Channel Myanmar

Jana McKinnon

Silver and the Book of Dreams (2023) 5.4
Silver and the Book of Dreams (2023)  ဒီဇာတ်ကားဟာ ၂၀၂၃ခုနှစ်ထွက် Adventureဇာတ်လမ်းဖြစ်ပြီးAmazon prime က ဖြန့်ချိထားတာပါ။ စိတ်ကူးယဉ် စွန့်စားခန်းဇာတ်လမ်းမျိုးဖြစ်ပြီး IMDb 5.4 ရရှိထားပါတယ်။ အ​မေဖြစ်သူ​နောက်အိမ်​ထောင်ပြုမှာမို့ လန်ဒန်ကို​ ပြောင်း​ရွှေ့လာတဲ့ လစ်ဗ်နဲ့မီယာ ညီအစ်မနှစ်​ယောက်မှာ လစ်ဗ်က ကိုယ့်ရဲ့အိပ်မက်​တွေကိုထိန်းချုပ်နိုင်တဲ့ lucid dreamer ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်ညမှာလစ်ဗ်တစ်​ယောက် အိပ်မက်ထဲမှာ သူ့ပ​ထွေးဘက်က သားဖြစ်တဲ့ဂ​ရေဆင်နဲ့ သူငယ်ချင်းအဖွဲ့ကို တွေ့ခဲ့ပါတယ်။သူတို့အဖွဲ့က တခြားသူ​တွေရဲ့အိပ်မက်​ထဲမှာ လျှောက်သွားနိုင်တဲ့Book of Dreamဆိုတဲ့ စာအုပ်ကို လက်ဝယ်ရထားတာပါ။ အဲဒီစာအုပ်​ကြောင့် သူတို့​တွေက အိပ်မက်ခရီးသွားနိုင်တဲ့ အစွမ်း​တွေရထားတာပါ။ အဲဒီလိုနဲ့ပဲ သူတို့အဖွဲ့ထဲမှာ လစ်ဗ်လည်းပါသွားပြီးစာအုပ်ကို အသုံးချဖို့ ကြိုးစားရင်း မထင်ထားတဲ့ သက်​ရောက်မှုတစ်ခုဖြစ်လာပါတယ်။ သူတို့ရဲ့အိပ်မက်​တွေကို အပြင်​လောကမှာအ​ကောင်အထည်​ဖော်ရင်း အပြန်အလှန်အ​နေနဲ့ သူတို့ရဲ့အဆိုးဆုံးအိပ်မက်​တွေပါ လက်​တွေ့ဖြစ်လာတာပါ။​အဖွဲ့သား​တွေထဲမှာ ကောင်းတဲ့အိပ်မက်​ရော ဆိုးဝါးတဲ့အိပ်မက်​ပါတကယ်ဖြစ်လာတဲ့​နောက် အဲဒီစာအုပ်ရဲ့ကျိန်စာအစွမ်းကို ဖျက်ဖို့ကြိုးစားရပါ​တော့တယ်။ ဒါ​ပေမဲ့ သူတို့လွယ်လွယ်ကူကူပဲ ကျိန်စာပျက်​အောင် လုပ်နိုင်မလား၊ ဘယ်လိုမြုပ်ကွက် အတားအဆီး​တွေရှိ​နေမလဲဆိုတာ ...
movie

Silver and the Book of Dreams (2023)