Channel Myanmar

James Longshore

Diaz – Don’t Clean Up This Blood (2012) 7.3
Diaz – Don’t Clean Up This Blood (2012)  IMDb Rating 7.3 အထိရရှိထားတဲ့ Diaz - Don't Clean UpThis Blood ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဘယ်ဖြစ်ရပ်မှန်ကိုအခြေခံထားတာလည်းဆိုတော့2001 ခုနှစ်တုန်းကအီတလီမှာပြုလုပ်ခဲ့တဲ့ G8 ညီလာခံမှာဆူပူသောင်းကျန်းဆန္ဒပြမှုတွေဖြစ်ခဲ့ပြီး အဲ့ဒီနောက်ဆက်တွဲဖြစ်ခဲ့တဲ့အရာတွေကို အခြေခံထားတာပဲဖြစ်ပါတယ်။အဲ့ဒီအထိကရုဏ်းတွေဖြစ်ခဲ့တဲ့အချိန်မှာ ရဲတွေရဲ့ပစ်ခတ်မှုကြောင့် လူငယ်တစ်ယောက်သေဆုံးသွားခဲ့ရပြီး ဆန္ဒပြမှုတွေအရှိန်အဟုန်ပိုတိုးလာခဲ့ပါတယ်။ရဲတွေဘက်ကလည်း အဲ့ဒီဆန္ဒပြသူတွေကိုနှိမ်နင်း ဖမ်းဆီးဖို့ကြိုးစားနေခဲ့ကြပါတယ်။တစ်နေ့မှာတော့ ဆန္ဒပြသူတွေပုန်းခိုနေတဲ့ နေရာအတိအကျသတင်းရသွားပြီး ဝင်ရောက်စီးနင်းခဲ့ပါတော့တယ်။ဒါပေမယ့်ရဲတွေရဲ့ ထုံးစံအတိုင်းဖမ်းဆီးတာကို ရိုးရိုးတန်းတန်းမဖမ်းဆီးပဲအကြမ်းဖက် ရိုက်နှက်ပြီးဖမ်းဆီးခဲ့ပြီး အဲ့ထဲမှာသတင်းထောက်တွေဂျာနယ်လစ်တွေပါနေတဲ့အခါမှာတော့ သူတို့ရဲ့ရက်စက်မှုတွေကိုတစ်ကမ္ဘာလုံးသိအောင်ဖော်ပြခဲ့ပုံကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.52GB / 1.21GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h 7m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Diaz – Don’t Clean Up This Blood (2012)

The Emigrants (2021) 6.8
The Emigrants (2021) ဒီကားလေးကတော့ ၂၀၂၁ မှာ ထွက်ရှိတဲ့ ဆွီဒင် ဥရောပ ဇာတ်ကားလေးပါ။1970 မှာ ရိုက်ခဲ့တဲ့ နာမည်တူ ဆွီဒင်ဇာတ်ကားကိုပဲ remake ပြန်ရိုက်ထားတာပါ။သမိုင်းနောက်ခံ အချက်အလက်မှန်မှန်နဲ့ ရင်ထဲထိအောင်ရိုက်ပြနိုင်တဲ့ ဥရောပ ဒရာမာကား ကောင်းကောင်းကို ကြည့်ချင်ရင်တော့ဒီဇာတ်ကားလေးကို ကြည့်သင့်ပါတယ်။ ပထမကမ္ဘာစစ်မဖြစ်ခင် 1840 ဝန်းကျင်တဝိုက် ဆွီဒင်မှာ သီးပင်စားပင်စိုက်ရခက်ပြီးစားနပ်ရိက္ခာရှားပါး ငတ်ပြတ်နေချိန် အော်စကာနဲ့ ခရစ္စတီးနားတို့ လင်မယား ကလေးတွေရှေ့ရေးအတွက်အမေရိကကို လှေနဲ့သွားပြီး ပြောင်းရွှေ့အချေချဖို့ လုပ်ကြတယ်။ အဲ့အချိန်ကအမေရိကန်ဟာ နိုင်ငံစတည်ကာစ ဖြစ်ပြီး လူ့အခွင့်အရေးအပြည့်အဝရတဲ့လွတ်လပ်သောနိုင်ငံ တစ်ခုဖြစ်နေတဲ့အချိန်ပေါ့။ ခင်ပွန်းဖြစ်သူက မိသားစုရှေ့ရေးအတွက်အမေရိကမှာ အခြေချဖို့ မကြောက်ပေမယ့် ခရစ္စတီးနားကတော့ သမားရိုးကျဆန်တဲ့ဘာသာရေး ကိုးကွယ်သူ ပီပီယဥ်ကျေးမှု မတူတဲ့ အရပ်ဟာ သူ့အတွက်နေပျော်မယ့် အရပ်ဖြစ်ပါ့မလားတွေးရင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကားကို ပြောင်းရွှေ့အခြေချဖိို့ လိုက်ခဲ့တာပေါ။ ဒီကားထဲမှာဘာသာရေးအယူဝါဒကွဲပြားမှုကြေင့် ချစ်ခင်ကြသူတွေ သွေးကွဲကြတယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်။ ရှေးရိုးဆန်တဲ့ အယူဝါဒတွေနဲ့ လူကိုလူလိုမြင်တတ်မှုလူသားဆန်မှုတွေကြား ခရစ္စတီးနားတစ်ယောက် ...
movie

