Channel Myanmar

Jamie Champagne

Friday Night Sext Scandal (2024) 6.4
Friday Night Sext Scandal (2024) အင်တာနက်ပေါ်လာပြီးနောက်ပိုင်းမှာ လူငယ်တွေဟာ လိင်ကိစ္စတွေ အပြာကားတွေကို ဖုန်းထဲမှာ ချက်ချင်းဆိုသလို ပြောဆိုကြည့်ရှုနိုင်လာပါတယ်။ နောက်ပိုင်း သမီးရည်းစားတွေကြားမှာလည်း ကိုယ့်ရဲ့ ဝတ်လစ်စလစ်ပုံတွေ အပြန်အလှန်ပေးပို့ကြတာတွေက မထူးဆန်းတော့ပါဘူး၊ ဒီလိုနဲ့ပဲ ဝက်ဘ်ဆိုဒ်တွေ တယ်လီဂရမ်တွေပေါ် ပျံ့နှံ့သွားကြတာများပါတယ်။ ဒီဇာတ်ကားလေးမှာလည်း ဒီလိုဖြစ်ရပ်မျိုးကြောင့် လူငယ်ဘဝမှာ အပျော်ကနေ အပျက်ဖြစ်သွားကြတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းရှောင်နှင့် လော်ရန်ဟာ သူငယ်ချင်းကောင်းတွေဖြစ်ပြီးတော့ သူတို့အမေနှစ်ယောက်ကလည်း ခင်မင်ကြပါတယ်။ ရှောင်ဟာ ကျောင်းအသင်းရဲ့ တက်သစ်စဘောလုံးသမားအဖြစ် နာမည်ရနေပြီးတော့ လော်ရန်ဟာလည်း တီးဝိုင်းအဖွဲ့မှာ တော်တဲ့သူတစ်ဦးပါ။ ရှောင်ဟာ ဘောလုံးအသင်းက စီနီယာတွေက ပါတီကိုဖိတ်တဲ့အတွက် သွားတဲ့အခါမှာ စီနီယာတွေက ကျောင်းက သူတို့ ကြူလို့ရလာတဲ့ ကောင်မလေးတွေရဲ့ ဝတ်လစ်စလစ်ပုံတွေကို အပြန်အလှန်မျှဝေကြပြီး သူတို့ဖန်တီးထားတဲ့ဝက်ဘ်ဆိုဒ်တစ်ခုမှာ စုစည်းပြီး သိမ်းဆည်းထားကြတာကို သိလိုက်ရပါတယ်၊ဒါပေမဲ့ ရှောင်က အဖွဲ့ထဲမှာ ဝင်ဆံ့ချင်တာကြောင့် သူကပါ ပါဝင်ပြီးတော့ ကျောင်းက ပန်းဖွားအကမယ်လေးရဲ့ ဝတ်လစ်စလစ်ပုံကို အရယူဖို့ ကြိုးစားပါတော့တယ်၊ ...
movie

Friday Night Sext Scandal (2024)

Romance with a Twist (2024) 6.7
Romance with a Twist (2024) Romance with a Twist (2024)ဗန်ဂိုးရဲ့ Starry night ပန်းချီကားလို The Thinker ဆိုတဲ့ရုပ်ထုလို အနုပညာရှင်စစ်စစ်တွေ ဖန်တီးလိုက်တဲ့ အနုပညာတိုင်းဟာ ဇာတ်လမ်းတစ်ခုခုကို ပြောပြချင်နေကြတာချည်းပါပဲ။ ကျွန်တော်တို့ဟာ စည်းတွေဘောင်တွေနဲ့နေတာများလာပြီး လွပ်လပ်တဲ့အနုပညာကို မခံစားတတ်ကြတော့ပါဘူး။ ခု 2024 မှထွက်လာတဲ့ ဒီ အချစ်ကားလေးဟာလဲ အနုပညာအလုပ်နဲ့ အသက်မွေးနေပေမဲ့ စာအုပ်ကြီးအတိုင်းပဲလုပ်တတ်တဲ့ မင်းသားရယ် အရာရာကို လိုက်ခံစားတတ်တဲ့မင်းသမီးတို့ကြားက အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ဘန်းနက်ဆိုတဲ့ ပရော်ဖက်ရှင်နယ် အကပညာရှင် တစ်ယောက်ဟာ သူ့မွေးရပ်မြေမြို့လေးဆီက အနုပညာပြပွဲအတွက်ပြန်လာဖို့ ပွဲလက်ခံခဲ့ပါတယ်။ ဖြစ်ချင်တော့ သူနဲ့တွဲကတဲ့ အမျိုးသမီးဟာ အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်တော့တဲ့အခါမှာ အကကိုစိတ်ဝင်စားပေမဲ့ အကလောကကနေထွက်ခွာပြီး ဆောက်လုပ်ရေးဘက်လုပ်နေတဲ့ လူနာ ဆိုတဲ့အမျိုးသမီးကို အရေးပေါ်အကကျင့်ပေးရတော့မယ်ဆိုတော့ ဘာတွေဘယ်လိုဒုက္ခတွေ အခက်ခဲတွေတွေ့ပြီး ပွဲကိုဖြစ်အောင်မြောက်အောင်လုပ်မလဲ။ ဘန်းနက်နဲ့ လူနာ ကြားက အေးစက်တဲ့ ဆက်ဆံရေးတွေကြောင့် ဘာတွေထိခိုက်ပြီး ဘယ်လိုပြန်ပြီး အဖတ်ဆယ်ကြမလဲဆိုတာကို ကြည့်ရှုအားပေးကြပါဦး။Romance အချစ်ကားလေးဖြစ်တဲ့အပြင် 2024 ကမှထွက်ထားပြီး IMDB rating 6.8 ထိတောင်ရထားတာဆိုတော့ ကြည့်ရတာ တန်မဲ့ကားလေးပါ။အညွှန်း ...
movie

