Channel Myanmar

Janine Duvitski

About a Boy (2002) 7.1
About a Boy (2002) About a Boy (2002)~ IMDb - 7.1/10, Rotten Tomatoes - 93% ~ဒီကားလေးက 2002 ခုနှစ်ထုတ် Comedy, Romance, Drama ကားကောင်းလေးဖြစ်ပါတယ်။ အော်စကာဆုအတွက် ဆန်ခါတင်၀င်ခဲ့တဲ့ကားလေးဖြစ်ပြီး တခြားဆု(၁၁)ဆုနဲ့ ဆန်ခါတင်ပေါင်း(၃၀)ကျော်၀င်ထားခဲ့တဲ့ကားကောင်းလေးပါ။ Cast အနေနဲ့ဆိုရင်လည်း မယ်လိုဒရာမာမင်းသားကြီးဖြစ်တဲ့ Hugh Grant က အဓိကပါ၀င်ထားပြီး X-Men နဲ့ The Great မင်းသားဖြစ်တဲ့ Nicholas Hoult ရဲ့ ပွဲဦးထွက်ဇာတ်ကားလည်းဖြစ်ပါတယ်။ဝေလ်က ပေါ့ပျက်ပျက်နေတတ်ပြီး အလုပ်မရှိ အတည်တကျမရှိတဲ့သူတစ်ယောက်ပါ။ တစ်ရက်တော့ ဆင်ဂယ်လ်မားတွေကိုကပ်ဖို့အကြံနဲ့ တစ်ကိုယ်တည်းမိဘတွေ့ဆုံပွဲကို၀င်ပါတယ်။ အဲဒီကနေ ဆူဇီဆိုတဲ့အမျိုးသမီးနဲ့ချိတ်မိပြီး ဆင်ဂယ်ပဲရန့်စ်ပျော်ပွဲစားထွက်ရာကနေ မားကတ်စ်ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး ပေါ့ပျက်ပျက်ဖြစ်နေတဲ့ ဝေလ်ရဲ့ဘ၀တစ်ဆစ်ချိုးပြောင်းလဲဖို့စတင်လာပါတော့တယ်။ဒီဇာတ်ကားလေးက ၁နာရီ၄၀မိနစ်ကျော်အချိန်တွင်းမှာ တစ်ခန်းမှပစ်ရက်စရာမရှိ ငြီးငွေ့စရာမရှိတဲ့ဇာတ်ကားလေးပါပဲ။ ရယ်မောစရာဇာတ်၀င်ခန်းတွေအပြင် ခံစားချက်တွေနွေးထွေးစေနိုင်တဲ့အခန်းတွေ မျက်ရည်လည်နိုင်စေတဲ့အခန်းတွေနဲ့ ကြည်နူးစရာဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri ...
movie

About a Boy (2002)

2002
The New World (2005) 6.7
The New World (2005) The New World (2005)Pocahontas နဲ့ Captain John Smith တို့ရဲ့ ဇာတ်လမ်းလေး တင်ဆက်ပေးပါရစေ။အင်္ဂလိပ်ကိုလိုနီအဖွဲ့တွေဟာ နယ်ချဲ့ရင်းနဲ့ အမေရိကတိုက်ကိုရောက်ရှိလာပါတယ်။ အမေရိကတိုက်ရဲ့ ယခုဗာဂျီးနီးယားလို့ခေါ်ဆိုတဲ့နေရာမှာ အမေရိကန်လူမျိုးစစ်စစ်တွေဖြစ်တဲ့ အင်ဒီးယန်းလူမျိုးစုတွေ နေထိုင်ပါတယ်။အင်ဒီးယန်းတွေနဲ့ အင်္ဂလိပ်နယ်ချဲ့တွေအကြား ပဋိပက္ခဖြစ်ပွားရာမှာ Captain Smith အသတ်ခံရမယ့်အရေးကို အင်ဒီးယန်းလူမျိုးစုမင်းသမီး Pocahontasက ကယ်ဆယ်လိုက်ပါတယ်။ မင်းသမီး Pocahontasဟာ ဖခင်ရဲ့ အရေးအပေးခံရဆုံး သမီးတော်လည်းဖြစ် ထူးလည်းထူးခြားတာကြောင့် သမီးတော်သဘောကိုလိုက်ကာ Captain Smith ကို မသတ်ဘဲလွှတ်ထားလိုက်ပါတယ်။ဒီလိုနဲ့ Pocahontas နဲ့ Captain Smith ဟာ တွယ်ငြိသွားကြပါရော။ ရန်သူနှစ်ဖက်ကြား ပဋိပက္ခတွေနဲ့ သူတို့ချစ်သူနှစ်ယောက်ဟာ ဘယ်လိုနှစ်ပါးသွားကြမလဲ? ဘယ်လိုအလှည့်အပြောင်းတွေကြုံကြဦးမလဲ? ဆိုတာ ...ဇာတ်လမ်းသွားက အေးအေးနဲ့မို့ အစပိုင်းပျင်းဖို့ကောင်းနိုင်ပေမဲ့ ငြိမ့်ငြိမ့်လေးနဲ့ အရသာရှိရှိထိုင်ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jane ပါ။)File Size        ...
movie

The New World (2005)

2005