Channel Myanmar

Jang Dong-ju

Honest Candidate (2020) 6.3
Honest Candidate (2020) [Unicode]Honest Candidate(2020)IMDb rating - 6.3/10 Genre - Comedy , Politicalလွှတ်တော်အမတ် ဂျူဆန်းဆုဟာ ရွေးကောက်ပွဲမှာ၃ကြိမ်တိုင်အနိုင်ရခဲ့ပြီး အခုလေးကြိမ်မြောက်ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပါတယ်။ ဆုံးပါးသွားတဲ့သူ့အဘွားရဲ့နာမည်ကိုသုံးပြီးတည်ထောင်ထားတဲ့ အုတ်ဟီဖောင်ဒေးရှင်းကြောင့် လူတွေရဲ့စာနာမှုနဲ့အတူထောက်ခံမှုကိုပါရခဲ့တာပါ။တကယ်တမ်း သူ့အဘွားသေဆုံးတာကလည်းအမှန်မဟုတ်သလို ဖောင်ဒေးရှင်းကပေးတဲ့ပညာသင်ဆုကလည်း အကျိုးအမြတ်ရဖို့နာမည်ခံထားတဲ့ကိစ္စဖြစ်နေခဲ့ပါတယ်။ လူထုထောက်ခံမှုရဖို့အတွက် သာမန်တိုက်ခန်းလေးမှာနေထိုင်တယ်ဆိုပြီးလိမ်ညာထားပေမဲ့ တကယ်တမ်းက ခမ်းနားတဲ့အိမ်မှာ ဈေးကြီးအသုံးအဆောင်တွေနဲ့စားသောက်နေထိုင်နေခဲ့တာပါ။တစ်နေ့မှာတော့ သူ့အဘွားရဲ့ဆုတောင်းကြောင့် လိမ်ပြောလို့မရတဲ့သူတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဖုံးကွယ်ထားတဲ့အရာတွေကိုလူထုသိမသွားအောင်ဖြေရှင်းရင်း တစ်စပြီးတစ်စအလိမ်ပေါ်လာတာကို ဘယ်လိုလိုက်ရှင်းကြသလဲဆိုတာကို ဟာသနှောပြီးရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။"မကောင်းမှုသည် ဆိတ်ကွယ်ရာမရှိ"ဆိုသလို ခုလိုတိုးတက်နေတဲ့ခေတ်ထဲမှာ ဘယ်အရာကိုမှအဆုံးထိဖုံးကွယ်လို့မရတာကိုလည်း သတိပြုဖွယ်မြင်တွေ့ရမှာပါ ။ နိုင်ငံရေးအကြောင်းအရာတွေတင်မဟုတ်ဘဲ မိသားစုတွေကြားကသံယောဇဉ်တွေနဲ့ ကြည်နူးစရာ ဝမ်းနည်းစရာလေးတွေကိုပါ ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ရသစုံလင်စွာနဲ့ ကြည့်နိုင်မဲ့ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။( အညွှန်းရေးသားထားသူကတော့ Ingyin San ပါ) [Zawgyi]Honest Candidate(2020)IMDb rating - 6.3/10 Genre - Comedy , Politicalလႊတ္ေတာ္အမတ္ ဂ်ဴဆန္းဆုဟာ ေရြးေကာက္ပြဲမွာ၃ႀကိမ္တိုင္အႏိုင္ရခဲ့ၿပီး အခုေလးႀကိမ္ေျမာက္ေရြးေကာက္ပြဲဝင္မဲ့ကိုယ္စားလွယ္ေလာင္းတစ္ဦးျဖစ္ပါတယ္။ ဆုံးပါးသြားတဲ့သူ႔အဘြားရဲ႕နာမည္ကိုသုံးၿပီးတည္ေထာင္ထားတဲ့ အုတ္ဟီေဖာင္ေဒးရွင္းေၾကာင့္ လူေတြရဲ႕စာနာမႈနဲ႔အတူေထာက္ခံမႈကိုပါရခဲ့တာပါ။တကယ္တမ္း သူ႔အဘြားေသဆုံးတာကလည္းအမွန္မဟုတ္သလို ေဖာင္ေဒးရွင္းကေပးတဲ့ပညာသင္ဆုကလည္း အက်ိဳးအျမတ္ရဖို႔နာမည္ခံထားတဲ့ကိစၥျဖစ္ေနခဲ့ပါတယ္။ လူထုေထာက္ခံမႈရဖို႔အတြက္ သာမန္တိုက္ခန္းေလးမွာေနထိုင္တယ္ဆိုၿပီးလိမ္ညာထားေပမဲ့ တကယ္တမ္းက ခမ္းနားတဲ့အိမ္မွာ ေစ်းႀကီးအသုံးအေဆာင္ေတြနဲ႔စားေသာက္ေနထိုင္ေနခဲ့တာပါ။တစ္ေန႔မွာေတာ့ ...
movie

Honest Candidate (2020)