Channel Myanmar

Janora McDuffie

Obsessed (2009)
Obsessed (2009) ဒီဇာတ်ကားလေးကတော့ ထူးထူးခြားခြား နာမည်ကျော်အဆိုတော် ဘီယွန်ဆေး ပါဝင်သရုပ်ဆောင်ထားပြီး ဘီယွန်ဆေးနှင့် လီဆာဖိုက်ရမယ့် ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒဲရက်ချားစ်ဟာ ကုမ္မဏီကြီးတစ်ခုမှာ ရာထူးလစာ ကောင်းကောင်းနှင့် အလုပ်လုပ်ကိုင်နေပြီး ရှာရွန်ဆိုတဲ့ဇနီးသည်ချောချောလေးနှင့်အတူ ကိုင်ဆိုတဲ့သားလေးတစ်ယောက် ပိုင်ဆိုင်ထားပြီး စိတ်သဘောထားကောင်းတဲ့အတွက် သွားလေရာမျက်နှာပန်းပွင့်ပြီး အဘက်ဘက်က ပြည့်စုံသူတစ်ဦးပါ။ဒီလိုသာယာနေတဲ့သူ့ဘဝကို မုန်တိုင်းစတင်ဝင်ရောက်တိုက်ခတ်လာတာကတော့ လီဆာဆိုတဲ့အမျိုးသမီးတစ်ယောက် အစမ်းခန့်ဝန်ထမ်းအနေနဲ့ သူတို့ကုမ္ပဏီကို ဝင်ရောက်လာတဲ့အချိန်ပါပဲ။ ဒဲရက်က လီဆာကို သဘောရိုးနဲ့ ပြောဆိုဆက်ဆံလိုက်ပေမယ့် လီဆာတစ်ယောက်ကတော့ တစ်ယောက်တည်းရူး စိတ်ကူးတွေယဉ်ပြီး ဒဲရက်ကို မရမကပိုင်ဆိုင်အောင် ကြိုးစားလာပါတော့တယ်။ ဘာမှမဖြစ်လောက်ပါဘူး ပြီးသွားမှာပါလို့ ဒဲရက်တစ်ယောက်ထင်ထားခဲ့ပေမယ့် လီဆာက လက်မလျှော့ဘဲ မထင်ထားတာတွေလုပ်လာတဲ့အခါ ဒဲရက်တစ်ယောက် ဘယ်လိုဒုက္ခလှလှတွေ့မလဲ သူနှင့်သူမိသားစု ဒီဒုက္ခကနေရော ရုန်းထွက်မလဲဆိုတာ ရင်တမမ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.8 GB)/(884 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo
movie

Obsessed (2009)

Dashing Through the Snow (2023) 5.5
Dashing Through the Snow (2023) Dashing Through the Snow (2023) =========================ခရစ္စမတ်အကြိုညမှာ အက်ဒီ သူ့ရဲ့ 8နှစ်သမီးလေးကို အိမ်မှာထား ခဲ့ပြီး ဘေးအိမ်က ခရီးသွားတဲ့အိမ်နီးချင်းကြောင်ကို အစာလာကြွေး တယ်။ အဲဒီအချိန် မီးဖိုးခေါင်းတိုင်မှာ ဆန်တာကလော့ဝတ်စုံနဲ့သူစိမ်း ရောက်နေတာကို တွေ့လိုက်တယ်။အက်ဒီလည်း သူခိုးဆိုပြီး ရဲတိုင်ဖို့လုပ်ပေမဲ့ သူမသိတာက တကယ်တော့ အဲဒါက ဆန်တာကလော့အစစ်ဖြစ်နေတာပါပဲ။ ဆန်တာကလော့လည်း သူက ဆန်တာကလော့ဆိုတာပြောပြတော့ နဂိုကတည်းက ဆန်တာက လော့ဆိုအယုံအကြည်မရှိတဲ့ အက်ဒီက ရူးနေတယ်ဆိုပြီး ဆေးရုံခေါဖို့ လုပ်ပါတော့တယ်။ ဒီဇာတ်လမ်းက ခရစ္စမတ်ကိုမှ ရယ်နေရမယ့်ဟာသ ဇာတ်လမ်းပါ။ အက်ဒီ ရုတ်တရက်ပေါ်လာတဲ့ ဆန်တာကလော့နဲ့ ဘယ်လို တွေအလွဲလွဲဖြစ်ပြီး ခေါင်းခြောက်ရမလဲဆိုတာ ဒီဇာတ်လမ်းမှာဆက်လက် ကြည့်ရှုနိုင်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.8 GB) / (784 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 32Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Family, Fantasy Translator.......Thwal Htoo Zin Encoder..........Zin Phyo Aung
movie

Dashing Through the Snow (2023)

2023
Praise This (2023) 5.9
Praise This (2023) Praise This IMDb 5.7ဒီဇာတ်ကားကတော့ ခရစ်ယာန်ဓမ္မတေးအဖွဲ့တွေအကြားက ပြိုင်ပွဲအကြောင်း ရိုက်ပြထားတာပါ...ဆမ်ဆိုတဲ့ ကောင်မလေးဟာ မိခင်ဆုံးသွားကတည်းက ဖအေဖြစ်သူနဲ့နေရင်း LAမြို့မှာ ငဆိုးငပေလေးအဖြစ် ကြီးပြင်းလာခဲ့သူပါ...ဆမ်တစ်ယောက် ရုံးရောက်ဂတ်ရောက်ဖြစ်တာတဲ့အခါ LAမှာ ဆက်ထားဖို့ မသင့်တော့တာမို့ ဦးလေးလင်မယားရှိရာ အတ္တလန္တာကို ပို့လိုက်ပါတော့တယ်...ဘာသာတရားကိုင်းရှိုင်းတဲ့ ဦးလေးတို့လင်မယားမှာ ဆမ်ရဲ့ ညီမဝမ်းကွဲတော်စပ်သူ ဂျက်စ်ဆိုတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်...လူဆိုးနဲ့ လူကောင်း အတူယှဉ်တွဲနေထိုင်တဲ့အခါ တံငါနားနီး တံငါဆိုသလို ဆမ်လည်း ပြောင်းလဲလာပါတော့တယ်...ဒီဇာတ်လမ်းဟာ ဆမ်ဆိုတာထက် ဓမ္မတေးအဖွဲ့တွေအကြောင်း ချာ့ချ်တွေအကြောင်း တစ်ကျောင်း တစ်ဖွဲ့ချင်းစီရဲ့ ပုံစံလက္ခဏာ စည်းမျည်းစည်းကမ်းတွေနဲ့ အဆိုအကတွေကြောင့် ခပ်မြူးမြူးလေး ကြည့်ရှုရမယ့် ဇာတ်ကားတစ်ပုဒ်ပဲဖြစ်ပါတယ်( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(2.3GB) / (1.2GB) Quality__WEB-DL_1080p, 720p IMDb Rating__5.9/10 Format__mp4 Duration__01:50:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Tun ...
movie

Praise This (2023)