Channel Myanmar

Janna Nick

Jemputan Ke Neraka (2023) 7.7
Jemputan Ke Neraka (2023) Jemputan Ke Neraka 2023CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်း‌တစ်ယောက်ရဲ့ မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲက လက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့... ။ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး Aditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။) File size…1.2GB / 514MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ Cherry~ Alex~ ToMo
movie

Jemputan Ke Neraka (2023)

2023
Juang (2022) 7.0
Juang (2022)  ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားပြီး ကိုဗစ်ကပ်ရောဂါအကြောင်း ရိုက်ကူးထားတဲ့ Action/Drama/Thriller အမျိုးအစား မလေးဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မလေးရှား ရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုရရှိခဲ့ပြီး စကာတင်ဆယ်ခုဝင်ခဲ့တဲ့ ဒီဇာတ်ကားရဲ့နာမည်က "တိုက်ပွဲ"လို့ အဓိပ္ပါယ်ရပြီးတော့ ကိုဗစ်ကာလမှာ ရှေ့တန်းက တိုက်ပွဲဝင်ခဲ့တဲ့ ဟီးရိုးတွေအကြောင်းကို စုစုပေါင်း ဒါရိုက်တာ ၅ ယောက်က ဝိုင်းဝန်း ပုံဖော်ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ကိုဗစ်ကာလမှာ မလေးရှားအစိုးရက တရုတ်ပြည် ဝူဟန်မှာရှိ‌နေခဲ့တဲ့ သူ့နိုင်ငံသားတွေကို ပြန်ခေါ်ဖို့ လေယာဉ်တစ်စီး စီစဉ်ပေးခဲ့ပါတယ်။အားလုံးသိတဲ့အတိုင်း ကိုဗစ်စတင် ဖြစ်ပွားရာ ဝူဟန်ကိုဆိုရင် အားလုံးက ကြောက်လန့် တုန်လှုပ်ပြီး မသွားရဲ၊ အဲဒီက လာတဲ့သူတွေကိုဆို ရောဂါကူးစက်ခံထားရမလားဆိုပြီး သံသယမကင်းဖြစ်နေကြတာမို့ ကိုဗစ်ကာလရဲ့ အခက်အခဲ အတားအဆီးများစွာကြား အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့ကြတဲ့ လေယာဉ်အမှုထမ်းတွေနဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ဝူဟန်က ခရီးသည်တွေအကုန်လုံးကို စာရင်းအတိအကျနဲ့ ပြန်ခေါ်လာနိုင်မလား၊ လေယာဉ်ပေါ်က ဝန်ထမ်းတွေအကုန်လုံးရော ...
movie

Juang (2022)

All Because of You 2020 4
All Because of You 2020 ဒီဇာတ်ကားလေးက Netflixကပထမဆုံးထုတ်တဲ့ Malaysian Romance Comedy ဇာတ်ကားလေးပါMalaysian ဟာသသရုပ်ဆောင်များစွာလဲပါ၀င်ထားပါတယ်တစ်ကားလုံးရဲ့setting က Bayu Bayလို့ခေါ်တဲ့ Hotelပါ ဟိုတယ်၀န်ထမ်းအသီးသီးရဲ့ဇာတ်ကောင်စရိုက်တွေကိုပေါ်လွင်အောင်ဟာသနှောထားပါတယ်ဟိုတယ်၀န်ထမ်းဖြစ်တဲ့ အိုင်မန် က ဗိုက်ပူပူနဲ့ သိပ်ပီးဥာဏ်​မပြေးတဲ့ကောင်လေးတစ်ဦးပါ သူ့ကိုတဖတ်သတ်သဘောကျနေတဲ့သူကတော့ ဂျိန်းလို့နာမည်ရတဲ့စားဖိုဆောင်၀န်ထမ်းမလေးပါပဲ သူတို့ကအလွန်ခင်မင်ရင်းနှီးတဲ့အတွက်လဲအိုင်မန်ကသူ့ကိုစိတ်၀င်စားမှုမရှိတာပါ ဂျိန်းက အိုင်မန်ကိုဖွင့်ပြောဖို့အကြိမ်ကြိမ်ကြိုးစားပေမဲ့ မအောင်မြင်ပါဘူးတစ်နေ့တော့ ဟိုတယ်ကို ဆိုဖီယာအပါအ၀င်မိန်းကလေး၃ယောက်လာတည်းခိုပါတယ် အိုင်မန်က ဆိုဖီယာကိုမြင်မြင်ချင်းသဘောကျမိသွားပါတယ် ဒါပေမဲ့သူ့စိတ်ထဲမှာသဘောကျမိတဲ့မိန်းကလေးနဲ့အဖွဲ့က နောက်ပိုင်းမှာ ဟိုတယ်ကိုလက်နက်တွေနဲ့၀င်စီးပီး ဂျိန်းကိုဓားစာခံလုပ်ကာ သူတို့အသက်အန္တရာယ်ကိုပါခြိမ်းခြောက်ခါနီးထိဖြစ်လာပါတယ်အ့ဒီ့မှာ သူတို့ဟိုတယ်၀န်ထမ်းသူငယ်ချင်းအဖွဲ့က ဘယ်လိုဟာသမြောက်စွာနဲ့ ပြန်တိုက်ခိုက်ကြမလဲ ဘယ်လိုအနိုင်ယူနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ် File size… 1Gb / 700 Mb Quality… Bluray 1080p/ 720p Format…mp4 Duration….01:41:00 Genre ... Action, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Translated by Zhang Yu Yan Encoded by Littleneo  
movie

All Because of You 2020