Channel Myanmar

Janene Carleton

12 Rounds 2: Reloaded (2013)
12 Rounds 2: Reloaded (2013) အရေးပေါ်သူနာပြုတစ်ယောက်ဖြစ်တဲ့ နစ်ခ် မယ်လွိုင် (Randy Orton) ဟာ သူအတိတ်မှာလုပ်ခဲ့မိတဲ့ ကိစ္စတစ်ခုကြောင့် အန္တရာယ်များတဲ့ ကစားပွဲတစ်ခုကို ကစားရပါတော့တယ်.အဲ့ကစားပွဲကို ကြိုးကိုင်တဲ့သူက သူ့မိန်းမကိုပါ ဓားစားခံလုပ်ပြီး ကစားပွဲကို ၁၂ ချီတိတိ သေချာအကွက်ချစီစဉ်ပြီးတော့ သူ့ကို ကစားစေပါတယ်. ဒါ့အပြင် ကစားပွဲတစ်ခုချင်းစီတိုင်းမှာလည်း သူတို့ရဲ့ ရည်ရွယ်ချက်တွေရှိနေပြီး အဲဒီရည်ရွယ်ချက်တွေရဲ့နောက်ကွယ်က အမှန်တရားကဘာလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကား ဖြစ်ပါတယ်.နစ်ခ်ကရော သူ့မိန်းမရဲ့အသက်ကို ကယ်နိုင်ပါ့မလား??? ကစားပွဲကို ကြိုးကိုင်တဲ့သူကပဲ အနိုင်ရသွားမလား??? အချိန် တစ်နာရီခွဲလောက်ကို တောက်လျှောက်ဆွဲခေါ်သွားနိုင်တဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်.အရှေ့ကထွက်ခဲ့တဲ့ 12 Rounds ဇာတ်ကားလိုပဲ ဒီကားမှာလဲ WWE Superstar ဖြစ်တဲ့ ကျွန်တော်တို့ငယ်ငယ်က ကြိုက်ခဲ့ရတဲ့ Randy Orton က အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ထားပြီး Scorpion King 3 အပြင် Death Race 2 + ...
movie

12 Rounds 2: Reloaded (2013)

Killing Gunther (2017) 5.0
Killing Gunther (2017)  နာမည်ကြီး အာနိုးမင်းသားလို့ လူသိများကြတဲ့မင်းသားကြီး“Arnold Schwarzenegger” ပါဝင်သရုပ်ဆောင်ထားတဲ့ Killing Gunther ဆိုတဲ့ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်ဒီဇာတ်လမ်းထဲမှာတော့ မင်းသားကြီးအာနိုးက တလောကလုံးကလေးစားပြီးကြောက်ရတဲ့ အရည်အချင်းရှိတဲ့ကြေးစားလူသတ်သမား “ဂါးသာ”နေရာကနေသရုပ်ဆောင်ထားပါတယ် တဖက်မှာတော့ “ဘလိတ်” လို့ခေါ်တဲ့ ကြေးစားလူသတ်သမားကလည်း ကြေးစားလောကရဲ့ထိပ်တန်းဖြစ်ချင်တာကြောင့်ဂါးသာကိုရှင်းပစ်ဖို့ အစီအစဉ်ဆွဲပါတော့တယ်သူသိသမျှ လက်စွမ်းရှိတဲ့ကြေးစားလူသတ်သမားတွေ လုပ်ကြံရေးသမားတွေကိုဆက်သွယ်ပြီး အဖွဲ့ထောင်ကာ ဂါးသာကို သတ်ပစ်ဖို့ကြိုးစားခဲ့တဲ့နောက်ပိုင်းမှာတော့ဂါးသာအသတ်ခံလိုက်ရမလား ဒါမှမဟုတ် ကြေးစားလောကမှာရှိတဲ့သူ့ရဲ့ဂုဏ်ကိုဆက်လက်ထိန်းသိမ်းထားနိုင်မလားဆိုတာကို အက်ရှင်အကွက်တွေအပြင်ဟာသလေးပါ နှောထားလို့ စိတ်အပန်းပြေစေမှာတော့ အမှန်ပါပဲ.. File size…2.07GB / 1.35GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Action, Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn
movie

Killing Gunther (2017)