Channel Myanmar

Jane Adams

Eternal Sunshine of the Spotless Mind (2004) 8.3
Eternal Sunshine of the Spotless Mind (2004) Eternal Sunshine of The Spotless Mind (2004)IMDb Rating (8.3) / Rotten Tomatoes (93%)သံယောဇဉ်အတိတ်တို့မရှိတဲ့ စိတ်ဝိဉာဉ်ဟာ ထာဝရငြိမ်းချမ်းနေမှာပဲတဲ့....မင်းသားကြီး ဂျင်မီကာရေး  မင်းသမီး ကိတ်ဝင်းစလက်တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားကြီးဟာ ဆုတွေတလှေကြီးရထားတဲ့ အချစ်ရိုမန့်ဇာတ်ကားဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေထဲက တစ်ကားဖြစ်ပါတယ်။အပြင်လောကမှာ ချစ်ရသူကြောင့်အသည်းကွဲပြီး ပြင်းထန်တဲ့စိတ်ကျဝေဒနာခံစားရနေတဲ့ ဂျင်မီကာရေးတစ်ယောက် လုံးဝထိခိုက်ကြေကွဲနေတဲ့အချိန်ကာလမှာ ဒါရိုက်တာ Michael Gondry ဟာ ဒီရုပ်ရှင်ကို စီစဉ်ရိုက်ကူးခဲ့ပါတယ်။ ဒါကြောင့်လဲ ဟာသမင်းသားကြီးလို့ မြင်နေကျ ဂျင်မီကာရေးကို လုံးဝမတူကွဲပြားတဲ့သရုပ်ဆောင်မှုတွေနဲ့ ဒီရုပ်ရှင်မှာ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။++++++++++++++++++++++++++++++“ဒီလောကကြီးမှာ ကိုယ့်ကိုသတိရတဲ့သူ မှတ်မိတဲ့သူ တစ်ယောက်မှမကျန်တော့ဘူးဆိုရင် အဲ့လူကတကယ်ပျောက်ကွယ်သွားလိမ့်မယ်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ ပြောရရင် ဘဝဆိုတာ အဆုံးမှာတော့ မှတ်ဉာဏ်တွေကအရာအားလုံးပါဘဲ။ တစ်စုံတစ်ယောက်ရဲ့ မှတ်ဉာဏ်ထဲမှာ ရှိတဲ့ငါ ငါ့ရဲ့ မှတ်ဉာဏ်ထဲမှာရှိတဲ့ တစ်စုံတစ်ယောက် မှတ်ဉာဏ်တစ်ခုချင်းစီမှာ အားလုံးဟာ မတူညီတဲ့ပုံစံနဲ့ အသီးသီးဖြစ်တည်နေကြတယ်။” အမှတ်တရတစ်ခုချင်းစီမှာ ခံစားချက်ဗဟိုချက်ဆိုတာရှိတယ်တဲ့။အဲ့ ဗဟိုချက်ကိုသာဖယ်ရှားလိုက်ရင် မှတ်ဉာဏ် ( တနည်းအားဖြင့် အမှတ်တရ ) ပြိုကွဲခြင်းလုပ်ငန်းစဉ်စပါပြီ ။ ဒီရုပ်ရှင်ဇာတ်လမ်းလေးနာမည်ကတော့ Eternal ...
movie

Eternal Sunshine of the Spotless Mind (2004)

