Channel Myanmar

Janet McTeer

Tideland (2005)
Tideland (2005)  IMDb 6.3/10 ရရှိထားတဲ့ Fantasy/Horror ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့ သူမတူတဲ့ ဇာတ်လမ်းတင်ဆက်ပုံနဲ့ နောက်တစ်ခန်း ဘာဆက်ဖြစ်မလဲဆိုတာ မှန်းမရတဲ့ ဇာတ်လမ်းအသွားအလာကြောင့် ရောထွေးတဲ့ မှတ်ချက်များစွာ ရရှိခဲ့တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဂျီလက်ဇ်ရို့စ်ဆိုတဲ့ ကလေးမလေးက ဆေးစွဲနေတဲ့မိဘနှစ်ပါးအတွက် ထိုးဆေးပြင်ပေးရသူပါ။ သူ့အဖေက စိတ်ကူးယဉ်တတ်သူတစ်ဦးဖြစ်ပြီး ရို့စ်ကို သူ့စိတ်ကူးတွေထဲက အကြောင်းတွေကို မကြာခဏ ပုံဖော်ပြောပြလေ့ရှိပါတယ်။ ဒီလိုနဲ့ တစ်ရက်မှာတော့ သူ့အမေက ရုတ်တရက်ဆန်စွာ ဆေးလွန်ပြီး သေဆုံးသွားခဲ့တာမို့ သူ့အဖေက သူ့လက်ကိုဆွဲပြီး သူ့အဘွားရှိရာဆီ ထွက်လာခဲ့ရပါတော့တယ်။သူတို့သားအဖ သူ့အဘွားဆီရောက်သွားပေမယ့် သူ့အဘွားက မရှိတော့ဘဲ ပျက်စီးနေတဲ့ အိမ်အိုကြီးနဲ့သာ တွေ့ဆုံခဲ့ရပြီး နောက်တစ်ရက်မှာပဲ သူ့အဖေကလည်း ဆေးလွန်ပြီး သေဆုံးသွားခဲ့ပြန်တာမို့ ရို့စ်လေးခမျာ လောကအလယ် တစ်ယောက်တည်း ကျန်ရစ်ခဲ့ရရှာပါတော့တယ်။ ငယ်ရွယ်လွန်းတဲ့ ကလေးငယ်လေးဖြစ်တာမို့ အဖေသေဆုံးသွားတာကို မသိဘဲ အိပ်နေတယ်လို့ပဲ ထင်ကာ သူ့ရဲ့ ခေါင်းပြတ်အရုပ် ...
movie

Tideland (2005)

Insurgent (2015) 6.2
Insurgent (2015)  ဒီကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီးယခင် Divergent ရဲ့ sequel ဇာတ်လမ်း ဖြစ်ပါတယ်။ဒါရိုက်တာ Robert Schwentke က ရိုက်ကူးထားပြီးယခင်ကားထဲက သရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb 6.1 ထိလည်း ရရှိထားပါတယ်။ ယခင်ကားမှာ ဒေါင့်လက်စ်တွေက အပ်နီဂေးရှင်းကို ဝင်စီးရင်းတိုက်ခိုက်ကြတာကနေ ထရစ်နဲ့ ဖိုးရ်တို့အပြင်ဒေါင့်လက်စ် လူသစ်အတော်များများ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ထရစ်တို့ မောင်နှမနဲ့ ဖိုးရ်တို့က အမ်မတီတွေရဲ့လယ်ကွင်းတွေထဲမှာ ခြေရာဖျောက်နေရင်း လွတ်မြောက်သွားတဲ့ဒေါင့်လက်စ်တွေကို စုံစမ်းနေကြတယ်။ ဒီအချိန်မှာ ဂျနီးန်က မြို့တည်သူတွေ ချန်ထားခဲ့တဲ့သတင်းစကားပါတဲ့ သေတ္တာကို ရသွားပြီး ဒီသေတ္တာကိုဖွင့်နိုင်ဖို့ ဒိုင်ဗားဂျန့်တွေကို အစွမ်းကုန် လိုက်ရှာပါတော့တယ်...  File size…    5 GB /  2 GB /   1 GB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 59m Genre ...
movie

