Channel Myanmar

James McCauley

Kiss of Death(1995) 7.0
Kiss of Death(1995) Kiss of Death(1995)******************ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့ မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့ မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီး ကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင် ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ...ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ... ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်File Size :(2.1GB) (980 MB) and (268 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:41:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by ...
movie

Kiss of Death(1995)

The Jackal(1996) 7.0
The Jackal(1996) The Jackal(1996) အညွှန်း********************* Bruce Willis  နဲ့ Richard Gere  တို့အပြိုင်ကျဲထားပါတယ်.. အမေရိကန် FBI အဖွဲ့ဟာ ရရှားဗိုလ်ကြီးခိုစလိုဗာနဲ့အတူ ရရှားမူးယစ်ရာဇာဂိုဏ်းတစ်ခုကိုဝင်စီးရင်း ထိတ်ထိတ်ကြဲ မာဖီးယားခေါင်းဆောင် တဲရက်ရဲ့ ညီကို မတော်တဆ ပစ်သတ်ခဲ့မိပါတယ်။အဲဒီမှာ ဒေါသထွက်သွားတဲ့ တဲရက်ဟာ အမေရိကန်တွေကို ကလဲ့စားပြန်ချေဖို့ FBI အဖွဲ့ဒါရိုက်တာဘရောင်းကိုလုပ်ကြံမယ်ဆိုပြီး လုပ်ကြံသတ်ဖြတ်ရာမှာ တဖက်ကမ်းခတ်နေတဲ့ဝံပုလွေငယ်ဆိုတဲ့ကြေးစားကို ငှါးရမ်းခဲ့ပါတော့တယ်။အဲဒီဝံပုလွေငယ်ဆိုသူဟာ လုပ်ကြံသတ်ဖြတ်မှုပေါင်း မနည်းမနောလုပ်ခဲ့ဖူးတဲ့လူဖြစ်ပေမယ့် ဖမ်းမိဖို့ဝေးစွ သူ့ပုံပန်းသဏ္ဍာန်ကို မြင်ဖူးတဲ့သူတောင် လက်ချိုးရေလို့ရပါသတဲ့။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့.....  File Size :(2.1GB)(878 MB) and (224 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:04:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae
movie

The Jackal(1996)

Donnie Brasco (1997)
Donnie Brasco (1997) IMDb Rating(7.7) / Rotten Tomatoes (88%)ကပ္ပတိန်ဂျက်စပဲရိုးဇာတ်ရုပ်နဲ့အထူးတလည်မိတ်ဆက်ပေးစရာမလိုအောင် နာမည်ကြီးလှတဲ့ Johnny Depp နဲ့ အော်စကာလျာထားစာရင်းကိုးကြိမ်ဝင်ခဲ့ပြီး တစ်ကြိမ်ရရှိ၊ ရွှေကမ္ဘာလုံးဆု ၁၈ ကြိမ်လျာထားခံခဲ့ရပြီး (လေးဆုရရှိ)ခဲ့၊ BAFTA , Emmy Eward စတဲ့ဆုပေါင်းမြောက်များစွာပိုင်ရှင် မင်းသားကြီး Al Pacino (Godfather Trilogy) တို့က အဓိကဇာတ်ဆောင်နှစ်ဦးအဖြစ်ပါဝင်ထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီးတော့ အကောင်းဆုံး Gangster ရုပ်ရှင်တွေ၊ Organized Crime Thrillers တွေအကြောင်းပြောမယ်ဆိုရင်ချန်လှပ်ထားလို့မရတဲ့ အထင်ကရဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။Donnie Brasco ဟာ ၁၉၇၀ ဝန်းကျင်၊ နယူးယောက်ခ်က Bonanno ဒုစရိုက်မိသားစုထဲစိမ့်ဝင်ထောက်လှမ်းခဲ့တဲ့ အက်ဖ်ဘီအိုင် သူလျှိုအေးဂျင့် Pistone (Johnny Depp) ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအလွတ်သဘောအခြေခံထားတာဖြစ်ပါတယ်။ဘရက်စကိုဟာ အရွယ်ရနေပြီဖြစ်တဲ့ မာဖီးယားလက်မရွံ့တစ်ယောက်ဖြစ်တဲ့ Lefty Ruggiero (Al Pacino) ကြီးကိုချဉ်းကပ်ပြီး သူ့ရဲ့ယုံကြည်မှုအားပေးထောက်ခံမှုတွေကိုရအောင်ကြိုးစားရင်းနဲ့ မာဖီးယားဂိုဏ်းထဲကို အတွင်းကျကျနေရာယူနိုင်ခဲ့ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ ဒုစရိုက်သမားဖြစ်ပေမယ့် သူ့အပေါ်တကယ်နှစ်နှစ်ကာကာသံယောဇဉ်ကြီးရှာတဲ့ Lefty နဲ့ညီရင်းအစ်ကိုလို ဆက်ဆံရေးခိုင်မာနက်ရှိုင်းလာခဲ့တဲ့ အလုပ်တာဝန်နဲ့ ကျင့်ဝတ်တွေစောင့်ထိန်းရမယ့် စည်းတွေကြားဗျာများလာတဲ့အခါ...။Action,Crime ...
movie

Donnie Brasco (1997)

The Amazing Spider-Man 2 (2014) 6.7
The Amazing Spider-Man 2 (2014) ဒီဇာတ်ကားက ကျွန်တော် အရမ်းကြိုက်ခဲ့တဲ့ Spider-Man ကာတွန်းဇာတ်လမ်းထဲက ဇာတ်လမ်းတစ်ချို့ကို အခြေခံပြီး ရိုက်ကူးထားသလို၊ Visual Effect ကလည်း အရမ်းကောင်းပါတယ်။ ဒါ့အပြင် Spider-Man Web ပစ်ပြီး လေထဲမှာ သွားတဲ့ အခန်းတွေက တကယ် ကြည့်လို့ကောင်းပြီး၊ Electro နဲ့ ရင်ဆိုင်တဲ့ အခန်းမှာလည်း Slow Motion ကို လိုအပ်သလောက် ထည့်ပြီး ပညာသား ပါပါ အသုံးပြုသွားပါတယ်။Superheros ရုပ်ရှင် ကားတွေထဲမှာ လက်ရှိအချိန်ထိ ကျွန်တော့် အကြိုက်ဆုံး ဇာတ်ကားတွေကThe Dark Knight နဲ့ Avengers တို့ဖြစ်ပါတယ်။ ဒီကားက အဲ့ဒီ နှစ်ကား လောက် စိတ်လှုပ်ရှားမှုမပေးနိုင်သလို၊ ဇာတ်ရှိန် အတက်အကျမကောင်းပေမယ့်၊ လက်ရှိအချိန်မှာတော့ အကောင်းဆုံး Spider-Man ကားလို့ တောင် ပြောလို့ရပါတယ်။ Original Spider-Man 2 ...
movie

The Amazing Spider-Man 2 (2014)

2014
4K HEVC
I Am Legend (2007) 7.2
I Am Legend (2007) I Am Legend 2007==============#UnicodeIMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။ Quality – 1080P, ...
movie

I Am Legend (2007)

2007