2004
4K HEVC
The Brave One (2007) 6.7
The Brave One (2007) ဒီတစ်ခါမှာတော့ မမဂျိုဒီဖို့စတာကို သေနတ်တစ်လက်နဲ့ မြင်ရမယ့်ဇာတ်ကားအဟောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။“Street Walk” လို့ခေါ်တဲ့ ရေဒီယိုအစီအစဉ်တစ်ခုရဲ့ တင်ဆက်သူအဲရစ်ကာဘိန်းဟာ နယူးယောက်မြို့ကြီးကို ချစ်မြတ်နိုးသူဖြစ်ပြီးသိပ်မကြာခင်မှာပဲ ချစ်ရသူနဲ့ လက်ထပ်တော့မှာ ဖြစ်ပါတယ်။ဘဝမှာ ပျော်မွေ့တဲ့အလုပ်အကိုင်ရယ် မြတ်နိုးရတဲ့လက်တွဲဖော်ရယ်ရှိပြီဆို ဘာများလိုအပ်ဦးမှာလဲ၊ အဲရစ်ကာအဖို့တော့ကမ္ဘာကြီးက သုခဘုံပါပဲ။ ဒီလို အဲရစ်ကာဘိန်းအတွက် တစ်ညတာကအရာအားလုံးကို ပြောင်းလဲစေခဲ့ပါတယ်။ဒီနေရာလေးမှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို မပြောတော့ဘဲ၃ပတ်တာ ကိုမာဝင်နေရာကနေ ပြန်နိုးလာတဲ့အဲရစ်ကာအကြောင်းကနေ ပြန်ဆက်လိုက်ပါမယ်။အဲရစ်ကာ ပြန်သတိရတဲ့အချိန်မှာတော့ သူ့ချစ်သူကိုသင်္ဂြိုဟ်ပြီးသွားပါပြီ။ နယူးယောက်မြို့ကြီးဟာ သူ့အဖို့ အရင်လို ပျော်စရာမဟုတ်ဘဲကြောက်မက်ဖွယ်အတိဖြစ်လာတဲ့အလျောက်သေနတ်ဝယ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ဒီလိုနဲ့ အဲရစ်ကာဟာ နောက်ထပ် မတော်တဆမှုတစ်ခုမှာအခန့်မသင့် ပါဝင်ပတ်သတ်မိရင်း ပထမဆုံး လူတစ်ယောက်ကိုစသတ်မိရာကနေပြီးတော့ သူ့အတွက်ကောနယူးယောက်မြို့သားတွေအတွက်ပါအပြောင်းအလဲကြီးတစ်ခု ဖြစ်လာခဲ့ပြီး “စေတနာ့လူသတ်သမား”ဆိုတဲ့ နာမတစ်ခုဟာနယူးယောက်တစ်ခွင် ဟိန်းသွားပါတော့တယ်။ဘာတွေ ဘယ်လိုဆက်ဖြစ်မလဲဆိုတောတော့ဆက်ကြည့်လိုက်ကြပါဦး။ File size…    1.7 GB /  775MB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Crime / ...
movie

The Brave One (2007)

Last Holiday (2006) 6.6
Last Holiday (2006) Last Holiday (2006) ================ IMDb Rating - 6.6/10The Secret Life of Bees, Girls' Trip, Hustle စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက် ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင် ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင် ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ် လို့ ပြောလို့ရပါတယ်။၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Miss Georgia Berd - နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြော ရရင်‌တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်း ဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့် သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့ အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ...
movie

Last Holiday (2006)

2006
Sick (2022) 6.3
Sick (2022) Sick (2022)IMDb 6.3/10 ရထားတဲ့ Horror/Thriller ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအကျဉ်း ...ပါကာနဲ့ မီရီဆိုတဲ့ မိန်းကလေးသူငယ်ချင်းနှစ်ယောက် ကိုဗစ်ဖြစ်နေတဲ့ကာလအတွင်း ကွာရန်တင်းဝင်ဖို့အတွက် လူသူကင်းမဲ့တဲ့ ပါကာ့မိသားစုပိုင် ရေကန်နားကအိမ်ကြီးဆီ သွားနေလိုက်ကြပါတယ်။ဒါပေမဲ့ မမျှော်လင့်ထားတဲ့ၔည့်သည်တွေရောက်လာကြပြီး ပါကာတို့ကိုသတ်ဖို့ကြိုးစားတဲ့အခါ ...ဘေးပတ်ဝန်းကျင်မှာလည်း ဘယ်သူ့မှ မနေတာကြောင့် မိန်းကလေးနှစ်ယောက် လူသတ်သမားတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲ? သူတို့ကိုရော ဘာကြောင့်လိုက်သတ်နေကြတာဖြစ်မလဲ?Teenwolf ထဲက Liam အဖြစ်ပါခဲ့တဲ့ Dylan Sprayberry ပါဝင်သရုပ်ဆောင်ထားပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Shin Rina ပါ။)File Size          : 1GB, 404MBB, 212MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format          ...
movie

