Channel Myanmar

Jamie Harrold

The Sum of All Fears (2002) 6.4
The Sum of All Fears (2002) The Sum of All Fears (2002)~ IMDb - 6.4/10, Rotten Tomatoes - 59% ~ဒီဇာတ်ကားက Jack Ryan ရုပ်ရှင်တွဲရဲ့ ၄ကား​မြောက်ရုပ်ရှင်ဖြစ်ပြီး Ben Affleck နုစဉ်အခါက ဇာတ်ကားလည်း ဖြစ်ပါတယ်။ သူ့အပြင် Morgan Freeman ကြီးလည်း ပါဝင်ပါ​သေးတယ်။ ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်အပြီး ယူအက်စ်နဲ့ ရုရှားရဲ့ စစ်​​​​အေး​ခေတ် လက်နက် အားပြိုင်မှုကို ​ကျောရိုးယူရိုက်ကူးထားတာပါ။~ ဇာတ်လမ်းအကျဉ်း ~အ​မေရိကန် ​ဘော်တီမိုးမှာ သမ္မတကိုယ်တိုင် တက်​ရောက်အား​ပေးတဲ့ ​ဘောလုံးပြိုင်ပွဲကို အဏုမြူဗုံးနဲ့ တိုက်ခိုက်ခဲ့တာပါ။ သမ္မတက အသက်ရှင်ခဲ့​ပေမဲ့ ဒီတိုက်ခိုက်မှု​ကြီးကြောင့် လူ​ပေါင်းများစွာ သေ​​​ကြေခဲ့တာပါ။ ဒီအကြမ်းဖက်မှုရဲ့ရှေ့မှာလည်း ရုရှားက​နေ ခွဲထွက်ထားတဲ့ ချေချင်းညာ​ဒေသအ​ရေး​ကြောင့် ရုရှားနဲ့ အ​နောက်နိုင်ငံ​တွေ၊ အထူးသဖြင့် အ​မေရိကန်တို့ကြားမှာ တင်းမာမှုရှိခဲ့တာ​ကြောင့် ဒီတိုက်ခိုက်မှုဟာ ရုရှား​​တွေရဲ့လက်ချက်လို့ယူဆပြီး ...
movie

The Sum of All Fears (2002)

2002
Natural Born Killers(1994) 7.2
Natural Born Killers(1994) Natural Born Killers(1994)====================== မစ်ကီနဲ့ မယ်လိုရီ တို့ဟာ ငယ်စဉ်ကတည်းက စိတ်ဒဏ်ရာကိုယ်စီနဲ့ကြီးပြင်းလာခဲ့သူတွေဖြစ်ပါတယ် မစ်ကီနဲ့ မယ်လိုရီတို့ အချင်းချင်းတွေ့ဆုံမိချိန်မှာတော့ နှစ်ယောက်ပေါင်းပြီး မယ်လိုရီရဲ့ အနိုင်ကျင့်တတ်တဲ့မိဘတွေကိုသတ်ကာ နှစ်ယောက်သားထွက်ပြေးခဲ့ကြပါတော့တယ်ဒါပေမယ့် ငယ်ငယ်ကစိတ်ဒဏ်ရာရှိခဲ့သူတွေဖြစ်တာကြောင့်နှစ်ယောက်ပေါင်းမိချိန်မှာတော့ တစ်ဖြည်းဖြည်း စိတ္တဇ လူသတ်စုံတွဲအဖြစ်ပြောင်းလဲလာပါတော့တယ် သူတို့ဟာ သူတို့ကားရပ်တဲ့နေရာတိုင်း အနားမှာရှိသမျှလူအကုန်သတ်ပစ်တတ်ကြပြီး သူတို့သတ်သွားတဲ့ဇာတ်လမ်းကိုပြန်ပြောနိုင်ဖို့ လူတစ်ယောက်ကိုတော့ချန်ခဲ့တတ်တဲ့စုံတွဲအဖြစ် နာမည်ကြီးပါတယ် အဲ့အချိန်မှာပဲ မီဒီယာရဲ့မြောှက်ထိုးပင့်ကော်လုပ်မှုကြောင့် တစ်နိုင်ငံလုံးဟာ ဒီရာဇဝတ်စုံတွဲကိုထောက်ခံအားပေးလာကြတဲ့အချိန်မှာတော့ မစ်ကီနဲ့မယ်လိုရီတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စိတ်ဝင်စားစရာ ကြည့်ရှုရမှာဖြစ်ပါတယ်သရုပ်ဆောင်တွေကတော့ မင်းးသားကြီး Woody Harrelsonနဲ့မင်းသမီး Juliette Lewisပဲဖြစ်ပါတယ် ဒါ့အပြင် မင်းသားRobert Downey Jrကလည်း သတင်းထောက် ဝိန်းဂေးလ်အနေနဲ့ပါဝင်အားဖြည့်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. File size…2.81GB / 1.26GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 59m Genre ..... Action / Crime / Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Natural Born Killers(1994)

