Channel Myanmar

James Nesbitt

Five Minutes of Heaven (2009)
Five Minutes of Heaven (2009)  1970 ကာလမှာ အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖက်စ်မြို့မှာ အဲလစ်စတာလစ်‌တဲဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျိုးဂရစ်ဖင်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့အစ်ကိုကို အကြောင်းကိစ္စတစ်ခုကြောင့် ပစ်သတ်ခဲ့ပါတယ်။နှစ်၃၀အကြာမှာတော့ ခေတ်တွေပြောင်းလဲသွားပြီး ဂျိုးဂရစ်ဖင်နဲ့ အဲလစ်စတာတို့ဟာ တီဗီအစီအစဉ်တစ်ခုက အဖွဲ့သားတွေရဲ့ချဉ်းကပ်မှုကြောင့် ဂျိုးဂရစ်ဖင်ဟာ သူ့အစ်ကိုကိုသတ်ခဲ့တဲ့လူသတ်သမားကို နှစ်၃၀အတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ဆုံဖို့ရာအကြောင်းဖန်လာခဲ့ပါတယ်။‌တီဗီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်က ဂျိုးဂရစ်ဖင်တို့နှစ်‌ယောက်ကို ပြန်လည်သင့်မြတ်စေဖို့ရည်ရွယ်တာဖြစ်ပေမဲ့ ဂျိုးဂရစ်ဖင်ကတော့ အစ်ကိုတစ်ယောက်လုံး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာတောင် မတ်တပ်ရပ်ကြည့်နေခဲ့တဲ့အတွက် အမေဖြစ်သူရဲ့ နှစ် ၃၀ လုံးလုံးအပြစ်တင်လာတာကို ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေနဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး တစ်ဘ၀လုံးစာစောင့်ဆိုင်းခဲ့ရတဲ့ လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ရာကြံ‌စည်နေခဲ့ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ဦး တကယ်တွေ့ဆုံကြတဲ့အချိန်မှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ၊ ဂရစ်ဖင်တစ်ယောက်ရော သူဖြစ်ချင်နေခဲ့တဲ့အတိုင်း နှစ်၃၀လုံးလုံး တေးလာခဲ့ရတဲ့ရန်ကြွေးကိုဆပ်လိုက်မလား၊ အဲလစ်စတာအနေနဲ့ရော အတိတ်က သူလုပ်ခဲ့မိတဲ့အပြစ်အတွက် ပေးဆပ်သွားမှာလားဆိုတာကိုတော့... File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Five Minutes of Heaven (2009)

Matching Jack (2010) 6.4
Matching Jack (2010) Matching Jack (2010)=================IMDb Rating - 6.4/10ဒီတစ်ခေါက်မှာတော့ imdb မှာ 6.4 ထိရရှိထားတဲ့ အင်္ဂလိပ်မိသားစု ဒရမ်မာ ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေသွေးကင်ဆာဆိုတဲ့ ရောဂါဟာ ခြင်ဆီအစားထိုး ကုသမှပျောက်ကင်းနိုင်တဲ့ရောဂါမျိုးပါ။ ခြင်ဆီအစားထိုးဖို့ ဆိုရင်တောင် ထပ်တူညီတဲ့ ခြင်ဆီရဖို့ မွေးချင်းညီအစ်ကို မောင်နှမကြားတောင် သုံးပုံတစ်ပုံပဲအခွင့်အရေးရှိပါတယ်။ ဒီဇာတ်လမ်းမှာ အိုင်တွေ့တိုင်းခြေဆေးတတ်တဲ့ ဖခင်နဲ့ သားကိုသခင် လင်ကိုဘုရားအသွင် ကိုးကွယ်ထားတဲ့ မိခင်တို့ရဲ့အချစ်ဆုံးသားလေး တစ်ယောက် သွေးကင်ဆာဖြစ်လာတဲ့အခါ၊သားလေးရဲ့ခြင်ဆီနဲ့ထပ်တူညီတဲ့ ခြင်ဆီအလှူရှင်ရနိုင်ဖို့ မိခင်တစ်ယောက်အနေနဲ့ ဘယ်လိုများကြိုးစားမှာလဲ သူတို့အိမ်ထောင်ရေးအဆင်မပြေမှုတွေကရော ကလေး အပေါ်ဘယ်လိုအကျိုးသက်ရောက်မလဲ ကလေးရဲ့ ခြင်ဆီနဲ့ ကိုက်ညီတဲ့ ခြင်ဆီအလှူရှင်ကိုရော ရနိုင်မလားဆိုတာတော့ ရုပ်ရှင်မှာပဲ လိုက်ပါစီးမျော ခံစားလိုက်ပါဦး...ဒီဇာတ်လမ်းဟာရောဂါအသားပေးဆိုတာထက် မိဘမေတ္တာကို အဖက်ဖက်က ပုံဖော်ရိုက်ကူးထားပြီး ကလေးသရုပ်ဆောင်တွေရဲ့ ပီပြင်မှုကြောင့် ရင်ထဲတော့ တစ်ခုခု ကျန်ခဲ့မယ်လို့ ညွှန်းပါရစေဗျာ... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Lwin Htoo Aung ဖြစ်ပါတယ်) File Size..........(1.6 GB) / (765 MB) / (447 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 39mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Lwin Htoo Aung Encoder..........SWM
movie

