Channel Myanmar

James Faulkner

Hitman (2008)
Hitman (2008)  နာမည်ကျော် ဂိမ်းစီးရီးကို အခြေခံရိုက်ကူးထားပြီး လူကြိုက်များ အောင်မြင်ခဲ့တဲ့ အေးဂျင့်47အမည်ရှိ ကြေးစားလူသတ်သမားရဲ့ အက်ရှင်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အေးဂျင့်47အနေနဲ့ Hitmanရုပ်ရှင် နှစ်ကားထွက်ပြီး ဒီရုပ်ရှင်ကတော့ မင်းသားတင်မိုသီအိုလီဖန့် ပါဝင်ထားတဲ့ ပထမဆုံး Hitmanရုပ်ရှင်ပေါ့။ကြေးစားလူသတ်သမားတွေကို အဖွဲ့အစည်းတစ်ခုကနေ မွေးကတည်းက ရွေးချယ်ပြီး လူသတ်ဖို့တစ်ခုတည်းအတွက် လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ။ မအောင်မြင်တဲ့မစ်ရှင် မရှိသလောက် ကျွမ်းကျင်တဲ့ ဒီလိုလုပ်ကြံရေးသမားတွေထဲမှာ အေးဂျင့်47ကတော့ အထူးချွန်ဆုံးပေါ့။ရုရှားသမ္မတကို လုပ်ကြံဖို့ အေးဂျင့်47ကို စေလွှတ်ခဲ့တယ်။သေချာပေါက်မစ်ရှင်အောင်မြင်ခဲ့တာကို မစ်ရှင်မအောင်မြင်တဲ့အတွက် ငွေပေးချေမှုမရှိပါဆိုပြီး တိုက်ရိုက်လွှင့်နေတဲ့ ရုရှားသမ္မတရဲ့ မိန့်ခွန်းပြောနေတဲ့ဗီဒီယိုကို ပို့လာပါတယ်။ ဒီမှာပဲ အေးဂျင့်47တစ်ယောက် နောက်ကွယ်က အကြောင်းတရားကို ရှာဖွေရင်း သူ့မစ်ရှင်အောင်မြင်ဖို့ကြိုးစားတဲ့ အမိုက်စားအက်ရှင်ဇာတ်လမ်းဟောင်းလေးကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(959 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae ...
movie

Hitman (2008)

The Good Shepherd (2006) 6.7
The Good Shepherd (2006)  Robert De Niroက ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာ၊ပရိုဂျူဆာအပြင် သရုပ်ဆောင်အနေနဲ့လည်းပါဝင်ထားပါတယ်။ Matt Damon၊ Angelina Jolieနဲ့ Eddie Redmayneတို့လည်း အဓိကဇာတ်ကောင်အနေနဲ့ ပါဝင်ထားပါတယ်။ဇာတ်လမ်းက စီအိုင်အေအေးဂျင့်ဟောင်းတစ်ယောက်ရဲ့ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကို အခြေခံပြီး စီအိုင်အေရဲ့ ကနဦး ၀ရုန်းသုန်းကားအခြေအနေတွေကို အေးဂျင့်တယောက်ရဲ့ဘ၀ကနေတဆင့် ရှုမြင်ရိုက်ကူးတင်ဆက်ထားတာပါ။စီအိုင်အေအကြီးတန်းအရာရှိ အက်ဒ်ဝက်ကူလန်တစ်ယောက် သူတို့ဌာနအတွင်းမှာ သူသျှိုရှိနေတာကို သိလိုက်ရပြီး အိမ်ကိုပြန်ရောက်တဲ့အချိန် သူ့အိမ်တံခါးမှာ အထုပ်တစ်ထုပ်တွေ့ခဲ့တယ်။ အထုပ်ထဲမှာ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးရဲ့ အိပ်ရာပေါ်ကဓာတ်ပုံတွေရယ် အသံဖမ်းထားတဲ့တိပ်ခွေတွေကို တွေ့ရပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ မသဲကွဲခဲ့ပါဘူး။ဒီလို သူသျှိုဘယ်သူဘယ်ဝါမှန်းမသိတဲ့အချိန်မှာ ဇနီးဖြစ်သူနဲ့အဆင်မပြေ၊ သားဖြစ်သူကလည်း စီအိုင်အေထဲကို ဝင်ဖို့ဆုံးဖြတ်ပြီးပြီဆိုတဲ့ကြားမှာ အက်ဒ်ဝက်တစ်ယောက် မိသားစုနဲ့ အလုပ်ကြားကပြဿနာတွေကို ဘယ်လိုရင်ဆိုင်မလဲ။နောက်ပြီး သူ့အလုပ်မှာ သားဖြစ်သူက ဘယ်လိုပတ်သက်လာလဲဆိုတာရယ်ကို စိတ်ဝင်စားဖွယ်ရိုက်ကူးတင်ဆက်ထားပါတယ်။ File size…(1.9 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:47:00 Genre...Drama, History, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated ...
movie