Occupant (2011) 4.6
Occupant (2011) Occupant (2011) ============2011က ထွက်ရှိခဲ့တဲ့ Psychological thriller ကားကောင်းလေးနဲ့ မိတ်ဆက်လိုက်ပါရစေ။ တိုက်ခန်းကောင်းကြီးတစ်ခုမှာ ငှားခ သက် သာစွာ တစ်ဦးတည်းနေထိုင်နေတဲ့ အဘွားအိုကြီးတစ်ယောက် နှလုံး ဖောက်ပြီး သေဆုံးသွားတာနဲ့ စတင်ထားတယ်။သူ့မြေးဖြစ်တဲ့ ဒန်နီက သေဆုံးသူဟာ သူ့အဘွားဖြစ်ကြောင်း အတည် ပြုပေးဖို့ ရောက်လာခဲ့ပြီး၊ အဲဒီက တိုက်စောင့် ဂျိုးဟာ ဒန်နီကို အဘွားကြီး ရဲ့ ခံစားခွင့်တွေအတိုင်း ဆက်လက်ငှားရမ်းနိုင်မယ့် အကြံကောင်းတစ်ခု ပေးပါတယ်။ ဒေါ်လာတစ်သောင်းတန်တဲ့တိုက်ခန်းကို သက်သာစွာနဲ့ တစ် သက်တာနေထိုင်ခွင့်ကို သဘောကျသွားတဲ့ ဒန်နီဟာ အကြံကို လက်ခံလိုက် တာပေါ့။ ပြီးတော့ တံခါးစောင့်ပြောတဲ့အတိုင်း ရှေ့နေလည်းငှားရမ်းလိုက် ပါတယ်။သူ့ရဲ့ရှေ့နေက တိုက်ခန်းပိုင်ရှင် မောင်းမထုတ်နိုင်အောင် အိမ်ထဲမှာပဲ ၁၂ရက် တာ တရားဝင်အမိန့်စာ ကျတဲ့အထိ နေထိုင်ဖို့ပြောခဲ့တာမို့ သူနေရတော့တာပေါ့။ ဒန်နီလည်း အစပိုင်းတော့အဆင်ပြေပေမယ့် ရက်ကြာလာတာနဲ့အမျှ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို တစ်ခုပြီးတစ်ခု ကြုံလာရပါတယ်။ သူ့ဆီလာလည်တဲ့ သူငယ် ချင်းမကျ ဟိုမကျ ဒီမကျလေးလည်း ပျောက်ဆုံးသွားခဲ့ပြန်တယ်။ ဒီလိုနဲ့ပဲ ဒန်နီတစ်ယောက် မတော်လောဘစိတ်လေးနဲ့ ၁၂ရက်ပြည့်အောင် နေနိုင်မလား ထူးဆန်းတဲ့ ဖြစ်ရပ်တွေရဲ့ ...
movie

Occupant (2011)

