Channel Myanmar

Jang Hee-jin

The Showdown (2011) 5.8
The Showdown (2011) The Showdown (2011) ===================ဂျိုဆွန်းဘုရင်ဂွမ်ဟယ်ဂန်လက်ထက် ၁၁နှစ်မြောက်မှာ ချောင်နိုင်ငံနဲ့စစ်ပွဲဖြစ်တယ်။ ဒါပေမဲ့ ဒီကားက စစ်ပွဲအကြောင်းကို အဓိကထားရိုက်ထားတာတော့မဟုတ်ဘူး။ အဲ့စစ်ပွဲထဲပါသွားတဲ့ စစ်သားသုံးယောက်အကြောင်းကို အဓိကထားရိုက်ထားတာပါ။ဂျိုဆွန်းနဲ့ ချောင်က အင်အားချင်းမမျှပါဘူး... ဂျိုဆွန်းဘက်က လွှတ်သမျှ စစ်သားတိုင်း အသေခံဖို့ ပို့နေသလိုပဲ...စစ်ပွဲရှုံးသွားတော့ မသေဘဲ ထွက်ပြေးလာတဲ့ စစ်သားသုံးယောက်က ဂျိုဆွန်းကနေ ၃ရက်ခရီးလောက်ဝေးတဲ့နေရာက တည်းခိုခန်းပျက်တစ်ခုမှာဆုံကြတယ်။ အပြင်မှာက ချောင်စစ်သားတွေခြေချင်းလိမ်နေတဲ့ ရန်သူ့နယ်မြေဖြစ်တဲ့အပြင် နှင်းမုန်တိုင်းကလည်း သည်းကြီးမဲကြီးပေါ့။စစ်သားသုံးယောက်ထဲမှာ နှစ်ယောက်ကတော့ မျိုးရိုးမြင့်ဖြစ်တဲ့အပြင် ရာထူးကြီးတဲ့သူတွေ၊ သူငယ်ချင်းလည်းသူငယ်ချင်း‌ပေါ့၊ ကျန်တဲ့တစ်ယောက်ကတော့ အခွန်မပေးနိုင်လို့ဆိုပြီး ပေါ်တာဆွဲခံလာရတဲ့ ဇာတ်နိမ့်တစ်ယောက်။ သူတို့သုံးယောက်မှာလည်း ရာဇဝင်ကိုယ်စီနဲ့...ဂျိုဆွန်းကို အသက်ရှင်လျက်ပြန်သွားဖို့လုပ်ကြပေမဲ့ တကယ်တမ်း တည်းခိုခန်းပျက်ထဲဖြစ်လာတဲ့ ဇာတ်လမ်းတွေက သူတို့သုံးယောက်ကို အချင်းချင်းသတ်စေတဲ့အထိ ဖြစ်လာတဲ့အခါ....။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ngwe Zin ပါ )File size_(1.7GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Action, Drama, History Subtitle_Myanmar Subtitle ...
movie

The Showdown (2011)

Rough Cut (2008) 7
Rough Cut (2008) Rough Cut (2008) အခုတစ်ခါ မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မင်းသားကြီး So Ji Sub ရဲ့ အက်ရှင်ကားလေးတစ်ကား ဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်းမှာလည်း ဒီမင်းသားကြီး ဦးဆောင်ပါဝင်မဲ့ Doctor Lawyer ဆိုတဲ့ Series လည်း ထွက်လာဦးမှာပါ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ...ဂန်ဖယ်ဆိုတာကတော့ အင်မတန်ကြမ်းတမ်းတဲ့ လုပ်ရပ်တွေကြောင့် လူမိုက်ဂိုဏ်းတစ်ခုရဲ့ အဆင့် ၂ နေရာကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလို ကြမ်းတမ်းတယ်ဆိုပေမဲ့လည်း တစ်ဖက်မှာတော့ ဂန်ဖယ်ဟာ နူးညံ့တဲ့သဘောရှိပြီး အနုပညာကိုလည်း မြတ်နိုးသူ တစ်ယောက်ပါ။ဆူထာ ဆိုတာကတော့ အက်ရှင်မင်းသား ဖြစ်ပြီး ခပ်ကြမ်းကြမ်း သရုပ်ဆောင်ရတာကို ကြိုက်နှစ်သက်တဲ့သူပါ။ ကြမ်းတမ်းမှု အဆင့်တွေ သတ်မှတ်လိုက်ရင် ဆူထာ နဲ့ ဂန်ဖယ်တို့က အတူတူလောက်ပါပဲ။မင်းသားဂျန်ဆူထာက ရိုက်ကွင်းမှာ အတူတူရိုက်ကူးတဲ့ တစ်ဖက်သရုပ်ဆောင်ကို အက်ရှင်ကား ရိုက်ကူးရင်း အမှန်တကယ် ချလိုက်တာကြောင့် ဆေးရုံတင်လိုက်ရလို့ သူနဲ့အတူ တွဲရိုက်ပေးမယ့် ...
movie