The Good Shepherd (2006)

Boudica (2023)
Boudica (2023)  ရှေးဟောင်းဗြိတိန်မြေကို ရောမအင်ပါယာသိမ်းပိုက်ထားခဲ့စဥ်က ဗြိတိန်​ Iceni လူမျိုးစုရဲ့ဘုရင်မ Boudica ဟာ ဗြိတိန်ကို ရောမအင်ပါယာလက်အောက်ကလွတ်မြောက်စေဖို့ကြိုးပမ်းခဲ့ပုံသမိုင်းကြောင်းကို အခြေခံထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဗြိတိန်ဟာ အင်အားကြီးနိုင်ငံတစ်ခုဖြစ်ခဲ့ပေမယ့် ရောမရဲ့ကျူး​ကျော်သိမ်းပိုက်မှုခံရပြီးနောက်မှာ Iceni လူမျိုးစုတစ်ခုအဖြစ်ပဲ အင်အားကျန်ရစ်ပါတယ်။Iceni ရဲ့ဘုရင် Prasutagus ဟာ ရောမနဲ့သဘောတူညီမှုယူပြီး ကိုယ့်နယ်မြေနဲ့လူမျိုးစုကိုပဲအုပ်ချုပ်ရင်း ဇနီး Boudica နဲ့ သမီးနှစ်ယောက်နဲ့အတူ ငြိမ်းငြိမ်းချမ်းချမ်းနေနေပါတယ်။ဒါပေမယ့်ရောမရဲ့ဘုရင် Nero ဟာ ဗြိတိန်လူမျိုးထဲက ဘုရင်မတစ်ယောက် တော်လှန်လာမယ်ဆိုတဲ့ ဟောကိန်းတွေကိုကြားတဲ့အခါ အမျိုးသမီးတွေခေါင်းဆောင်နေရာရှိတာ သြဇာလွှမ်းမိုးမှုရှိတာကို တားမြစ်တဲ့အမိန့်ထုတ်လိုက်ပါတယ်။Iceni ဘုရင် Prasutagus ဟာလည်း ကံကြမ္မာဆိုးနဲ့တွေ့သွားပြီး ဇနီး Boudica က ဘုရင်မအနေနဲ့တစ်ဦးတည်းအုပ်ချုပ်ဖို့ဖြစ်လာတဲ့အခါ ရောမဘုရင်ရဲ့အမိန့်ကိုဆန့်ကျင်ဖို့အကြောင်းဖန်လာပြီး ရောမနဲ့ဘယ်လိုရင်ဆိုင်တိုက်ခိုက်လာရမလဲဆိုတာ ရှုစားရမှာဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Action, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyi T ...
movie

Boudica (2023)

Underworld: Blood Wars(2016) 6.5
Underworld: Blood Wars(2016) Underworld: Blood Wars(2016)*****************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)     File size… 1.05GB& 429MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 31min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Blood Wars(2016)

