Channel Myanmar

James Bulleit

Wall Street (1987 ) 7.3
Wall Street (1987 )  IMDb 7.3/10, Rt 73 % ရရှိထားတဲ့ Crime/Thriller ဇာတ်ကားဖြစ်ပြီး မင်းသားကြီး Michael Douglas က ဒီဇာတ်ကားမှာ အော်စကာဆုအပြင် Golden Globe နဲ့ အခြားဆု ၇ ဆုပါ ရရှိခဲ့ပါတယ်။ Hot Shots မင်းသားကြီး Charlie Sheen ကလည်း အပြိုင်သရုပ်ဆောင်ထားသေးတာမို့ ၂ နာရီစာ အချိန်ပေးရကျိုးနပ်မှာတော့ အသေအချာပါပဲ။ဒီကားက World of Wall Street (2013) မတိုင်ခင်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါကတော့ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုရမှာပါ။ Wall Street ကားတွေဆိုရင် စတော့ရှယ်ယာလောကရဲ့ လောဘကိုအခြေခံထားတာ များတာနဲ့အညီ ဒီကားကလည်း လောဘကိုအခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကတော့ ဖြတ်လမ်းကအောင်မြင်ချင်ပြီး ချမ်းသာချင်တဲ့ ဘတ်ဒ်ဖော့စ်ဆိုတဲ့ လူငယ်လေးက သူ့ရဲ့စံပြပုဂ္ဂိုလ်ကြီး ဂေါ်ဒန်ဂတ်ကိုအနား မရောက်ရောက်အောင်သွားကာ ဂတ်ကို့ဆီက ပညာသင်ရဖို့ ...
movie

Wall Street (1987 )

Dog Day Afternoon (1975) 8.0
Dog Day Afternoon (1975)  Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက်အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင်စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင်တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကိုဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်ကသူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံအခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ ...
movie

Dog Day Afternoon (1975)

Donnie Brasco (1997)
Donnie Brasco (1997) IMDb Rating(7.7) / Rotten Tomatoes (88%)ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့ အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊ BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့ အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့ အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ...။Action,Crime ...
movie

Donnie Brasco (1997)