Channel Myanmar

Jang Min-hyeok

Beauty Water (2020) 6.1
Beauty Water (2020) Beauty Water (2020) =============== IMDb Rating - 6.1/10ဒီတစ်ခါမှာတော့ ပုံမှန်ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့မတူဘဲ ကိုရီးယားနိုင်ငံမှာ သူတို့ရဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အလှအပစံနှုန်းတွေနဲ့ လွှမ်းမိုးခံရမှုတွေအကြောင်း စိတ်ကူးယဉ်ရိုက်ကူးထားတဲ့ ကိုရီးယား animation ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ရယ်ဂျီဟာ ငယ်စဉ်ကတည်းက မလှပတဲ့ ရုပ်ရည်နဲ့ ခန္ဓာကိုယ်ကြောင့်  အနှိမ်ခံခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာ မိတ်ကပ်ဆရာမတစ်ယောက် အနေနဲ့ အလုပ်လုပ်နေပေမယ့် သူ့ရဲ့ ပုံပန်းသဏ္ဍာန်ကြောင့် အလုပ်မှာရော  လူမှုဘဝ မှာပါ အဆင်မပြေဘဲ လောကကြီးကို အမြဲမကောင်းမြင်နေတတ်တာပါ။တနေ့မှာတော့ ရယ်ဂျီဟာ မထင်မှတ်ဘဲ scam mail တစ်ခုကို မှားနှိပ််မိပြီး အလှရည် တစ်ပုလင်း သူ့ဆီကို ပါဆယ်ရောက်လာပါတော့တယ်။ အဲဒီ အလှရည်နဲ့ပြုပြင်လိုက်ရုံနဲ့ သူမတူအောင် လှပချောမောတဲ့ ကောင်မလေးတစ်ယောက်ဖြစ်သွားတဲ့အခါ….. ရယ်ဂျီဟာ ဒီအလှရည်နဲ့ သူ ငယ်ငယ်ကတည်းက မက်မောခဲ့ရတဲ့ ခေါင်းအစခြေအဆုံး လှပလွန်းတဲ့ရုပ်ရည်ကို မရအရယူဖို့အတွက် ကြိုးစားခဲ့တဲ့အခါမှာတော့ ……. ရယ်ဂျီဟာ လှဖို့အတွက်ဆို ဘာမဆိုလုပ်ရဲလာပါတော့တယ် ……ဒီလိုနဲ့ ကိုရီးယားနဲ့အလှအပနဲ့ပက်သက်တဲ့ စံနှုန်းတွေ သတ်မှတ်ချက်တွေနဲ့ ဖိနှိပ်ခံစားခဲ့ ရတဲ့ လူတစ်ယောက်၊ ရယ်ဂျီပေးဆပ်ရမယ့် အလှတရားရဲ့ ...
movie

Beauty Water (2020)

2020