As I Am (2019) 6.0
As I Am (2019) ကျောင်းသားဘဝ (၁) ပတ်သာ ကျန်တော့တဲ့ ကိုင် နဲ့သူငယ်ချင်းတစ်သိုက်တို့ နောက်ဆုံးစာမေးပွဲဖြေဖို့ လုံးပမ်းရင်းနဲ့မှသူတို့အတွက် ဒဏ္ဍာရီတွင်စရာ ကိစ္စတစ်ခုတော့ကျန်ခဲ့အောင် ကြိုးစားဖို့ တိုင်ပင်ကြပါတော့တယ်. Coming-of-Age Movie အမျိုးအစားလေးဖြစ်တဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဓိကဇာတ်ကောင် ကိုင်ရဲ့ ဘဝရွေးချယ်မှုတွေ၊ဘဝတစ်ဆစ်ချိုးအချိန်မှာ ကြုံတွေ့ရတဲ့ အခက်အခဲများကို ဖြတ်သန်းရင်း ဘဝရဲ့ နောက်တစ်ဆင့်ကို တက်လှမ်းရပုံတွေကိုပေါ့ပေါ့ပါးပါး အခိုက်အတန့် များ နဲ့ လေးနက်အရေးကြီးတဲ့ ဇာတ်ကွက်များ ပေါင်းစပ်ထားတာကို တွေ့နိုင်ပါတယ်၊ ဇာတ်လမ်းအနေနဲ့ ပြောရရင်လည်း ဇာတ်ရှိန်အတက်နှေးပေမယ့် နောက် ဘာဆက်ဖြစ်မလဲဆိုတာကို မခန့်မှန်းနိုင်တဲ့အချက်ကပဲဒီဇာတ်လမ်းလေးကို စီးမျောစေတဲ့အချက်လို့ ဆိုရပါလိမ့်မယ်.အချုပ်အနေနဲ့ ပြောရရင် အင်္ဂလန်ကျေးလက်ဒေသကို အခြေခံထားတဲ့ ဒီဇာတ်လမ်းကတော့ကျောင်းသားဘဝ အချစ်ရေးကိုလည်း အလှည့်အပြောင်း၊ ရှုပ်ထွေးမှုတွေ နဲ့တင်ဆက်ထားတဲ့အပြင် ကိုင်ရဲ့ တည်ငြိမ်လေးနက်တဲ့ ဒဿနတွေနဲ့ တစ်ဖက်ကကျောင်းသားဘဝရဲ့ ပေါ့ပါးမှု၊ လွတ်လပ်မှု၊ အရိုင်းဆန်မှု၊ ဗရုတ်ကျမှုများကိုလည်းအချိုးကျစွာ ဟာသနှောသရုပ်ဖော်ထားနိုင်တာကို တွေ့ရပါတယ်. File size…  1.74 GB /  752 MB Quality… WEB Dl 1080p ...
movie

As I Am (2019)

2019
Bridget Jones’s Baby (2016) 6.5
Bridget Jones’s Baby (2016) Bridget Jones's Baby (2016)~ IMDb - 6.5/10, RT - 78%, Meta - 59% ~ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က‌ တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်‌နေခဲ့ပါတယ်။အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘ‌တွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ...
movie

Bridget Jones’s Baby (2016)

2016
The Devil Conspiracy (2022)
The Devil Conspiracy (2022) The Devil Conspiracy (2022)ကမ္ဘာဦးအစ ဒုတိယနေ့ အာရုဏ်ဦးမှာ ဘုရားသခင်ဟာ ကောင်းကင်ဘုံနဲ့ မြေကြီးကို ဖန်ဆင်းတော်မူခဲ့ပါတယ်။ ပြီးနောက် ကြီးမြတ်တော်မူသော နတ်သားတွေကို ဖန်ဆင်းခဲ့တယ်။ အဲဒီနတ်သားတွေဟာ ကောင်းကင်မှာ စံပယ်ကြတယ်။ ဘုရားသခင်ရဲ့ ဖန်ဆင်းမှုတွေထဲ အရေးအပါဆုံးတစ်ခုဖြစ်ခဲ့တဲ့ လူစီဖာဟာ အဲဒီနတ်သားတွေထဲက တစ်ယောက်ပေါ့။ လူစီဖာဟာ မောနင်းစတားလို့အမည်တွင်တဲ့အထိ ကောင်းမြတ်ခြင်းတွေ ပြည့်နေသလို တစ်ချိန်တည်းမှာ မာနနဲ့အတ္တကလည်းကြီးပြန်တယ်။ ဒီတော့ လူစီဖာက ဘုရားသခင်ကို ပုန်ကန်ပြီး ကိုယ်ပိုင်အာဏာဖန်တီးဖို့ ဆုံးဖြတ်ခဲ့တယ်။ တခြားနတ်သားတွေကိုလည်း စည်းရုံးခဲ့တယ်။ ဒီနောက် မိုက်ကယ်နဲ့ တိုက်ခိုက်ခဲ့တယ်။ မိုက်ကယ်နဲ့လူစီဖာဟာ ကောင်းကင်တလင်းမှာ စီးချင်းထိုးကြတယ်။ဒီဇာတ်လမ်းက လူစီဖာ ဘုရားသခင်ကို ပုန်ကန်လို့ မိုက်ကယ်နဲ့ လူစီဖာ စစ်ခင်းကြတဲ့အချိန်က စတယ်။ မိုက်ကယ်နဲ့ လူစီတိုက်ခိုက်ကြရင်း လူစီဖာ ကောင်းကင်ဘုံက ပြုတ်ကျလာတယ်။ ကမ္ဘာပေါ် သူပြုတ်ကျသွားတဲ့ကျင်းကြီးက ငရဲထိပေါက်တယ်။ မိုက်ကယ်က လူစီဖာကို ...
movie

