Channel Myanmar

James Northcote

Belle (2013) 7.3
Belle (2013) Belle (2013)~ IMDb - 7.3/10, RT - 85%, Meta - 64% ~အင်္ဂလန်ရဲ့ Period Movies တွေထဲမှာ ထိပ်တန်းစာရင်းဝင်ဖြစ်တဲ့ Belle ရုပ်ရှင်ဟာ လက်တွေ့အပြင်ဘဝက ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ဆိုလဲ မမှားပါဘူး။ ဇာတ်ကားထဲမှာပါတဲ့ ပန်းချီကားထဲက မိန်းကလေးဟာ တကယ့်အပြင်ဘဝက ဒိုင်ဒိုဘဲလ်ရဲ့ ပုံအစစ်ဖြစ်ပါတယ်။လူဖြူ လူမည်း အဆင့်အတန်း ခွဲခြားတဲ့ကာလထဲမှာ လူဖြူဖခင်နဲ့ လူမည်းကျွန် မိခင်ကနေ ပေါက်ဖွားလာတဲ့ ကပြားလေး ဒိုင်ဒိုဘဲလ်ကို လူဖြူဖခင်ကခေါ်ပြီး သူ့ဦးရီးတော် တရားသူကြီးချုပ်အိမ်မှာ အုပ်ထိန်းမှုကို ခံယူစေခဲ့တယ်။ လူမည်းဖြစ်နေပေမဲ့လဲ သူ့အဖေရဲ့မျိုးရိုးကြောင့် ဦးရီးတော်ရဲ့ အိမ်တော်က အဆင့်အတန်းမခွဲခြားဘဲ တန်းတူနေရာပေးတာ ခံခဲ့ရတဲ့ ဘဲလ်ဟာ လူမည်းကျွန်တွေ ဘယ်လို နှိမ့်ချခံရလဲဆိုတာ ထဲထဲဝင်ဝင် မသိခဲ့ဘူး။ ဇုန်းဆိုတဲ့ ကျွန်တွေကုန်ကူးတဲ့ သင်္ဘောဟာ ကျွန်တွေကို ရေထဲပစ်ချ ...
movie

Belle (2013)

2013
[21+] Nymphomaniac: Vol. I (2013) 6.9
[21+] Nymphomaniac: Vol. I (2013) [21+] Nymphomaniac Vol.1 (2013)Ratingအမြင့်တွေ၊ ဝေဖန်ချက်ကောင်းတွေချည်းရထားတဲ့ Adult Art film တစ်ခုဖြစ်ပြီး နာမည်ကျော်ဒါရိုက်တာ Lars Von Trier ရဲ့ အကောင်းဆုံးလက်ရာ‌တွေထဲက တစ်ကားဖြစ်ပါတယ်။လမ်းထဲမှာ ဒဏ်ရာတွေနဲ့လဲကျနေတဲ့ မိန်းကလေးတစ်ယောက်ကို ဦးလေးကြီးတစ်ယောက်က ကူညီပြီးသူ့အိမ်ကိုခေါ်သွားရင်းနဲ့ ဘာတွေဖြစ်ခဲ့တာလဲလို့မေးတဲ့အခါ မိန်းကလေးက သူ့ဘဝဇာတ်ကြောင်းကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြောပြပါတော့တယ်။ (သူ့ဇာတ်လမ်းကို chapter 8ခန်းခွဲထားပြီး ဒီvol 1မှာတော့ 4ခန်းပါဝင်ပြီး နောက်4ခန်းကိုတော့ vol2မှာ ကြည့်ရှုရမှာပါ။) သူ့နာမည်ကတော့ ဂျိုးဖြစ်ပြီး ငယ်ငယ်ကတည်းက ကာမစိတ် လွန်ကဲနေသူဖြစ်လို့ ကိုယ့်ကိုယ်ကို အပျက်မ၊ အပြစ်ရှိသူလို့ ခံယူထားတာပဲဖြစ်ပါတယ်။သူရဲ့ ငယ်ဘဝကတည်းက ဘယ်လိုထန်ခဲ့ပုံ ... ယောင်္ကျားတွေနဲ့ ဘယ်လိုကစားခဲ့ပုံ ... သူရဲ့ အထီးကျန်လှတဲ့ ဘဝကို ယောက်ျားတွေနဲ့ ဖြေသိမ့်နေရပုံ ... တစ်ညတစ်ည ၁၀ ယောက်လောက်နဲ့ အလှူပေးပုံတို့ကို ရှင်းရှင်းလင်းလင်း ရိုက်ကူးပြသထားပါတယ်။ကိုးရီးယား 18+ တွေလို အားတိုင်းကြဲနေတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းဆန်ဆန် ...
movie

[21+] Nymphomaniac: Vol. I (2013)