Insurgent (2015)

2015
4K HEVCHDR
Allegiant (2016)
Allegiant (2016) စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ဇာတ်လမ်းရဲ့ကြောရိုး....အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး...သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ...
movie

Allegiant (2016)

2016
4K HEVCHDR
Me Before You (2016) 7.4
Me Before You (2016) Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou ...
movie

Me Before You (2016)

2016
4K HEVC
Velvet Goldmine (1998) 6.9
Velvet Goldmine (1998) မင်းသားကြီး Christian Bale ငယ်စဉ်ကသရုပ်ဆောင်ထားတဲ့ 1998 ခုနှစ်က ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Glam-rock အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဟာ စင်ပေါ်မှာဖျော်ဖြေနေတုန်း သေနတ်အပစ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ နောက်နေ့ကျမှ သေနတ်ပစ်ခံရတာဟာ သရုပ်ဆောင်တာသာဖြစ်ကြောင်း၊ စတန့်ပြကွက်တစ်ခုသာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီပြကွက်နောက်ပိုင်း ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေခံရ၊ ရောင်းအားတွေလည်းကျဆင်းပြီး စလိတ်ဒ်တစ်ယောက် ဘယ်ရောက်သွားမှန်းမသိအောင်ကို အစပျောက်သွားခဲ့ပါတယ်။ အဲဒီအဖြစ်အပျက်အပြီး ၁၀ နှစ်အကြာမှာ အမေရိကန်သတင်းဌာနတစ်ခုကနေ အဆိုတော် ဘရိုင်ယန်စလိတ်ဒ်ဘာဖြစ်သွားလဲ၊ ဘယ်ရောက်နေလဲဆိုတာ စုံစမ်းခိုင်းဖို့ သတင်းထောက် အာသာကို လွှတ်လိုက်ပါတယ်။ သတင်းထောက်အာသာဟာ ငယ်စဉ်တုန်းက အဲဒီအဆိုတော် ဘရိုင်ယန်စလိတ်ဒ်ကို အရူးအမူးအားပေးခဲ့သူပဲဖြစ်ပါတယ်။ ဘရိုင်ယန်စလိတ်ဒ်ရဲ့ လိင်တူနှစ်သက်မှုကို ပွင့်လင်းမြင်သာစွာ ဖွင့်ဟထားမှုတွေ၊ ထုံးတမ်းကိုဆန့်ကျင်တဲ့ ဝတ်စားဆင်ယင်မှုတွေက အာသာအနေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကို ဖွင့်လှစ်ပြဖို့ အားတက်စေခဲ့တဲ့အရာတွေ ဖြစ်ခဲ့တာပါ။ စလိတ်ဒ်သေနတ်ပစ်ခံရပုံဟန်ဆောင်ပြတဲ့ ဖျော်ဖြေပွဲညတုန်းက ပွဲထဲမှာ အာသာပါရှိနေခဲ့တာပါ။ အခုအခါမှာတော့ သူတစ်ချိန်ကအရူးအမူးကြိုက်ခဲ့တဲ့ အဆိုတော်အကြောင်း ...
movie

Velvet Goldmine (1998)

Fathers and Daughters (2015) 7.0
Fathers and Daughters (2015) “အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်.နိုးထပြီး. ကျဆင်းတယ်.ပြီးတော့ ချစ်တယ်. ထွက်သွားတယ်...”ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာအကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို“ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင်ဇာတ်မသိမ်းသေးပါဘူး” လို့အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်.မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကိုဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့်ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီးစိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာအချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်.သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာသမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန်ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလိုတစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာတွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှမရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်.ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲကခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကိုတွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကိုလွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…  1.6GB / 713MB Quality… Blu-Ray ...
movie

Fathers and Daughters (2015)