The Devil Conspiracy (2022)

2022
Bridget Jones: The Edge of Reason (2004) 6
Bridget Jones: The Edge of Reason (2004) Bridget Jones: The Edge of Reason (2004)ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones's Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလား‌ဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့‌ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ ...
movie

Bridget Jones: The Edge of Reason (2004)

2004
Atomic Blonde (2017) 6.7
Atomic Blonde (2017) Atomic Blonde (2017) IMDb - (6.7) /RottenTomatoes - 79%အကယ်ဒမီဆုရှင် မင်းသမီးချော Charlize Theron သရုပ်ဆောင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းကားပါ။ လျှို့ဝှက်အေးဂျင့်တစ်ယောက် ထူးဆန်းစွာ အသတ်ခံလိုက်ရတဲ့အတွက် အစိုးရအနေနဲ့ ဒီလူသတ်မှုကိုဖော်ထုတ်ဖို့ MI6 အဆင့်ရှိ အေးဂျင့်တစ်ယောက်ကိုရွေးချယ်လိုက်တယ် သူကတော့ Charlize Theron...... သူမဟာ အမှုစုံစမ်းဖို့ ဘာလင်ကိုရောက်ရှိလာခဲ့တယ်.... တကယ်တော့ အေးဂျင့်သတ်ခံရမှုဟာ သူမ ထင်ထားတာထက် လျှို့ဝှက်နက်နဲနေပါတယ်... သူမ ရင်ဆိုင်ရတဲ့အဖွဲ့အစည်းက အင်အားကြီးသလို မထင်ထားတဲ့သူတွေလည်း ပါဝင်ပတ်သက်နေလေတော့ သူမဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ .... အခက်အခဲတွေကြားက ရုန်းထွက်နိုင်မလားဆိုတာကိုတော့..... Charlize ရဲ့ အလန်းစားဖိုက်တင်ခန်းတွေပါကြည့်ရမဲ့အပြင် Professor X အဖြစ် လူသိများတဲ့ James McAvoy ရဲ့ သရုပ်ဆောင်ချက်တွေကိုပါ ကြည့်ရှူရမှာပါ။R Rated ဇာတ်ကားဖြစ်လို့ အကြမ်းအရမ်းခန်းများများနဲ့ ကလေးသူငယ်တွေတော့ မကြည့်သင့်ပါဘူး။ File size…(4.8 GB)/(1.6 GB) /(930 MB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:54:45 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated ...
movie

Atomic Blonde (2017)