Anna Karenina (2012) 6.6
Anna Karenina (2012) Anna Karenina (2012)================IMDb Rating - 6.6/10အချစ်မှာ "ဘာလို့လဲ" ဆိုတာ မရှိဘူးတဲ့.....တစ်ဦးက ဂုဏ်သိက္ခာ တစ်ဦးက ချစ်မေတ္တာ တစ်ဦးက ရမ္မက်ကွဲပြားတဲ့ ကိုယ်စီအလေးထားမှုတွေနဲ့ လူသုံးယောက်ရဲ့ အရှုပ်တော်ပုံလို့ပဲ တင်စားလိုက်ပါရစေ။အထူးသဖြင့် အန်နာ ကရီနီနာဆိုတဲ့ သားတစ်ယောက်မိခင် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်ရဲ့ ရင်နင့်ဖွယ် ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့။အဖြစ်အပျက်တွေ အားလုံးရဲ့ မြစ်ဖျားခံရာကတော့ အစ်ကိုဖြစ်သူရဲ့ အိမ်ထောင်ရေး အခြေအနေ အဆင်မပြေမှုအတွက် ဖြောင်းဖျဖို့ သွားခဲ့ရာ မော်စကိုမြို့လေးပါပဲ.....ဗရွန်စကီဆိုတဲ့ ချောမောခန့်ညားတဲ့ အသက်ငယ်ငယ် မြို့စားတစ်ယောက်နဲ့ သူဆုံဆည်းခဲ့ပုံကလည်း ရထားလေးပေါ်မှာ အမှုမဲ့အမှတ်မဲ့ပါပဲ.....သို့ပေမဲ့ အမှတ်တမဲ့မှ အမှတ်တရတွေ ဖြစ်ခဲ့ကြသည်ပေါ့ မပြတ်နိုင်တဲ့ သံယောဇဉ်တွေကြောင့် ရပ်တန့်ဖို့ ကြိုးစားချိန်မှာ အရမ်း နောက်ကျသွားခဲ့ပြီ.....ပြင်ဆင်ဖို့ နောက်ကျခဲ့ခြင်းကြောင့် ရေပြင်လို တည်ငြိမ်အေးချမ်းနေတဲ့ အိမ်ထောင်တစ်ခုဟာ ဘောင်ဘင်ရိုက်ခတ်ခဲ့ရပါပြီ ....နာမည်ကြီး ရုရှား စာရေးဆရာကြီး Leo Tolstoy ရဲ့ ၀တ္ထုကို အခြေခံရိုက်ကူးထားတဲ့ masterpiece ဇာတ်လမ်းကောင်းပါဇာတ်လမ်းတစ်လျှောက်လုံးမှာ Cinematography , music တွေကလည်း အံ၀င်ဂွင်ကျတယ်ဒါရိုက်တာကြီးကလည်း နယ်နယ်ရရမဟုတ်ပါဘူး Pride & Prejudice, Atonement စတဲ့ masterpiece ...
movie

Anna Karenina (2012)

2012
Patient Zero (2018) N/A
Patient Zero (2018) ထိတ်လန့်ချောက်ခြား အသဲတယားယား ဖြစ်ချင်တဲ့သူတွေအတွက်Zombie တွေ လာပါပြီ ဒီတစ်ခါတော့ အရင်ပုံစံတွေ နဲ့ မတူတဲ့Zombie တွေ ကို မြင်ရပါမယ်....မြို့လေး တစ်ခုကနေ ကမ္ဘာကြီးထိ အစချီပြီးခွေးရူးပြန် ရောဂါ နဲ့ ပုံစံတူတဲ့ ရောဂါဆိုး တစ်ခုဖြစ်ပွားခဲ့ပြီးလူသားတွေ အားလုံး ကူးစက်ခါ မျိုးတုန်းလုနီးပါးဖြစ်ကုန်ပါတယ်Zombie တစ်ကောင်က ကိုက်ရင် ရောဂါ က ချက်ချင်းကူးစက်တက်ပါတယ်အဲ့ဒီလို ကူးစက်ခံရပြီးမှ ပြန်ကောင်းသွားတဲ့ သူ တစ်ဦးကတော့စစ်တပ် နဲ့ ဆေးအဖွဲ့အစည်းမှာ ရှိနေပြီး Zombie တွေ ကို ကုသနိုင်မယ့်ဆေးကို ဖော်ထုတ်ဖို့ ကြံစည်နေခဲ့ပါတော့တယ်....ပိုပြီး ထူးခြားတာကတော့ ဒီ Zombie တွေဟာလူအသိစိတ် ရှိနေပြီး အရိုင်းစိတ် ဝင်နေတဲ့ သတ္တဝါတွေဖြစ်နေတာပါပဲ ဒီတော့ ပိုကြမ်းသွားပါပြီ လူသားစိတ်နဲ့ Zombie တွေကိုဘယ်လို ကုသ နှိမ်နင်းနိုင်မလဲ ဆိုတာ ကြည့်ရှုလိုက်ကြပါစို့ဒီရုပ်ရှင်ကားမှာ GOT ဇတ်လမ်းတွဲထဲက ဇတ်ကောင်တစ်ချို့ပါတယ်နော်ဒီရုပ်ရှင်ကားကို May Thazin Soe မှ ဘာသာပြန်ပေးထားပြီးThit San Khant မှ တင်ဆက်ပေးထားပါတယ်
movie