Sick (2022)

2022
Poltergeist (2015) 6.1
Poltergeist (2015) ဒီတစ်ခါမှာတော့ CM Fan တွေ အတွက်ကြောက်စရာကောင်းတဲ့သရဲကားတစ်ကား ကို တင်ဆက်ပေးလိုက်ပါတယ်1982 တုန်းက အောင်မြင်ခဲ့တဲ့ Poltergeist ဆိုတဲ့ရုပ်ရှင်ကားကို Remake ပြန်ရိုက်ထားတာ ဖြစ်ပါတယ်အဲရစ် နဲ့ အေမီ တို့ မိသားစု တစ်စုဟာ ဈေးသက်သာတဲ့ အိမ်ကိုရှာရင်းမထင်ထားလောက်အောင် တန်တဲ့ အိမ်ကြီး တစ်အိမ်ကိုရရှိခဲ့ပါတယ် လောလောလတ်လတ် အလုပ်ပြုတ်ထားတဲ့အဲရစ် အတွက်တော့ ဒီနေရာလေးကနေ ဘဝသစ်တစ်ခုပြန်စမယ် စိတ်ကူးထားတာပါဒါပေမဲ့ တစ်နေ့ထက် တစ်နေ့ အဲ့ဒီအိမ်ကြီးဟာထူးဆန်းစွာ အသံတွေ ပေးတာ ပစ္စည်းတွေ ရွေ့လျားတာမျိုးတွေဆက်တိုက်ဖြစ်လာပြီး မိသားစုကို ပါ ဒုက္ခပေးဖို့ ကြံရွယ်လာခဲ့သောအခါမှာတော့....  File size…2.87GB / 1.1GB / 623Mb Quality…4K HEVC /  1080p /  720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle ( Hard Sub) Encoder….Thit San Khant Translated by August
movie

Poltergeist (2015)

2015
4K HEVC Web-DL
Dog (2022) 6.7
Dog (2022) ဘရစ် ဆိုတဲ့ အမေရိကန်လေထီးတပ်သားဟောင်းတစ်ယောက်ဟာ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် စစ်တပ်က အငြိမ်းစားယူလိုက်ရပါတယ်။ ပြီးတော့ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ပြန်လျှောက်ချင်ပေမဲ့ ဆေးမှတ်တမ်းတွေကြောင့် အလုပ်မရနိုင်ဖြစ်နေတယ်။ သူအရမ်းလိုချင်တဲ့အလုပ်ကိုရဖို့ သူ့ရဲ့ ဗိုလ်ကြီးဆီက ထောက်ခံချက်လိုနေတယ်။ ဒီတော့ သူ့ရဲ့ ကပ္ပတိန်ဆီကို အကူအညီသွားတောင်းချိန်မှာ သူ့ကို အပေးအယူအနေနဲ့အကူအညီတစ်ခုပြန်တောင်းခံလိုက်ရတယ်။ ဒါကတော့ သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ခွေးမလေး လူလူ အတွက်ပါပဲ။ လူလူရဲ့ခွေးထိန်း ရိုင်လီဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တာမို့ သူ့ရဲ့ ဈာပနမှာ ရိုင်လီရဲ့မိသားစုတွေက ခွေးမလေး လူလူကို ရှိစေချင်ကြတယ်။ ဒါပေမဲ့ လူလူကလည်း အခြားခွေးထိန်းတွေ ရဲဘော်တွေကို အပြင်းအထန်ဒဏ်ရာရအောင် ကိုက်ခဲ့ တိုက်ခိုက်ခဲ့တာမို့ တိရစ္ဆာန်ဆရာဝန်တွေက ကုမတဲ့ စိတ်ဒဏ်ရာအဆင့်သတ်မှတ်ပြီး ဈာပနအပြီးမှ ဆေးထိုးသတ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ ဘရစ်ရဲ့တာဝန်ကတော့ နိုင်ငံတစ်ဝက်လောက်ကိုဖြတ်ပြီး အရမ်းကြမ်းတမ်းနေတဲ့ လူလူကို ကားနဲ့တင်ပြီး ဈာပနကိုအပို့၊ အပြင်မှာ လူလူသေရမယ့် စခန်းကို ပို့ရမှာပဲ ...
movie