2015
The Menu (2022) 7.5
The Menu (2022) The Menu (2022)~ IMDb - 7.5/10, RT - 89%, Meta - 71% ~ဒါရိုက်တာ Mark Mylod ရဲ့ ရုပ်ရှင်အသစ်ကြီး လာပါပြီ။ ဒီဒါရိုက်တာကိုတော့ အကောင်းဆုံးစီးရီးတွေဖြစ်တဲ့ Game of Thrones, Succession လို စီးရီးတွေမှာ ဝင်ပြီးရိုက်ကူးခဲ့တဲ့သူအဖြစ် လူသိများပါတယ်။ အခုရုပ်ရှင်ကတော့ Dark Comedy, Horror အမျိုးအစားပါပဲ။ အဓိက ဇာတ်ဆောင်အဖြစ် အေးစက်စက်နဲ့ ကြောက်စရာအခန်းတွေနဲ့အရမ်းလိုက်ဖက်တဲ့ Ralph Fiennes က သရုပ်ဆောင်ထားပါတယ်။ သူ့ကိုတော့ ရှင်းဒလားလစ်စ် တို့ ဂရန်းဘူဒါပက်စ်ဟိုတယ်တို့လို ရုပ်ရှင်တွေမှာ တွေ့ဖူးကြမှာပါ။ နောက်ထပ် ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသမီး အာညာတေလာဂျွိုင်း၊ Warm Bodies ရဲ့မင်းသား Nicholas Hoult တို့လည်းပါဝင်ထားပါတယ်။~ ဇာတ်လမ်းအကျဉ်း ~လူတစ်ယောက်ကို ...
movie

The Menu (2022)

2022
Maleficent (2014) 7.0
Maleficent (2014) Maleficent (2014) IMDb - 7.0/10_____Rotten - 54%  Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie

Maleficent (2014)

2014
The Exception (2016) 6.8
The Exception (2016)  ခုမိတ်ဆက်ပေးမယ့် The Exception ဆိုတဲ့ဇာတ်ကားလေးကတော့ ဒုတိယကမ႓ာစစ်အတွင်းက ရိုမက်တစ်အချစ်ဇာတ်ကားလေးပါ Stefan Brandt ဆိုတဲ့ ဂျာမနီစစ်သားလေးဟာ နယ်နှင်ခံရတဲ့ဂျာမနီဘုရင် Wilhelm 2 ရဲ့ ဘော်ဒီဂတ်အဖြစ်တာဝန်ပေးအပ်ခံရပါတယ် နယ်နှင်ခံဘုရင်က နယ်သာလန်က ရဲတိုက်မှာနေရပါတယ် Brandt ဟာ သူ့တာဝန်တွေကို ထမ်းဆောင်ရင်း အိမ်အစေခံထဲကတစ်ယောက်ဖြစ်တဲ့ Mieke နဲ့ မမျှော်လင့်ဘဲ ချစ်မိသွားခဲ့ပါတယ် နောက်မှသူသိရတာက Mieke က ဂျူးလူမျိုးဖြစ်နေတာပါ အဲအပြင် Mieke ဟာနယ်နှင်ခံဘုရင်အိမ်တော်ကသတင်းတွေကို လျှို့ဝှက်စုံစမ်းဖို့ ရောက်နေတာလဲဖြစ်ပါတယ် သူတို့ ၂ယောက်ချစ်နေကြတာကို နယ်နှစ်ခံဘုရင်ရဲ့ဇနီးသိသွားတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲ Brandt ဟာ အလုပ်တာဝန်နဲ့ နှလုံးသားကြား ရွေးချယ်ရတဲ့အခါ သူဘယ်လိုဆုံးဖြတ်မလဲ သူတို့ ၂ ယောက်ရဲ့အချစ်ဇာတ်လမ်းလေးကရော ပေါင်းဖက်ရပါ့မလား ဆိုတာတော့ ကြည့်ရှုအားပေးကြပါဦးFile Size : (750 MB) and (270MB) Quality : Webdl 720p Running Time : 1hr 45minutes Format : Mp4 Genre : Drama, Romance, ...
movie

The Exception (2016)

2016