Channel Myanmar

James Eliya

Purusha Pretham (2023) 7.2
Purusha Pretham (2023) Purusha Pretham(2023)IMDb 7.2/10The times of India. 3.5/5စုံထောက်မှုခင်းကားလည်းကြိုက် ဟာသကားလည်းကြိုက်တဲ့ ဘောလိဝုဒ်ရုပ်ရှင်ပရိသတ်ကြီးအတွက် ၂၀၂၃ ထွက် အသစ်စက်စက်ကားသစ်လေးတစ်ကားလာပါပြီ။ရာဇဝတ်သားတွေကို ဖမ်းဆီးဆုံးမရာမှာ လက်သံပြောင်ပြီး အမှုတွေလိုက်တာတော်တဲ့ SI ဆီဘတ်စတေရှန်ဟာ ရဲလောကမှာ နာမည်တစ်လုံးနဲ့ကျော်ကြားသူတစ်ယောက်ပါ။တစ်နေ့မှာတော့ ဒီလိုအမှုလိုက်ကျွမ်းတဲ့စုံထောက်ကြီးရဲ့အပိုင်ဘက်ခြမ်းကမြစ်ထဲမှ အလောင်းတစ်ခုပေါ်လာခဲ့ပါတယ်။ ထုံးစံအတိုင်း အမှုလိုက်ရင်းမှာပဲ အလောင်းဟာ ပျောက်ခြင်းမလှပျောက်ဆုံးသွားတဲ့အခါ စခန်းတစ်ခုလုံ းပြဿနာတွေအမျိုးမျိုးတက်ပြီး အမျိုးစုံကြိုးခုန် ပြဿနာတွေတက်လာပါတော့တယ်။ဘာပြဿနာတွေရှုပ်လာမလဲ၊ ဘာတွေဆက်ဖြစ်မလဲ၊ အလောင်းကရော ဘယ်ရောက်သွားတာလဲ စတာတွေကိုတွေကိုတော့ ပရိသတ်ကြီးပဲ ဆက်အဖြေရှာကြည့်ဖို့ CM Bollywood Team ရဲ့ Aditi, V, ZWE, YH, Cherry, BpL နဲ့ Yunni တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်နော်။ File size…1.97GB  / 973MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ V~ ZWE~ YH~ Cherry~  BpL ~ Yunni
movie

Purusha Pretham (2023)

2023
Iratta(2023) 7.8
Iratta(2023) Iratta (2023) IMDb 7.8/10Rating ကောင်းကောင်းနဲ့ မှုခင်းစုံထောက်ကားတွေ ကြိုက်တဲ့ပရိတ်သတ်တွေအတွက် အိန္ဒိယ‌တောင်ပိုင်း ဇာတ်ကားတစ်ကားတင်ဆက်ပေးလိုက်ပါတယ်။ကီရာလာပြည်နယ် ဗာဂါမွန်ရဲစခန်းမှာ အခမ်းအနားပွဲကျင်းပနေတုန်း သေနတ်သံသုံးချက်ကြားလိုက်ပါတယ်။ အခမ်းအနားထဲမှာ လူစုလူဝေးတွေအကုန်ရုတ်ရုတ်သဲသဲဖြစ်ကြကုန်တယ်။ အဲ့ဒါကတော့ စခန်းထဲမှာရဲသားတစ်ယောက်အသတ်ခံလိုက်ရပါတယ်။အခင်းဖြစ်တဲ့ချိန်မှာ ရဲသားသုံးယောက်ရှိနေပြီး ထိုသုံးယောက်ကို လူသတ်မှုနဲ့သံသယစာရင်းထဲသွင်းခံရလိုက်ရတယ်။ ရဲသားသုံးယောက်ကလည်း အ လီဘိုင်ပြည့်ပြည့်စုံစုံရှိနေတဲ့ချိန်မှာ ရဲတစ်ယောက်သေဆုံးမှုဟာ ကိုယ့်ကိုယ်ကိုယ်သတ်သေတာလား ဒါမှမဟုတ် တကယ်အသတ်ခံရလားဆိုတာကို လှည့်ကွက်ပေါင်းစုံနဲ့ တရားခံကိုအတူတူအဖြေရှာကြည့်ကြရအောင်ပါ။.. File size…1.54GB  / 724MB Quality…1080p True WEB DL /720p Format…mp4 Duration….1h 52mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Yunni~Nyein Aye
movie

Iratta(2023)

