Channel Myanmar

Jane Luk

Dead Ringers (1988) 7.2
Dead Ringers (1988)  အဲလိယတ်နှင့် ဘီဗာလီတို့ဟာ ရုပ်ရည် သွင်ပြင်လက္ခဏာချွတ်စွပ်တူတဲ့ အမြွာတွေဖြစ်ပြီးတော့ သူတို့ဟာ အောင်မြင်တဲ့ မီးယပ်သားဖွားဆရာဝန်တွေဖြစ်ပါတယ်။ သူတို့ရဲ့ဆေးခန်းဟာ ခေတ်မီဆန်းသစ်တဲ့ နည်းပညာနှင့် ကိရိယာတွေကြောင့် လူသိများပါတယ်။ သူတို့နှစ်ယောက်မှာ အဲလိယတ်ဟာ လူနာအမျိုးသမီးတွေနဲ့ အတူတူ အိပ်လေ့ရှိပြီးတော့ သူငြီးငွေ့သွားရင် သူ့ရဲ့ ညီဖြစ်သူ ဘီဗာလီကို လက်လွဲပေးတတ်ပါတယ်။ဒီတော့ ကောင်မလေးတွေခဗျာ ရုပ်ချင်းဒီလောက်ဆင်တယ်ဆိုတာ မသိတာကတစ်ကြောင်း၊ အကျင့်စရိုက်တွေပါ မခွဲခြားနိုင်တာကြောင့် နှစ်ယောက်ပေါင်းပြီး စားခံနေရမှန်း မသိကြရှာပါဘူး။ တစ်နေ့မှာတော့ နာမည်ကျော်သရုပ်ဆောင်မင်းသမီး ကလဲဟာ ရုပ်ရှင်ဇာတ်လမ်းတိုလာရိုက်ကူးရင်း သူတို့ဆေးခန်းကို လာပြရာက အဲလိယတ်ကို ကြွေဆင်းသွားပြီး တူတူအိပ်ဖြစ်ကြပါတယ်။အဲလိယတ်ကတော့ ကလဲကို ငြီးငွေ့သွားလို့ သူ့ညီ ဘီဗာလီကို သွားအိပ်ခိုင်းပါတယ်။ တနယ်ခြားသူလေး ကလဲဟာ သူမကို ညီအစ်ကိုနှစ်ယောက်ပေါင်းစားနေကြောင်း မသိရှာပါဘူး။ ဒီတော့ ဒီဇာတ်ကားလေးမှာ ကလဲတစ်ယောက် ဒီအဖြစ်မှန်ကို သိသွားမလား၊ သူ့အနေနဲ့ ဘယ်လိုလက်တုံ့ပြန်မလဲ၊ အမြွာနှစ်ယောက်ကရော ဘယ်လိုစိတ်နေစိတ်ထားရှိတာလဲ၊ စိတ်အနေအထားက ...
movie

Dead Ringers (1988)

Saw III (2006) Saw 3 6.2
Saw III (2006) Saw 3 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw III (2006) Saw 3