Patient Zero (2018)

2018
The Imitation Game (2014) 8.0
The Imitation Game (2014) The Imitation Game (2014) IMDb - 8.0/10_____Rotten - 90%Won 1 Oscar. Another 48 wins & 159 nominations   ဒီဇာတ်ကားကိုအခုခေတ်လူတွေကြည့်ခွင့်ရတာ တကယ့်ကိုထူးတဲ့ ကုသိုလ်တစ်ခုလို့မှတ်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားထဲက အချက်အလက်တွေက တကယ့် Top Secret တွေဖြစ်ပြီး ဗြိတိန်နိုင်ငံက  ဒီအချက်အလက်တွေကို နှစ် ၅၀ ခန့်ထိမ်းသိန်းလျှို့ဝှက်ထားခဲ့တာပါ။ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမဏီတို့ စစ်ရေးအရ အခြားနိုင်ငံတွေအပေါ် အသာရစေခဲ့တဲ့အရာဟာ Enigma လို့ခေါ်တဲ့ လျုှိ့ဝှက်ကြေးနန်းပို့စနစ်လို့ ဆိုနိုင်ပါတယ်။ Enigma ကတဆင့် သတင်းပေးပို့မယ်ဆိုရင် အခြားနိုင်ငံတွေအနေနဲ့ ဘယ်လိုမှ enigma စကားဝှက်တွေကိုဖော်နိုင်စရာမရှိပါဘူး။ possibilities ပေါင်း သန်းပေါင်း ၁၅၉ သန်းထိရှိတဲ့ စကားလုံးတွဲဖက်မှုတွေပေါ်လာနိုင်လို့ပါပဲ။ အဲဒီ possibilities အားလုံးကိုဖော်နိုင်တယ်ထားဦးတော့.....ဂျာမဏီတို့က ညသန်းခေါင်ကျော်ရင် setting အသစ်တစ်မျိုးထပ်ပြောင်းတာကြောင့် ၂၄ နာရီအတွင်း decipher လုပ်ဖို့ဆိုတာ mission impossible ...
movie

The Imitation Game (2014)

2014
Wuthering Heights (2011) 6.0
Wuthering Heights (2011) Wuthering Heights (2011) IMDb - 6.0/10_____Rotten - 68%    Wuthering Heights ဆိုကထဲက ၉တန်း(အရင်သင်ရိုး ၁၀တန်း)ကျောင်းသား အရွယ်က သင်ကြားခဲ့ရတဲ့ သင်ခန်းစာလေးဆိုတာကို နည်းနည်းတော့မှတ်မိကြဦးမယ်ထင်ပါတယ် Liverpool မြို့လေးမှာ "Cathy or Catherine, Hindley, Heathcliff Earnshawမိသားစု"ပါဝင်ခဲ့တဲ ဒီဇာတ်လမ်းလေးဟာ ကစားဖို့ မုန့်စားဖို့ ရုပ်ရှင်ကြည့်ဖို့လာသိတဲ့ ကလေးအရွယ် ကျွန်တော်တို့နှလုံးသားကိုတောင် ခပ်စပ်စပ် ရိုက်ခတ်နိုင်စွမ်းရှိခဲ့တယ် အရွက်ရောက်လာတော့လည်း အနည်ထိုင်စပြုနေတဲ့ ကျွန်တော့တို့နှလုံးသားကို ဒုတိယံပိ ပြန်လည်လှုပ်နှိုးခံလိုက်ရတယ် အဲ့ဒါကတော့စာရေးဆရာ ကျော်လှိုင်ဦးဘာသာပြန်ထားတဲ့ လေထန်ကုန်းဆိုတဲ့စာအုပ်လေးကြောင့်ပါ.... ဟော အခု ရုပ်ရှင်အသွင်နဲ့ပြန်ကြည့်ရတော့ ဘယ်ပြောကောင်းမလဲဗျာ.... နောက်တော့မှသိလာရတာက Wuthering Heights ကို Emily Btonyရေးသားပြီး ဒီစာအုပ်ဟာ ခေတ်အဆက်ဆက် အကြီးကျယ်ဆုံးသော ဂန္တဝင်ဝတ္ထုစာရင်းဝင်ခဲ့ပါတယ်.... လူရဲ့ကိုယ်ကျင့်တရား...မျိုးဆက်သစ်ပြုစုပျိုးထောင်မှုရဲ့အရေးပါပုံ...စာပေသင်ကြားခွင့်ဆုံရှုံးခြင်းဟာ လူ့ဘဝရဲ့အကြီးမားဆုံးသော ဆုံးရှုံးမှု ဆိုတာတွေကို ဒီကားမှာတွေ့နိုင်ပါတယ် ......*********** မေ့နေတဲ့သူတွေအတွက် နည်းနည်းနွှေးရင်းဇာတ်လမ်းလေးအကြောင်းပြောပြပါ့မယ်     Mr.Earnshaw ကြီးက ...
movie

Wuthering Heights (2011)

2011