2023
Rocketry: The Nambi Effect(2022) 9.2
Rocketry: The Nambi Effect(2022) Rocketry: The Nambi Effect(2022) အညွှန်း*************************************IMDb...9.2 Rocketry: The Nambi Effect ဟာအိန္ဒိယရဲ့ဂုဏ်ထူးဆောင် သိပ္ပံပညာရှင်၊ လေကြောင်း၊အာကာသယာဉ်တည်ဆောက်မှုအင်ဂျင်နီယာကြီး Nambi Narayanan ရဲ့ဘ၀ဇာတ်ကြောင်းကို အခြေခံထားတဲ့ biographical dramaဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Narayanan ရဲ့ပရင်စတန်တက္ကသိုလ်ဘွဲ့ရကျောင်းသားဘ၀၊သိပ္ပံပညာရှင်တစ်ဦးမဖြစ်ခင်ဘ၀နဲ့ သူ့အပေါ်သူလျှိုမှုနဲ့လုပ်ကြံစွဲချက်တင်ခံခဲ့ရပုံတွေနဲ့ ဒီလောကဓံတွေကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ပုံတွေကိုရှုစားရမှာဖြစ်ပါတယ်။ Nambi Narayanan အဖြစ် 3 Idiots ဇာတ်ကားနဲ့မြန်မာပရိသတ်တွေရင်းနှီးကြတဲ့R. Madhavan ကခေါင်းဆောင်ပါဝင်ထားတဲ့အပြင် ဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာအဖြစ်ပါတာဝန်ယူခဲ့တာပါ။ဝေဖန်သူတွေရော ပရိသတ်တွေပါ အကြိုက်တွေ့အောင်မြင်ခဲ့ပြီး ကိန်းရုပ်ရှင်ပွဲတော်မှာပြသဖို့ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင် ၆ ကားထဲမှာတစ်ကားအပါအဝင်ဖြစ်ခဲ့ပါတယ်။ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားကြီး Shah Rukh Khan နဲ့ထိပ်သီးတမီလ်မင်းသားကြီး Suriya တို့ကလဲ Cameo ပါဝင်ပေးထားပါသေးတယ်။ အတ္တုပတ္တိဇာတ်ကားတစ်ကားဆိုပေမယ့် ပျင်းစရာမကောင်းပဲနစ်မျောသွားအောင်သေသပ်တဲ့တင်ဆက်ပုံ၊ပီပြင်တဲ့ ဇာတ်ပို့ဇာတ်ရံတွေရဲ့ အင်အားနဲ့အဆုံးအထိဆွဲခေါ်သွားနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File Size : (980 MB) and (380 MB) Quality : WEB-DL 1080P5.1Ch,720p Format…mp4 Duration…02:37:00 Genre : Action , Biography , Drama Subtitle : Myanmar ...
movie

Rocketry: The Nambi Effect(2022)

Bhoothakaalam (2022) 7.9
Bhoothakaalam (2022) Bhoothakaalam (2022)မကြာသေးခင်ကမှထွက်ရှိထားတဲ့ အိန္ဒိယတောင်ပိုင်းရုပ်ရှင်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကိုပြောရရင်Psychoနဲ့ Horror ပေါင်းစပ်ထားတဲ့ စိတ္တဇသရဲကားမျိုးပါပဲ။ အသည်းငယ်တတ်ရင်တော့နေ့ခင်းဘက်လင်းလင်းရှင်းရှင်းရှိတုန်းမှာကြည့်စေချင်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စိတ်ကျရောဂါခံစားနေရတဲ့သားအမိနှစ်ယောက်ဟာမိသားစုဝင်တစ်ယောက်သေဆုံးသွားပြီးနောက် ပုံမှန်မဟုတ်တဲ့ဖြစ်ရပ်တွေကိုကြုံလာရပါတယ်။ရုပ်ရှင်အစအဆုံးမှာလည်း သာမန်အိန္ဒိယသရဲကားတွေလိုပုံစံခွက်ထဲကအတိုင်းမဟုတ်ပဲစိတ္တဇထိတ်လန့်သည်းဖိုပုံစံမျိုးရော သရဲခြောက်တာရောပေါင်းပြီး ကြက်သီးထစရာဖြစ်အောင်ဖန်တီးထားပါတယ်။ဇာတ်လမ်းအစမှာ သားအမိနှစ်ယောက်ရဲ့ဆက်ဆံရေးကိုအရင်ဆုံးအသားပေးဖော်ပြထားပြီးတော့သူတို့ရဲ့ မိသားစုဝင်တစ် ယောက်ဆုံးရှုံးသွားရတဲ့အခါ စိတ်ကျဝေဒနာကိုစတင်ခံစားလာရတာကနေဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာလည်းလူတွေမခန့်မှန်းနိုင်တဲ့အလှည့်အပြောင်းတွေကိုမြင်ရမှာမို့ Spoiler မဖြစ်အောင် အများကြီးပြောမပြတော့ပါဘူး။ဇာတ်ကားရဲ့အစပိုင်းမှာ သရဲခြောက်တဲ့အခန်းတွေကိုအများကြီးမြင်ရမှာမဟုတ်ပေမယ့် ဒီ Psychoသားအမိနှစ်ယောက်နဲ့တင်ကိုကျောချမ်းနေရမှာတော့ အာမခံပါတယ်။ အမှန်တကယ်ကတော့ဒီဇာတ်ကားတစ်လျှောက်လုံးမှာ ပဟေဠိတွေ၊မြှုပ်ကွက်တွေ၊မထင်မှတ်ထားတဲ့အလှည့်အပြောင်းတွေမထင်ရင်မထင်သလိုပြနေတာကြောင့် သရဲကားလို့ကြိုမသိထားရင်တောင်ကြည့်ရတာပိုအရသာရှိမယ့်ကားမျိုးပါ။ ဒီတော့သရဲကားပရိသတ်မှမဟုတ်ပဲဇာတ်အိမ်ခိုင်ခိုင်၊ ဒိုင်ယာလော့ကောင်းကောင်းနဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းတွေကိုကြိုက်တတ်ရင်တော့ လက်လွှတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားလို့ပဲညွှန်းလိုက်ပါရစေ။  File size…1.05Gb  / 500MB Quality…1080p True WEB DL AAC 2.0CH Format…mp4 Duration….1h 45mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Haruko & Yate
movie

Bhoothakaalam (2022)

2022