2017
4K HEVC
Hounded (2022) 7.8
Hounded (2022) Hounded (2022) ============တစ်ခါတလေ ကိုယ့်ရဲ့အိပ်မက်တွေထဲမှာ နောက်ကလိုက်ဖမ်းတဲ့သူတွေ လက်ထဲကနေ လွတ်အောင်တရစပ်ပြေးနေရတာမျိုး မက်ဖူးကြမယ် ထင် ပါတယ်။ တချို့ဆို မောဟိုက်ပြီးတော့တောင် လန့်နိုးလာတတ်ကြပါသေးတယ်။ ဒီဇာတ်ကားကတော့ အိပ်မက်ကမ္ဘာထဲမှာတင်မဟုတ်ဘဲ အပြင်လောကမှာပါ ကိုယ်ပြေးနိုင်မှ ကိုယ်ရှင်သန်ကျန်ရစ်မယ့် ဇာတ်ကားလေးပါ။လီယွန်၊ ချားဇ်၊ ဗစ် နဲ့ တော့ဒ် တို့လေးယောက်က ရှေးဟောင်းပစ္စည်းတွေကို လိုက်ခိုးပြီး ရောင်းစားကြတဲ့ သူခိုးလက်သစ်လေးယောက်ပါ။ တစ်နေ့မှာ အခမ်း အနားသုံးဓား လို့ နာမည်ကျော်ပြီး အရမ်းတန်ဖိုးရှိတဲ့ဓားတိုလေးတစ်လက်ကို ခိုးယူဖို့ ရွာတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်ခုဆီ ရောက်လာခဲ့ကြပါတယ်။အဲဒီဓားကို မခိုးယူနိုင်ခင်မှာပဲ အိမ်ရှင်အမျိုးသမီးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အဲဒီဒေသရဲ့ ထူးဆန်းတဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်။ ကွင်းပြင်ကျယ်တွေ တောအုပ်တွေထဲ ကြိုက်သလောက်ပြေး သတ်မှတ်တဲ့အချိန်ရောက်ရင် နောက်ကနေ အမဲလိုက်ခွေးတွေနဲ့ လိုက်ပြီး လူတွေကို လိုက်သတ်တဲ့ ကျောချမ်းဖွယ်ရာ အမဲ လိုက်ခြင်းမျိုးပါ။ ဒီအမဲလိုက်ခြင်းကနေ ဘယ်သူအသက်ရှင်ကျန်ရစ်မလဲဆိုတာကိုတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာများနဲ့ အတူ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.6 GB) / ...
movie

Hounded (2022)

2022
Never Back Down: Revolt (2021) 4.9
Never Back Down: Revolt (2021) Never Back Down : Revolt (2021)ဒီကားလေးက ၂၀၀၈ခုနှစ်ကထွက်ခဲ့တဲ့ Never Back Downကို Revolt လုပ်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ။ရောမခေတ်က လူတွေကိုသတ်ကွင်းထဲထည့်ပြီး အချင်းချင်းသတ်ခိုင်းပြီး ကြည့်ကြသလိုပဲ။တိုက်ရည်ခိုက်ရည်ရှိတဲ့အမျိုးသမီးတွေကို လိမ်ညာလှည့်စားခေါ်ပြီးတော့ အချင်းချင်းထိုးခိုင်းတဲ့ကားပါ။ဇာတ်လမ်းအကျဉ်းကတော့အစ်ကိုဖြစ်သူက မြေအောက်လက်ဝှေ့လောကမှာ လုပ်ပွဲလုပ်ဖို့ သဘောတူခဲ့ပြီးမှ ချိုးဖောက်ခဲ့လို့ သူဌေးကြီးတစ်ယောက်ဆီမှာအကြွေးတင်သွားရာကနေစပါတယ်။အစ်ကိုနဲ့ညီမနှစ်ယောက်တည်းရှိတာဆိုတော့ အစ်ကို့ရဲ့အဲ့ဒီအကြွေးအတွက် ညီမဖြစ်သူကဆပ်ပေးဖို့လုပ်ရာကနေ..... ဒီဇာတ်ကားလေးက သကာရည်လောင်းထားတဲ့မစင်ပုံကြီးလိုမျိုး တချို့လူတွေက အပေါ်ယံချိုမြိန်မှုတွေနဲ့ ကိုယ့်ယုံကြည်မှုကို ရယူပြီး ရောင်းစားသွားတတ်တာကိုပြသွားတဲ့ အမျိုးသမီးဖိုက်တာကားပဲ ဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Chit Tee ပဲ ဖြစ်ပါတယ်။Genre.....Action, Drama, Sports Quality….WEB-DL 1080p and 720p and 480p File size…1.2GB and 912MB and 479MB Format…mp4 Duration….1h 29min Subtitle….Myanmar Subtitle (Hardsub) Translator .....Chit Tee Encoder .....August
movie

Never Back Down: Revolt (2021)