Matching Jack (2010)

2010
Bloody Sunday (2002) 7.6
Bloody Sunday (2002) Bloody Sunday (2002) ဒီဇာတ်ကားလေးကတော့ ၁၉၇၂ ခု ဇန်နဝါရီလ ၃၀ ရက်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်အခြေတည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဗြိတိန်လက်အောက်ခံ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းဒေသမှာ အဲဒီအချိန်က ကက်သလစ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ပြည်သူအများစုက ဗြိတိန်ကနေ ခွဲထွက်ချင်နေပါတယ်။ဖိနှိပ်မှု နဲ့ ဖမ်းဆီးခံရမှုတွေကြောင့် အိုင်ဗန်ခေါင်းဆောင်တဲ့ ဒယ်ရီမြို့သားတွေက သူတို့လိုချင်တာကို ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုဖို့ ကြိုးစားခဲ့ကြပေမဲ့ တစ်ဖက်က ဗြိတိသျှတွေကတော့ ဒါမျိုး တောင်းဆိုမှုတွေ ထပ်မံ မပေါ်ပေါက်လာဖို့အရေးကိုပဲ ကြိုးပမ်းခဲ့ကြပါတယ်။ဒီလိုနဲ့ တစ်နေ့သော တနင်္ဂနွေ မနက်ခင်းတစ်ခုမှာတော့ ...ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အိုင်ယာလန်မြောက်ပိုင်းဒေသက ကက်သလစ်ဘာသာဝင်တွေ သူတို့ လိုချင်တာတွေ ဖြစ်ချင်တာတွေကို ညှိနှိုင်းတောင်းဆိုလို့ရသွားမလားဆိုတာကိုတော့ ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 4.3GB, 1.7GB, 611MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format ...
movie

Bloody Sunday (2002)

2002
The Hobbit: The Battle of the Five Armies (2014) 7.4
The Hobbit: The Battle of the Five Armies (2014) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Hobbit: The Battle of the Five Armies (2014)

2014
4K HEVCHDR
The Hobbit: The Desolation of Smaug (2013) 7.8
The Hobbit: The Desolation of Smaug (2013) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Hobbit: The Desolation of Smaug (2013)

2013
4K HEVCHDR
The Hobbit: An Unexpected Journey (2012) 7.9
The Hobbit: An Unexpected Journey (2012) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Hobbit: An Unexpected Journey (2012)

2012
4K HEVCHDR
Match Point (2005) 7.6
Match Point (2005) Match point(2005) ============== IMDb Rating - 7.6/10 Directed by Woody Allenဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ‌ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။ Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ် " ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက ...
movie

Match Point (2005)