Channel Myanmar

James Chen

The Amazing Spider-Man (2012) 7.0
The Amazing Spider-Man (2012) ဒီ The Amazing Spiderman ပထမကားလေးမှာတော့ကျွန်တော်တို့ရဲ့အချစ်တော်ပီတာSpiderman စတင်ဖြစ်လာတဲ့အချိန်လေးကိုရိုက်ထားတာပါ။အောင်မြင်မှုများစွာရရှိခဲ့တဲ့ကားလေးလည်းဖြစ်ပါတယ်။ရုံဝင်ငွေဒေါ်လာ၇၅၇.၉သန်းထိရရှိခဲ့တဲ့ကားလေးပါ။၂၀၀၀ခုနှစ်ပီတာတယောက်ကလေးဘဝမှာဖခင်ဖြစ်သူရဲ့စာကြည့်ခန်းဖောက်ထွင်းခံရတာနဲ့စပြီးသူတို့မိသားစုလေးတကွဲတပြားစီဖြစ်သွားခဲ့ရပါတယ်။မိဘဖြစ်သူတွေထူးဆန်းစွာပျောက်ဆုံးသွားပြီးပီတာတယောက်အန်တီမေနဲ့ဦးလေးဘန်တို့ရဲ့စောင့်ရှောက်မှုအောက်မှာပဲကြီးပြင်းခဲ့ရပါတယ်။နှစ်များစွာကြာပြီးနောက်ပီတာလည်းအထက်တန်းကျောင်းသားကြီးဖြစ်နေပါပြီ။အဖေ့သွေးပါသူဖြစ်တော့ဉာဏ်ထက်မြက်သူတယောက်ဖြစ်ပါတယ်။အဲဒီမှာပဲဂွမ်န်စတေစီဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းစတင်ခဲ့တာပေါ့။တနေ့အိမ်မှာနေရင်းပီတာတယောက်ဖခင်ဖြစ်သူရဲ့အိတ်တအိတ်ကိုတွေ့ပြီးသုတေသနစာရွက်စာတမ်းဟောင်းတွေဓာတ်ပုံတွေကိုတွေ့ရှိသွားပါတယ်။အဲဒီဓာတ်ပုံကနေတဆင့်ဖခင်ဖြစ်သူနဲ့အတူအလုပ်လုပ်ခဲ့တဲ့ သိပ္ပံပညာရှင်ဒေါက်တာကာ့ကော်နာစ်တယောက်OScorpဆိုတဲ့ မျိုးစိတ်ဗီဇတွေကိုသုတေသနလုပ်နေတဲ့နေရာမှာ အလုပ်လုပ်နေကြောင်းသိလိုက်ရပါတယ်။အဲဒါနဲ့ပဲ ဖခင်အကြောင်းတွေကိုသိချင်နေတဲ့ပီတာတယောက်Oscorpထဲကိုခိုးဝင်ရာကစပြီးSpidermanဆိုတဲ့ဇာတ်ကောင်စတင်ပေါ်ပေါက်လာခဲ့တာပဲဖြစ်ပါတယ်။လက်တွေ့ကျကျပြန်လည်မွမ်းမံပြီးထုတ်လုပ်ထားတဲ့အတွက်ဒီကားလေးဟာတော်တော်အောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။အဲတော့နောက်ပိုင်းSpidermanပေါက်စ ဘာတွေဘယ်လိုလူသားအကျိုးဆောင်ရွက်မလဲဆိုတာတော့ဇာတ်ကားလေးကိုပြန်စားမြုပ်ပြန်လိုက်ကြရအောင်ပါ။ File size…(4.9 GB)/(2.2 GB)/(900 MB) Quality….BluRay 4K HEVC/ DS4K 1080p HEVC / 720p Format…mkv/mp4 Duration….02:16:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Mr.Anderson
movie

The Amazing Spider-Man (2012)

2012
4K HEVC
We Need to Talk About Kevin (2011) 7.5
We Need to Talk About Kevin (2011) We need to talk about Kevin (2011) ကျွန်တော်တို့ ကယ်ဗင့် အကြောင်းကို ပြောမှ ဖြစ်တော့မှာ။ ကယ်ဗင် ဆိုတာ ဘယ်သူလဲ? ကယ်ဗင် ဆိုတာ ကလေးတစ်ယောက်ပါပဲ။ ကလေးတစ်ယောက်ရဲ့ စိတ်အကြောင်းကို အကောင်းဆုံး ပုံဖော်ပြသထားတဲ့ဇာတ်ကားပါ။ စိတ်အကြောင်းကို နူးနူးညံ့ညံ့ လှလှပပ ပုံဖော်ထားတာတော့ မဟုတ်ပါဘူး Psycho Thriller ကား တစ်ကားပါ။ Thriller ကား ဆိုတဲ့အတိုင်း ရင်တမမနဲ့ ကြည့်ရမှာပါ။ ကယ်ဗင်ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ သူ့အမေ အီဗာကတော့ ခရီးသွားဆောင်းပါးတွေ ရေးတဲ့ စာရေးဆရာတစ်ယောက်ပါ။ ကယ်ဗင်ဟာ ငယ်ငယ်ကတည်းက ထိန်းကျောင်းရခက်ပါတယ်။ ကျင်ကြီးကျင်ငယ်စွန့်တာကအစ လေ့ကျင့်ရခက်ပါတယ်။ အမေအပေါ် တွယ်တာပေမယ့် အမေ့ဆီက မေတ္တာကို ကောင်းကောင်း မရရှိခဲ့တဲ့ ကယ်ဗင်ဟာ အမေ့မေတ္တာကို သူ့နည်းသူ့ဟန်နဲ့ ရဖို့ ကြိုးစားရှာပါတယ်။ ဒုတိယကလေး မွေးလာတဲ့အချိန်မှာတော့ ကယ်ဗင့်ရဲ့စိတ်ရိုင်းတွေက ပိုမိုနိုးကြားလာပါတော့တယ်။ သားသမီးနဲ့မိဘကြားက သံယောဇဉ်ကို အသိမ်မွေ့ဆုံးနဲ့ အကြမ်းတမ်းဆုံး တင်ပြထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆု၊ ဇာတ်ကားဆု၊ ဇာတ်ညွှန်းဆုနဲ့ ဓာတ်ပုံဆုတွေပါ ရရှိထားတဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ IMDb ...
movie

We Need to Talk About Kevin (2011)

2011