2021
The Sonata(2019) 5.5
The Sonata(2019) The Sonata(2019)(unicode) ဒီဇာတ်ကားလေးကတော့ Freya Tingleyနဲ့ Simon Abkarianတို့က အဓိကပါဝင်တင်ဆက်ထားတာပါ။ဒီဇာတ်လမ်းလေးကတော့ အဓိကဇာတ်ဆောင်ဖြစ်တဲ့Rose Fisherက နာမည်ရခါစ တယောပညာအဖြစ်အသက်မွေးနေတဲ့ အချိန်မှာ အဖေRichard Marloweဖြစ်သူက ဆုံးပါးသွားတဲ့သတင်းကိုကြားလိုက်ရတယ်။အဖေဖြစ်သူက ငယ်ငယ်လေးကတည်းမိသားစုကို ပစ်ပြီး ရုတ်တရတ်ထွက်ထားခဲ့တဲ့အတွက် အဖေက သူ့ဘဝမှာမလိုအပ်ဘူးလို့ နှုတ်ကပြောနေပေမဲ့ စိတ်ထဲမှာတော့ မေတ္တာစိတ်ကရှိနေဆဲပေါ့။ဒီလိုနဲ့ ရှေ့နေနဲ့သွားတွေ့တော့ ကျန်ရစ်ခဲ့တဲ့ သူပစ္စည်း​တွေရယ်၊ နောက်ဆုံးနေခဲ့တဲ့ ပြင်သစ်ကအိမ်သော့ကို လွှဲပေးလိုက်တော့ အဲ့အိမ်ကိုသွားကြည့်လိုက်တဲ့အခါမှာ သူအဖေဘယ်သူမှ​မပြောခဲ့ လျှို့ဝှက်ချက်တွေက ဘယ်လိုအသက်ဝင်လာမလဲ။သူအေးဂျင့်ဖြစ်တဲ့ Charles Vernaisကလဲ ဘယ်လိုတွေကူပေးရပြီး သူ့အကူအညီက ကောင်းရာဘက်ကို ဦးတည်သွားမလား... နှစ်ယောက်သားဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာ Latvian National Film Award Lielais Kristaps for Best Fiction Film Cinematographerဆုရထားတဲ့ ကားလေးမို့ ပိတ်ကားပေါ်မှာ အတူစီးမျောကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint Aung ပဲဖြစ်ပါတယ်...(zawgyi) ဒီဇာတ္ကားေလးကေတာ့ ...
movie

The Sonata(2019)

Agent Cody Banks 2: Destination London (2004) 4.5
Agent Cody Banks 2: Destination London (2004) Agent Cody Banks 2: Destination London ဟာ ၂၀၀၄ ခုနှစ်​က ဆက်​လက်​ထွက်​ရှိတဲ့ ဇာတ်​ကားတစ်​ကားပါဒီဇာတ်​ကားမှာ​တော့ ကိုဒီတစ်​​ယောက်​ သံစုံတီးဝိုင်​း​ကျောင်​းသားအဖြစ်​ဟန်​​ဆောင်​ရင်​း လန်​ဒန်​မှာ စုံစမ်​း​ရေးတာဝန်​ထမ်​း​ဆောင်​ရမှာဖြစ်​ပါတယ်​....တာဝန်​က​တော့ လျိှု့ဝှက်​လက်​နက်​တစ်​ခုဖြစ်​တဲ့ စိတ်​ထိန်​းချုပ်​ကိရိယာကို တားဆီးရမှာဖြစ်​ပါတယ်​.....တာဝန်​ထမ်​း​ဆောင်​ရင်​း MI 6 ​အေးဂျင်​့ဖြစ်​သူ အတန်​း​ဖော်​သူငယ်​ချင်​း Emily နဲ့အတူပူး​ပေါင်​းပြီးလှုပ်​ရှားဖို့အ​ကြောင်​းဖန်​လာခဲ့ပါတယ်​.....သူဘယ်​လိုအခက်​အခဲ​တွေကြုံဦးမှာလဲ....တာဝန်​ကို​အောင်​မြင်​​အောင်​ထမ်​း​ဆောင်​နိုင်​မလားဆိုတာ ​ကြည်​့ရှုခံစားလိုက်​ဦး​နော်​.....File Size : (950 MB) and (330 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre :Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p BluRay x264-Yify Translated by Myat Noe Wutt Yi Encoded by Thanhtike ...
movie

Agent Cody Banks 2: Destination London (2004)

2004