Dog (2022)

Lemony Snicket’s A Series of Unfortunate Events (2004) 6.8
Lemony Snicket’s A Series of Unfortunate Events (2004)  A Series of Unfortunate Events (2004) =======================တစ်ချို့လူတွေကတော့ ရက်စက်အကျည်းတန်တဲ့ ကမ္ဘာကြီးကို မမြင်ချင်ယောင်ဆောင်ရင်း ပျော်ရွှင်စရာဇာတ်သိမ်းတွေမှာ သက်သာရာရှာရင်း ဘာမှမဟုတ်သလို ဘဝကို ကုန်ဆုံးတတ်ကြတယ်။ တစ်ချို့လူတွေကတော့ ကမ္ဘာကြီးမှာ ရှာဖွေဖော်ထုတ်ရမှာတွေ ရှိနေသေးတာကိုသိပြီး သုတေသနလုပ်ရင်း မှတ်တမ်းတင်ရင်း ကြီးကျယ်ခမ်းနားစွာ ဘဝကိုကုန်ဆုံးတတ်ကြတယ်။အခုဇာတ်လမ်းကတော့ အဲ့ဒီ အစွန်းနှစ်ဖက်က လွတ်တဲ့လူတွေအကြောင်းပါ။တစ်ခုခုကို တီထွင်တာလို.. စာအုပ်တစ်အုပ်ကို ဖတ်တာလို..အဓိပ္ပါယ်ရှိတယ်ထင်ရတဲ့ အရာတွေကနေ ..ဘာမှမဟုတ်ပဲ ပစ္စည်းတစ်ခုကိုလိုက်ကိုက် နေတတ်တာလို အဓိပ္ပါယ်မရှိဘူးထင်ရတဲ့အရာတွေအပါအဝင် တစ်ခုခုတွေကို လုပ်ရင်း အဆိုးဝါးဆုံး အခြေအနေတွေမှာ မျှော်လင့်ချက်ရှိစွာပဲ ရှင်သန်တတ်ကြတဲ့ လူတွေအကြောင်းပါ။ သူတို့သိထားတဲ့ အသိကတော့ အခြေအနေ ဘယ်လောက်ပဲဆိုးဝါး စုတ်ပြတ်နေပါစေ တစ်ခုခုတော့ အမြဲရှိနေတတ်တယ်ဆိုတာပါပဲ။အဲ့ဒီလူတွေကတော့ Baudelaire မောင်နှမသုံးယောက်ပါ။ အကြီးဆုံး Violet Baudelaireကတော့ စွန့်ပစ်ထားတာတွေ.. ကြားမှာ အသုံးဝင်တာတစ်ခုခုတော့ရှိတတ်ပြီး အမှိုက်ဆိုတာလည်း နေရာလွဲမှားနေတဲ့ တန်ဖိုးရှိပဲ ပစ္စည်းဆိုတာကို ကောင်းကောင်းသဘောပေါက်ထားပြီး စွန့်ပစ်ပစ္စည်းတွေကနေ တစ်ခုမဟုတ်တစ်ခု တီထွင်နေတတ်တဲ့ကလေးမလေးတစ်ယောက်ပါ။ အလတ်ဖြစ်တဲ့ Klaus Baudelaireကတော့ စာအုပ်တွေကြားမှာ ပျော်မွေ့တတ်တဲ့ စာကြမ်းပိုးကလေးဖြစ်ပြီး အငယ်ဆုံးလေးကတော့ တွေ့ကရာ လိုက်ကိုက်တတ်တဲ့ ကောင်မလေးတစ်ယောက်ပါပဲ။သူတို့ မိသားစုရဲ့ အိမ်ကြီးကို ဘယ်ကနေဘယ်လိုဖြစ်မှန်း မသိတဲ့ မီးလောင်မှုကြီးတစ်ခုဖြစ်သွားပြီး။ မီးထဲမှာ သူတို့မိဘတွေပါပါသွားတာကြောင့် သူတို့မိဘမဲ့ဖြစ်သွားခဲ့ပါတယ်။ ကံဆိုးမိုးမှောင်ကျပြီး မိဘမဲ့ဖြစ်သွားခဲ့ရတဲ့ ကလေးသုံးယောက်ရဲ့ ကံဆိုးမိုးမှောင်ကျမှုတွေဟာ ဒီတစ်ခုနဲ့ ...
movie