2011
Erin Brockovich(2000) 7.4
Erin Brockovich(2000) Erin Brockovich(2021) အညွှန်း****************************IMDb....7.4ငွေကြေးဆိုင်ရာအောင်မြင်မှုတွေရော၊ ကောင်းမွန်တဲ့မှတ်ချက်တွေရော၊ဆုဇကာတင်တွေရောအများကြီးရရှိထားပြီး ခေါင်းဆောင်မင်းသမီး မမချော Julia Robertsကို leading roleအတွက် Oscars,BEFTA award, Golden Globeအပါအဝင် ဆု၇ဆုရရှိစေခဲ့တဲ့ Biographical Dramaကားတစ်ကားပါ။ Erin Brockovichဆိုတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ဘဝကိုအလှည့်အပြောင်းကြီးဖြစ်စေခဲ့တဲ့အချိန်တစ်ခုကိုရိုက်ပြထားပါတယ်။Erinအကြောင်းကို တခြားဇာတ်ကားတွေရိုက်ထားတာရှိပေမယ့်ဒီကားကတော့ပိုအောင်မြင်ပြီး ဖြစ်ရပ်မှန်နဲ့ ၉၈%တူညီပါတယ်တဲ့။ Erinဟာ ပိုက်ဆံမရှိ၊ အိမ်ထောင်နှစ်ခါကွဲခဲ့တဲ့ ကလေးသုံးယောက်ရှိတဲ့ဆင်ဂယ်မိခင်၊စိတ်ထင်သလိုပြောတတ်ပြီး အရမ်းဟော့ဟော့ရမ်းရမ်းဝတ်စားတဲ့ အလန်းစားမိန်းမလှတစ်ယောက်။တစ်နေ့ကားတိုက်မှုကြောင့် လျော်ကြေးသိပ်မရလိုက်တဲ့အခါအမှုလိုက်ပေးတဲ့ရှေ့နေဆီမှာ မရမကအလုပ်တောင်းပါတယ်။ဥပဒေနဲ့ဆိုင်တဲ့အတွေ့အကြုံဘာတစ်ခုမှမရှိပဲရှေ့‌နေရုံးခန်းမှာအလုပ်လုပ်ရင်း အိမ်ခြံမြေရောင်းတဲ့အမှုတစ်ခုမှာဆေးမှတ်တမ်း‌ဖိုင်တွေပါတွဲထားတာကို နားမလည်လို့ သေချာစုံစမ်းလိုက်တဲ့အခါပစိဖိတ်ဓာတ်ငွေ့နှင့်လျှပ်စစ်ကော်ပိုရေးရှင်းအကြီးစားကြီးဟာအဲ့နယ်မြေနားမှာနေထိုင်တဲ့လူတွေအပေါ် ရောဂါများစွာဖြစ်စေပြီးအသက်အန္တရာယ်အရမ်းရှိတဲ့အဆိပ်အတောက်တွေစွန့်ထုတ်နေတဲ့ ဖုံးကွယ်ထားမှုကြီးကိုသိရှိသွားပြီးအဲ့နားမှာနေထိုင်သူတွေအတွက်လျော်ကြေးရအောင် အမှုလိုက်ရပါတော့တယ်။ဒီဖြစ်ရပ်ဟာ အမေရိကန်ရဲ့ Direct action lawsuitသမိုင်းမှာအမြင့်မားဆုံးလျော်ကြေးပေးဆောင်ခဲ့ရတဲ့အမှုပါ။ဒီအမှုကြီးတစ်ခုလုံးကို လူတိုင်းက Beauty without brainလို့မြင်တဲ့အားပြင်းတဲ့ ဟော့ဟော့ရမ်းရမ်းမိန်းမတစ်ယောက်ကဦးဆောင်သွားခဲ့ပုံတွေကိုဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ရိုက်ပြသွားတာပါ။ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရှိတဲ့အတွက်Biographicalဆိုရင် နည်းနည်းပျင်းစရာကောင်းနေမလားဆိုတဲ့ အတွေးကိုထုတ်ပစ်လိုက်ပါ။သေချာပေါက်ပြောနိုင်တာကတော့ ဒီကားဟာ ဇာတ်လမ်းကောင်းတွေထဲကတစ်ပုဒ်ပါ။တစ်ခေတ်တခါက ပုရိသတို့ရဲ့အသည်းကျော် မမJuliaရဲ့ powerfulဖြစ်တဲ့သရုပ်ဆောင်မှုတွေနဲ့ အလန်းစားအလှတရားတွေကလည်း ဇာတ်လမ်းနဲ့ကွက်တိကို လိုက်ဖက်နေပါတယ်။ဒီကားမှာ အားကောင်းလှတဲ့သရုပ်ဆောင်ချက်တွေကြောင့် သရုပ်ဆောင်ကြေးအမြင့်ဆုံးအမျိုးသမီးသရုပ်ဆောင်တစ်ယောက်ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားမှာErinရော ရှေ့နေ Masryရော ...
movie

Erin Brockovich(2000)

The Score(2001) 6.8
The Score(2001) The Score(2001)IMDb....6.8,,,,Rotten...73%ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင် Robert De Niroနဲ့Edward Norton, တို့ကိုတော့ထွေထွေထူးထူးမိတ်မဆက်ပေးတော့ဘူး....ကျွန်တော်ကတော့Edward Norton ကို Primal Fear ကားထဲမှာပြောင်မြောက်တဲ့ သရုပ်ဆောင်ဟန်ကို လေးစားမိသွားတာ...Robert De Niro ကတော့ HEAT ဆိုတဲ့ကားထဲမှာ....နစ်ဆိုတဲ့လူတစ်ယောက်ဟာ တန်ဘိုးကြီးပစ္စည်းတွေကိုခိုးတဲ့နေရာမှာ သိပ်တော်တယ်...အစီအစဉ်ကောင်းတွေဆွဲတယ်...အဆက်အသွယ်ကောင်းတွေရှိတယ်...ခိုးခဲ့တဲ့ကိစ္စတိုင်းမှာလည်း အထိအခိုက် အသေအကျေမရှိအောင်ဂရုစိုက်တယ်....သူဟာ ဒီလုပ်ငန်းထဲမှာကျင်လည်နေတာ အတော်ကြာပြီ....တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ကောင်လေးတစ်ယောက်က အချီကြီးချလို့ရမယ့် ပွပေါက်တစ်ခုလာပြောရင်းသူနဲ့ပူပေါင်းပါရစေလို့တောင်းဆိုတယ်...ဂျက်က လူငယ်ဆိုပေမယ့် အတော်ဉာဏ်များတယ်...သွေးလည်းဆူတယ်...သူတို့(၂)ယောက်ဘယ်လိုရှေ့ဆက်ကြမလဲ..ဘယ်လိုအခက်အခဲတွေ အနှောင့်အယှက်တွေပေါ်လာမလဲဆိုတာတော့......ကိုင်းပရိတ်သတ်ကြီးရေ ဒီကားက သူခိုးကားတွေထဲမှာ အတော်လေးကိုလန်းတယ်....၂၀၀၁ကဆိုပေမယ့် ကြည့်လို့ကောင်းနေဆဲပါ..မင်းသားကြီး (၂)လက်ကြောင့်လည်းပါမှာပေါ့လေ...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...File Size : (850 MB) and (360 MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie

The Score(2001)

2001