Rough Cut (2008)

2008
Confession (2014) 6.7
Confession (2014) Confession (2014) ==================IMDb Rating - 6.7/10ယော်ရောဘွန်းတို့ "Confession" လို့ကြားလိုက်ရင် ဘာကိုပြေးမြင်လဲ "အချစ်ဝန်ခံချက်" လို့ပဲအရင်ဆုံးထင်လိုက်ကြတယ်မလားဒါပေမယ့်.....ဟျွန်းထယ် (Ji Sung) , အင်ချော (Ju Jihoon) နဲ့ မင်ဆူ(Lee Gwan Soo) တို့ကငယ်ငယ်ကတည်းက အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြတယ်။ ဟျွန်းထယ်က ဆွံ့အနားမကြားတဲ့ မိန်းမနဲ့ သမီးလေးတစ်ယောက်ရှိတယ် ကယ်ဆယ်ရေးဝန်ထမ်းအဖြစ်လုပ်ကိုင်တယ် သူက လူတွေကို ကယ်ဆယ်တဲ့အလုပ်လုပ်နေတော့ အရာအားလုံးကို တရားမျှတတာကိုကြိုက်တယ်။ အင်ချောက အာမခံလုပ်ငန်းမှာလုပ်ကိုင်ပြီး "ညစ်တတ်တယ် လိမ်တတ်တယ်" လို့ အသိများကြတယ်။ မင်ချောကတော့ စီးပွားရေးလုပ်ငန်းအသေးလေး လုပ်ကိုင်ပြီး သူ့သူငယ်ချင်းတွေအပေါ် မှီခိုနေတဲ့ ပျော်ပျော်နေတတ်တဲ့ လူရိုး‌လူလိမ္မာလေးပါ။ တစ်နေ့မှာ သူတို့ ၃ ယောက်ထဲက တချို့ကအားလုံး အတွက်ကောင်းမယ် ဆိုတဲ့ အလုပ်တစ်ခုကို လုပ်လိုက်မိတယ်၊ ဒါပေမယ့် အဲ့အလုပ်က သူတို့ကို ပြစ်မှုကျူးလွန်သူတွေ ဖြစ်လာစေပြီး အချင်းချင်းအထင်လွဲမှုတွေဖြစ်လာတယ်။ သူတို့ရဲ့ ခိုင်မာတဲ့ သူငယ်ချင်းဆက်ဆံရေးကိုပါ ထိခိုက်လာတယ်။ ဝမ်းနည်းစရာကောင်းလောက်အောင် "အားလုံး ကောင်းအောင် လုပ်ပေမယ့် အဆိုးဆုံး"တွေဖြစ်လာခဲ့တယ်။ ဒီကားလေးရဲ့ အင်္ဂလိပ်နာမည်က "Confession" ...
movie

Confession (2014)

