Channel Myanmar

Jane Edith Wilson

Catch Me If You Can (2002) 8.1
Catch Me If You Can (2002) IMDb Rating (8.1) / Rotten Tomatoes (96%)ဒါရိုက်တာက နာမည်ကြီး Steven Spielberg ဖြစ်ပြီး မင်းသားတွေကတော့မင်းသားကြီး Tom Hanks ရယ်…မင်းသားချော Leonardo တို့ရယ် ဖြစ်ပါတယ်…။ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်သလို အော်စကာဆုတွေလဲရရှိထားတဲ့ဇာတ်ကားပါ။မင်းသားနှစ်ယောက်ဖြစ်တဲ့ Leonardo နဲ့ Tom Hanks တို့နှစ်ဦးရဲ့ သရုပ်ဆောင်ချက်ကလည်း ကောင်းသလိုသူတို့နှစ်ဦးကြားက ဆက်ဆံရေး၊ ဇာတ်လမ်း တည်းဖြတ်ထားပုံကလည်းဇာတ်ကားကို ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်စေပါတယ်။ဇာတ်ရှိန် အတက်အကျ မှန်ပြီး၊ ပါသင့်တဲ့အချက်အလက် အားလုံးစုံအောင် ထည့်သွင်းရိုက်ကူးထားနိုင်ပါတယ်။ဉာဏ်ကောင်းရဲ့သားနဲ့ လမ်းမှားရောက်နေတဲ့ လူငယ်လေးကို တာဝန်အရဖမ်းတာတင်မဟုတ်ပဲလမ်းမှန်ရောက်လာအောင် ပြုပြင်ပေးရုံသာမက နိုင်ငံအတွက်ပါ အကျိုးရှိအောင် အသုံးချနိုင်ခဲ့တဲ့Carl Hanratty အဖြစ် Tom Hanks က ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။အထူးသဖြင့် ပြင်သစ်ရဲတွေ Frank ကို ဖမ်းသွားတော့ မရမက ပြန်ခေါ်ထုတ်ပြီးအမေရိကားကို ပြန်ခေါ်လာနိုင်ဖို့ ကြိုးစားခဲ့ပုံတွေက လူလူချင်းတန်ဖိုးထားတတ်တဲ့ အလေ့အထတွေကိုခံစားမိစေပါတယ်။ကြည့်မိသူတိုင်းကြိုက်ကြတာမို့ လက်လွတ်မခံစေချင်ပါဘူး။ File size… ...
movie

Catch Me If You Can (2002)

2002
Eight Legged Freaks(2002) 5.5
Eight Legged Freaks(2002) Eight Legged Freaks(2002)(unicode)ဝေးလံခေါင်ဖျားတဲ့ သတ္တုတွင်းအခြေစိုက်မြို့လေးတစ်မြို့မှာ ဓာတုပစ္စည်းတွေ ယိုဖိတ်ရာကနေ ပင့်ကူမွေးမြူရေးစခန်းက ရာချီတဲ့ ပင့်ကူတွေဟာ ကားတစ်စီးစာအရွယ်အစားအဖြစ်ကို ညတွင်းချင်းကြီးမားသွားပါတော့တယ်။ အဲ့ဒါကိုတားမြစ်ရမယ့်သူတွေကတော့ မိုင်းတွင်း အင်ဂျင်နီယာ ခရစ်မက်ကော်မနက် ရဲအရာရှိ ဆမ်ပါကား နဲ့ ဆမ်ရဲ့သား ပင့်ကူတွေအကြောင်း ကျွမ်းကျင်တဲ့ မိုက်ခ်ဆိုတဲ့ ကလေးတစ်ယောက်ရယ် မြို့နေ လူတစ်စုရယ်ပါပဲ။ တစ်မြို့လုံးကို ဖုံးလွှမ်း အန္တရာယ်ပေးလာမယ့် ပင့်ကူတွေကို သူတို့ ဘယ်လိုရင်ဆိုင်မလဲ? ဝေးလံလွန်းတဲ့ ဒေသဖြစ်တဲ့ အပြင် တစ်ခြားဒေသတွေနဲ့လဲ အဆက်အသွယ်ပြတ်တောက်သွားတဲ့အခါ ဘယ်သူ့ဆီက အကူအညီရယူရမလဲ? Eight Legged Freaks ဟာ အကောင်ကားတွေလို့ခေါ်ကြတဲ့ Monster movies တွေခေတ်စားတဲ့ 90s 20s ဝန်းကျင်က မြန်မာပြည်က ခွေဆိုင်တွေမှာပါ အတော်ပေါက်ခဲ့တဲ့ ကားတစ်ကားပါ။ အကောင်ကားဆိုပေမယ့် Pg 13 ပဲဖြစ်တဲ့အတွက် သွေးထွက်သံယိုကြမ်းတမ်းတဲ့ပြကွက်တွေ မပါဝင်ပဲ ဟာသတွေနဲ့ ပေါ့ပေါ့ပါးပါး ဖျော်ဖြေရေးဖြစ်တဲ့ ကားတစ်ကားပါပဲ။ ...
movie

Eight Legged Freaks(2002)