Channel Myanmar

Jamie Crew

Villain (2020) 5.9
Villain (2020) Villain (2020) =========== IMDb Rating - 5.9/10အက်ဒီဖရန့်ခ်ဟာ ဆယ်နှစ်ကျော်ထောင်ဒဏ်ကျခံပြီးလွတ်မြောက်ကာစ ဖြစ်ပါတယ်။ သူဖွင့်ထားခဲ့တဲ့အရက်ဆိုင်ကို သူ့ညီက ဦးစီးနေပြီး ဆိုင်အခြေ အနေကိုကြည့်ရတာ အားရစရာမရှိလှပါဘူး။ အက်ဒီဟာ တစ်ချိန်က ဆိုးခဲ့ မိုက်ခဲ့တဲ့အတွက် သူ့သမီးက သူ့ကိုအဆက်အဆံမလုပ်သလို အတူနေ သူ့ညီ နဲ့လည်း အစေးမကပ်ပါဘူး။ ဒါပေမယ့်လည်း ထောင်ထဲမှာ အကျွတ်တရားရ ခဲ့ပုံရခဲ့တဲ့အတွက် ဘဝကိုပြန်လည်ကောင်းမွန်အောင်တည်ဆောက်ဖို့ကြိုးစား ရင်း သူ့ဆိုင်ကိုလည်း အကောင်းဆုံးဖြစ်အောင်ပြန်လည်ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမယ့်လည်း ဒေသခံဂန်းစတားခေါင်းဆောင်တွေဖြစ်တဲ့ ရွိုင်းနဲ့ ဂျွန်ဆိုတဲ့ လူဆိုးနှစ်ယောက် သူနဲ့လာတွေ့ပြီး သူထောင်ကျနေချိန် သူ့ညီရှုပ်ခဲ့တဲ့ဇယားတွေ ကြောင့်သူတို့ဆီကို ငွေပမာဏအများကြီးအကြွေးတင်နေတာကိုသိရတဲ့အချိန်မှာ ဒီပြဿနာတွေကို အက်ဒီခေါင်းခံဖြေရှင်းဖို့ဖြစ်လာပါတယ်။ အဲ့ဒီလိုဖြေရှင်းဖို့အ တွက်တော့ သူစွန့်လွှတ်ခဲ့ပြီးသား ဒုစရိုက်လမ်းကိုပြန်ရွေးဖို့တစ်နည်းသာရှိပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.31 GB) / (475 MB) Quality............WEB-DL 1080p / 720p Duration........1Hr 37Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Drama Translator......Alias Encoder..........SWM
movie

Villain (2020)

2020
Original Gangster (2020) 5.5
Original Gangster (2020)  ဇာတ်လမ်းနာမည်အတိုင်းပဲ ဂန်းစတားတစ်ယောက်ရဲ့ ဘဝဇာတ်အကြောင်းကိုမြင်တွေ့ရမယ့် crime movieလေးပါ...။မိဘနှစ်ပါးလုံး လူမိုက်တွေသတ်တာခံလိုက်ရတဲ့ ကတ်စတာဟာငယ်ငယ်လေးကတည်းက တစ်ကောင်ကြွက်ဘဝရောက်ခဲ့ရပါတယ်...။သူမသေခဲ့ဘူးဆိုတာလည်း လူဆိုးတစ်ယောက်က စိတ်ကောင်းဝင်ပြီးသူ့အသက်ကိုကယ်ခဲ့လို့ပါ...၊မျက်စိရှေ့မှာတင်မိဘတွေ ဆုံးသွားတော့ သေခြင်းတရားကိုလည်းမကြောက်တော့သလို လောကကြီးကိုလည်း မုန်းတီးနေခဲ့တဲ့ တစ်ကောင်ကြွက်ဇိုးလေးအဖြစ်နဲ့ခိုးဆိုးလုနှိုက်ရင်း၊ လမ်းတွေပေါ်မှာပဲ မသေရုံတစ်မယ်ရှင်သန်ခဲ့ရပါတယ်...။ဒီလိုနဲ့ တဖြည်းဖြည်း အဆင့်တက်လာကာ လန်ဒန်မြို့ရဲ့ မြေအောက်မူးယစ်ဂိုဏ်တွေးကြားညှပ်ပါသွားပါတော့တယ်...ဒီလို ဒုစရိုက်လောကမှာ ငယ်ငယ်နဲ့ ဂန်းစတားဖြစ်ခဲ့သူ ကတ်စတာတစ်ယောက်ဘယ်လိုရှင်သန်မလဲ...ဘယ်သူ့ဆီကဘာတွေသင်ယူရင်း ဘယ်လိုရုန်းကုန်သွားမလဲဆိုတာမြင်တွေ့ရမယ့် ဇာတ်ကားလေးပါပဲ...။ File size…2.27GB / 783MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Original Gangster (2020)