Romance with a Twist (2024)

2023
Abducted on Prom Night (2023) 5.2
Abducted on Prom Night (2023) =======================အနောက်နိုင်ငံတွေမှာတော့ အထက်တန်းနောက်ဆုံးနှစ်ရဲ့ ကျောင်း ကပွဲညဆိုတာ အမှတ်တရအဖြစ်ဆုံး ညတစ်ညပါ။ တစ်သက်မမေ့ နိုင်စရာ ပျော်ရွှင်မှုတွေနဲ့ ညလေးတစ်ညဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အဲဒီညက ကင်ဘာတို့ ဆယ်ကျော်သက်သူငယ်ချင်းလေး ယောက်အတွက်တော့ ထိတ်လန့်ဖွယ် ကံဆိုးမိုးမှောင်ကျခဲ့တဲ့ ညတစ် ည ဖြစ်လို့လာခဲ့ပါတယ်။ကင်ဘာက ကျောင်းကပွဲညမတိုင်ခင် လပိုင်းအလိုမှာ ပြန်ပေးဆွဲခံရ ပြီး ကံသီလို့ လွတ်မြောက်လာခဲ့တဲ့သူတစ်ဦးပါ။ အဲဒီအတွက်ကြောင့် မိခင်ဖြစ်သူရဲ့ မျက်စိဒေါက်ထောက်ကြည့်မှုကို ခံနေရပြီး နေအိမ်အ ကျယ်ချုပ်သဘောမျိုးနဲ့ နေလာခဲ့ရပါတယ်။ ကျောင်းကပွဲနေ့ရောက်တဲ့ အချိန်မှာတော့ ကင်ဘာ့ရဲ့ချစ်သူ အော်စတင်ရဲ့ စည်းရုံးရေးကောင်းမှု ကြောင့် ကင်ဘာတစ်ယောက် ကပွဲကို သွားခွင့်ရခဲ့ပါတယ်။ကင်ဘာနဲ့အတူ အော်စတင်၊ ဂျိုအန်၊ အဲဗာလီ၊ လုခ် တို့ သူငယ်ချင်း လေးယောက် ဇိမ်ခံကားကြီးနဲ့ ကျောင်းကပွဲညကို သွားကြတဲ့အချိန်မှာ တစ်ကျော့ပြန် ပြန်ပေးဆွဲမှုကြီး ပေါ်လာခဲ့ပြီး သူတို့ရဲ့ အမှတ်တရည လေး ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို မြှုပ်ကွက်များစွာနဲ့ ကြည့် ရှု့ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)File Size..........(1.46 GB) / (492 MB) Quality............WEB-RIP ...
movie

Abducted on Prom Night (2023)

Let It Snow (2019) 5.8
Let It Snow (2019) ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက်ချစ်စရာRomance ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်နှင်းတွေထူထဲစွာကျတဲ့အချိန်မှာဖြစ်ပေါ်လာခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတွေ အကြောင်းပေါ့နှင်းတွေကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရတာချော်လဲရတာ၊နှောင့်နှေးရတာတွေရှိပေမယ့်လှပတဲ့ နှင်းမှူန်လေးတွေကို လွတ်လွတ်လပ်လပ်ကျခွင့်ပေးလိုက်ပါလို့ပြောထားတဲ့ဒီကားလေးက အခုလိုချမ်းအေးတဲ့တန်ဆောင်တိုင်ကာလမှာကြည့်လို့ကောင်းတဲ့ကားလေးဖြစ်လာမှာပါ။နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားတဲ့ဒီကားလေးနာမည်ကတော့ Let it Snow (2019) ပါ။ File Size : ( 875 MB , 325 MB)Quality :  WEB-DL 720pRunning Time : 1 hr 32 minFormat : Mp4Genre : Comedy , RomanceSubtitle : Myanmar Subtitle (Hard Sub)Translated by Aye Mon KyawEncoded by Moe Myint Lwin 
movie

Let It Snow (2019)

2019