2004
Little Children (2006) 7.5
Little Children (2006) Little Children (2006) IMDb - 7.5/10_____Rotten Tomatoes - 80%   လူအချင်းချင်း ချစ်ခင်တာကောင်းလား မုန်းတီးတာကောင်းလား................ လူအချင်းချင်း ချစ်ခင်တာမှန်သလား မုန်းတီးတာမှန်သလား .............................................................. အဖြေကတော့ လူတိုင်းသိမှာပါ လူအချင်းချင်း ချစ်ခင်ကြင်နာတာ ကောင်းပါတယ်ဒါပေမယ့် တကယ်ကတော့ အမှန်တရားဆိုတာ နှိုင်းယှဉ်ချက်ပါ....... ချစ်ခင်တယ်ဆိုတာလဲ နေရာတိုင်းမမှန်ကန်ပါဘူး ကိုယ်စီကိုယ်စီ ကာမပိုင်လင်မယားရှိနေလျှက်နဲ့ ထိုလူနှစ်ဦး ချစ်ခင်သွားတာဟာ အမှန်တရား မဟုတ်နိုင်ပါဘူး ဒါဆို မုန်းတီးမှုဘက်ကို ပြန်တွေးကြည့်မယ်ဆိုရင်လည်း " အသက်မပြည့်တဲ့ ၈နှစ် ၉နှစ်အရွယ် ကလေးသူငယ်တွေကို လိင်အဂါၤထုတ်ပြခဲ့တဲ့ အသက် ၄၈နှစ်အရွယ် ယောကျာၤးတစ်ယောက်ကို အမှန်ကိုသာ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့ ရဲဝန်ထမ်းဟောင်းတစ်ယောက်က မုန်းတီးတာဟာ "အမှား "လို့ ပြောလို့မရပါဘူး ဒီဇာတ်ကားဟာ လူတွေမှာ ဖြစ်တတ်တဲ့ မှောင်မိုက်တဲ့မကောင်းစိတ် လူ့သဘာဝအကြောင်းကို ရိုက်ကူးပြထားပါတယ် ကိုယ့်မိန်းမ ကိုယ့်ယောကျာၤးကို မဖောက်ပြန်အောင် ကိုယ်လည်းသူတို့လို မမှားအောင် သင်ခန်းစာယူတဲ့အနေနဲ့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ခုပါပဲဇာတ်ညွှန်းကို ပြောပြရမယ်ဆိုရင်တော့ Kate Winslet (ဆာရာ)ဟာ ၃နှစ်အရွယ် သမီးလေးရဲ့မိခင်ပါ သူ့ရဲ့အမျိုးသားက ကုမ္မဏီတစ်ခုမှာ အလုပ်လုပ်ပါတယ် အကြောင်းကြောင်းကြောင့် Patrick Wilson(ဘရတက်ထ့်)နဲ့ ဖောက်ပြန်မိပါတယ်။ သူမနဲ့ ဖောက်ပြန်တဲ့ ဘရတ်ထ့်ဟာ ဇနီးသည်နဲ့ ၃နှစ်အရွယ်ခန့် သားလေးနဲ့ ပျော်ရွင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်တဲ့သူပါ။ ထူးခြားတာကတော့ နှစ်ယောက်စလုံးဟာ ပညာတတ်တွေပါ။ ပညာတတ်တွေဖြစ်ရက်နဲ့ တဏှာရာဂရဲ့စွဲဆောင်မှုတွေကြောင့် စဉ်းစားဆင်ခြင်ဉာဏ်က မထိန်းကွပ်နိုင်တော့တဲ့အခါမှာ အမှားတွေ ကျူးးလွန်မိကြပါတော့တယ် နောက်ဆုံးမှာ နှစ်ယောက်သား ...
movie

Little Children (2006)

2006