2014
A Girl at My Door (2014) 6.9
A Girl at My Door (2014) [Unicode]IMDb Rating - 6.9/10သင်က Psychological Drama တွေကိုနှစ်သက်တဲ့သူဆိုရင်တော့ ဒီကားကိုအကြိုက်တွေ့နိုင်ပါတယ်။ Lesbianတစ်ယောက်နဲ့ ၁၄နှစ်အရွယ်ကောင်မလေးရဲ့ကြားကချစ်ခြင်းမေတ္တာအကြောင်းရိုက်ကူးထားတာဖြစ်တဲ့အပြင် ဒွိဟဖြစ်စေတဲ့ဆက်ဆံရေးကိုရိုက်ကူးထားတာကြောင့် Low Budgetရိုက်ကူးရေးဖြစ်ခဲ့တဲ့အပြင် ပါဝင်ခဲ့နဲ့ Bae Doonaနဲ့ Kim Sae Ronတို့ ၂ယောက်လုံးက အနုပညာကြေးမယူဘဲရိုက်ကူးပေးခဲ့တဲ့ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဖြစ်တဲ့"လီယောင်းနမ်"ဟာ သူ့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကြောင့် အထင်လွဲခံရပြီး ဆိုးလ်ကနေကမ်းခြေမြို့လေးဆီ ရာထူးရွှေ့ပြောင်းခံခဲ့ရပါတယ်။ မြို့ကိုရောက်တဲ့အခါ ၁၄နှစ်အရွယ် "ဒိုဟီး"ကို ပထွေးနဲ့အဘွားကအမြဲနှိပ်စက်နေတာကို စပြီးတွေ့မြင်ခဲ့ရပါတယ်။"ဒိုဟီး"ကို ပထွေးကထပ်ပြီးနှိပ်စက်မှာကိုစိုးရိမ်တဲ့အတွက်ကြောင့် "ယောင်းနမ်"က နွေရာသီကျောင်းပိတ်ရက်အတွင်းမှာ သူ့အိမ်မှာလာနေဖို့ "ဒိုဟီး"ကိုခေါ်ထားခဲ့ပါတယ်။ဘဝတစ်လျှောက်လုံး သူ့ကိုဂရုစိုက်တဲ့သူမရှိခဲ့တဲ့"ဒိုဟီး"ကို "ယောင်းနမ်"ကမိသားစုဝင်တစ်ယောက်လိုဆက်ဆံတဲ့အခါ သူ့ကိုခင်တွယ်လာပါတယ်။ ဒီလိုနဲ့ကလေးမလေးရဲ့အကြောင်းတွေကိုပိုပြီးသိလာရတဲ့အခါမှာတော့ ရိုးအတဲ့ သာမန်ကလေးမလေးမဟုတ်တာကိုသိလာရပါတယ်။တစ်ဖက်မှာလည်း ပထွေးရဲ့လုပ်ငန်းမှာ တရားမဝင်လုပ်သားတွေကိုခိုင်းတာကြောင့်ပထွေးကိုဖမ်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ရဲအရာရှိဖြစ်သူယောင်းနမ်နဲ့ အချေအတင်ဖြစ်လာပါတယ်။သူ့အလုပ်ကိုထိခိုက်လာတဲ့အတွက် ပထွေးက"ယောင်းနမ်က ဒိုဟီးနဲ့လိင်ပိုင်းဆိုင်ရာပတ်သက်မှုရှိပါတယ်"ဆိုပြီး တိုင်ချက်ပြန်ဖွင့်တဲ့အခါမှာတော့Lesbianတစ်ယောက်ဖြစ်တဲ့ယောင်းနမ်ကဒိုဟီးကို စိတ်သန့်သန့်နဲ့စောင့်ရှောက်ခဲ့တယ်ဆိုတာကိုဘယ်လိုသက်သေပြမှာလဲ ဒီလိုပြစ်မှုကြောင့်ပဲနယ်ပြောင်းခံရတဲ့ယောင်းနမ်နဲ့ စိတ်ဒဏ်ရာရှိတဲ့ဒိုဟီးတို့ကြားမှာဘာတွေဆက်ဖြစ်သွားမလဲ မထင်ထားတဲ့ထွက်ဆိုချက်တွေကြားမှာ ယောင်းနမ်တစ်ယောက် ပြစ်မှုကနေလွတ်မြောက်နိုင်မလားဆိုတာကို ဒီဇာတ်ကားမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ) [Zawgyi]IMDb Rating - ...
movie

A Girl at My Door (2014)

Marrying the Mafia 3: Family Hustle ( 2006 ) 5.1
Marrying the Mafia 3: Family Hustle ( 2006 ) Marrying The Mafia 5 ကားလုံးကို ဒီမှာရှာနိုင်ပါတယ်ဒီကားလေးကတော့ Marrying The Mafia ကားရဲ့ 3 ကားမြောက်ပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းလေးကိုကြည့်လိုက်ရအောင်Marrying the Mafia 2 မှာ ဂန်းစတားနဲ့ ရှေ့နေရဲ့အချစ်ဇာတ်လမ်းရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းလေးပေါ့...ဂန်းစတားလောကက ထွက်ပြီး ကင်ချီလုပ်ငန်းကိုစတင်တဲ့ မူလဂန်းစတား မိသားစုတစ်စုကိုအငြိုးကြီးခဲ့တဲ့ ရှေ့နေဘုံတစ်ယောက် ဘယ်လိုလက်စားချေပြီးဘယ်လို ပြဿနာရှာမယ်ဆိုတာ မြင်တွေ့ရမှာပါ...ထုံးစံမပြတ် ဟာသနှောထားတဲ့အတွက် ဟာသချစ်သူတွေလက်မလွှတ်သင့်တဲ့ ဟာသဇာတ်ကားကောင်းတစ်ခုဖြစ်လို့ကြည့်ဖြစ်အောင် ကြည့်လိုက်ကြနော် Translated & Review By Chu ChuEncoded By LK
movie

Marrying the Mafia 3: Family Hustle ( 2006 )

2006