The Emigrants (2021)

2021
The World to Come (2020) 6.1
The World to Come (2020) The World to Come (2020)====================IMDb Rating - 6.1/10ဒီရုပ်ရှင်ကတော့ ဒရာမာ စစ်စစ်လေးပါ။ နာမည်ကျော်သရုပ်ဆောင်တွေနဲ့ ဇာတ်ကောင် လေးယောက်ကိုအဓိကထားပြီး တင်ဆက်ထားတာပဲ ဖြစ်ပါတယ်။ လက်စ်ဘီယန်အချစ်အကြောင်းလည်းဖြစ်ပါတယ်။လယ်သမား လင်မယားနှစ်ယောက် မိတ်ဆွေဖွဲ့ရင်း ဖြစ်လာတဲ့ လူမှုရေး ကိစ္စ တွေကိုမှ ကဗျာဆန်ဆန်ပြသထားသလို အမျိုးသမီးတွေ ဖိနှိပ်ခံရမှုကိုလည်း အဲဒီခေတ်နဲ့ အညီ သရုပ်ဖော်ထားလို့ တကယ့်ဝတ္ထုကောင်းလေးတစ်အုပ်ကို ဇိမ်နဲ့ ထိုင်ဖတ်နေရသလိုပါပဲ။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 45minSubtitle – Myanmar HardsubFormat – Mp4Genre : DramaSource : 1080p.WebRipTranslator – LittleneoEncoder – SWM
movie

The World to Come (2020)

2020
High Strung (2016) 6.4
High Strung (2016) High Strung (2016) IMDb - 6.4/10_____Rotten - 75%  High Strung ဇာတ်ကားသည် IMDb(6.4) ရရှိထားပြီး ပရိတ်သတ်များ မထင်မှတ်ထားလောက်သော အမြင်မှ ရိုက်ကူးပြထားသည်။ ဘဲလေးအကပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပုံများ ၊ ဘဲလေး အကတင်သာမက ခေတ်ပေါ်အကများပါ ကျွမ်းကျင်အောင်လေ့ကျင့်ရသော အနောက်နိုင်ငံများမှ ဘဲလေး အကပညာရှင်များ လေ့ကျင့်ပုံများကို အသေးစိတ်ရိုက်ကူးပြထားသည်။ Street Dance သမားများ၏ ဘဝ အခက်အခဲများ ကြိုးစားကြပုံများ ၊ Street Dance ဟုခေါ်ဆိုရလောက်အောင် အကပြိုင်ပွဲများ လေ့ကျင့်ပုံများကို ရိုက်ကွက်လှလှများနှင့် အသေအချာ အကျအန ရိုက်ပြသွားသည်။ တယောပညာကို ပြန်လည်ဖော်ဆောင်ထားသည်။တယော ပညာရှင်နှစ်ဦး၏ ပြိုင်ပွဲကိုလည်း သံစဉ်များနှင့် ယှဉ်ပြိုင်ကာ ရိုက်ကူးပြထားသည်။ တယောသံနှင့် ခေတ်ပေါ်ဂီတပေါင်းစပ်လို့ရကြောင်းကိုလည်း idea အသစ်တစ်မျိုးနှင့်ဖော်ပြထားသည်။ ထိုသို့မထင်ထားသောအရာများကို ပေါင်းစပ်ပြီး ရိုက်ကူးပြထားသော High Strung ဇာတ်ကားသည် အရင်က Street Dance ဇာတ်ကားများနှင့်မတူပဲ ...
movie

High Strung (2016)

2016