ ဂိုဏ်းစတားကြီး ဘရန်ကိုဆီက ငွေတိုးချေးပြီး စီးပွားရေးလုပ်ရာမှာ အလိမ်ခံလိုက်ရပါတော့တယ်။ဘရန်ကိုဆိုတာ သူ့ဆီက ပိုက်ဆံချေးသွားပြီးလို့ အချိန်မှီပြန်မဆပ်ရင် တစ်မိသားစုလုံးကိုသတ်ပစ်တဲ့လူ။ ဒီမှာပဲ သူငယ်ချင်းဖြစ်သူက ဂိုဏ်းစတားကြီးဘရန်ကို လာသတ်တဲ့ရန်ကလည်းလွတ်အောင် သူ ဝယ်ဖို့စီစဉ်ထားတဲ့ ဟိုတယ်မှာ စီမံခန့်ခွဲရင်း သွားနေဖို့အကြံပေးပါတယ်။ အဲဒီဟိုတယ်ကို ပြန်ရောင်းဖို့စီစဉ်ထားပြီး ရောင်းလို့ရတဲ့ပိုက်ဆံက အကျိုးအမြတ်ကိုလည်း ဘရန်ကိုကို ပြန်ဆပ်ဖို့ ဆမ့်ကိုပေးမယ်လို့ပြောတဲ့အတွက် ဆမ်တို့မိသားစု သူငယ်ချင်းဖြစ်သူဝယ်မဲ့ ဟိုတယ်ကြီးဆီကိုရောက်လာကြပါတော့တယ်။ ဒီမှာပဲ ဟိုတယ်ကြီးက မမြင်အပ်မြင်အပ်တဲ့ သတ္တဝါတွေ တစ်ညပြီးတစ်ညသောင်းကျန်းလာတဲ့အခါမှာတော့...။ Comedyအမျိုးအစားဖြစ်တာမို့ ပရိသတ်တို့ အပျင်းတော်ပြေစေဖို့ ခံစားကြည့်ရှုကြပါဦးခင်ဗျ။(အညွှန်းနဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်)Genre..... Comedy, Horror Quality…. 1080p | 720p File size…  1.5GB | 792MB Format… mp4 Duration…. 2h Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Sumpahan Syaitan / Satan’s Curses (2023)

Juang (2022) 7.0
Juang (2022)  ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က "တိုက်ပွဲ"လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ...
movie

Juang (2022)

Mat Kilau (2022) 5.6
Mat Kilau (2022) IMDb 5.6 အထိရရှိထားတဲ့မလေးရှားအက်ရှင် ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး ဗြိတိသျှတွေနယ်ချဲ့ခံနေရတဲ့မလေးလူမျိုးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ကတော့ မက်ကီလူဆိုတဲ့မလေးစစ်သည်တစ်ယောက်ဖြစ်ပြီးဗြိတိသျှတွေကိုဆန့်ကျင်တဲ့နေရာမှာ သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့မလေးကျွန်းငယ်လေးတစ်ခုကိုနယ်ချဲ့တွေကမလိမ့်တပတ်နဲ့လာအုပ်စိုးနေပြီးမက်ကီလူတို့စစ်သည်တွေကနယ်ချဲ့တွေကိုပြန်တော်လှန်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ အကြီးအကဲတွေနဲ့ရွာသားတော်တော်များများကသက်သာရာမှာနေချင်ကြပေမဲ့မက်ကီလူတို့ကတော့နယ်ချဲ့လက်အောက်ကကျွန် မဖြစ်ချင်တာကြောင့်ရရာလက်နက်စွဲကိုင်ပြီးတိုက်ခိုက်ကြပါတော့တယ် ဘာသာတရားရဲ့အဆုံးအမတွေနဲ့သစ္စာတရားကိုအခြေခံထားတဲ့မက်ကီလူတို့လူမျိုးတွေကနယ်ချဲ့တွေကိုမောင်းထုတ်နိုင်ပါ့မလား မမျှတတဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ File size…(2.9 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:58:00 Genre...Action, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Mat Kilau (2022)