Channel Myanmar

Jaroslav Vízner

The Illusionist (2006)
The Illusionist (2006)  မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းမဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။ File size…(1.8 GB)/(786 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre...Fantasy, Drama, Thriller, Roamce  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra
movie

The Illusionist (2006)

Last Holiday (2006) 6.6
Last Holiday (2006) Last Holiday (2006) ================ IMDb Rating - 6.6/10The Secret Life of Bees, Girls' Trip, Hustle စတဲ့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားကောင်းတွေရဲ့ အဆိုတော်မင်းသမီးကြီးတစ်လက် ဖြစ်တဲ့ Queen Latifah ဆိုရင် ပရိသတ်ကြီးတို့ စိမ်းနေမယ် မထင် ပါဘူး။ ဒီကားလေးကတော့ Lifestyle, Comedy ရုပ်ရှင်တွေကို ပီပြင် ပိုင်နိုင်တဲ့ Queen Latifah ရဲ့ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားတစ်ပုဒ် လို့ ပြောလို့ရပါတယ်။၂၀၀၆ ခုနှစ်မှာ ထွက်ရှိထားပြီး အမေရိကန်နိုင်ငံ၊ Louisiana ပြည်နယ်နဲ့ ပြင်သစ်နိုင်ငံတို့ကို နောက်ခံထားပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ Miss Georgia Berd - နယူးအော်လင်းန်စ်မြို့ရဲ့ စတိုးဆိုင်ကြီးကြီး ပြော ရရင်‌တော့ နာမည်ကြီး Shopping Mall ကြီးတစ်ခုရဲ့ ဟင်းချက်ပစ္စည်း ဌာနက အရောင်းစာရေးမတစ်ယောက်။ အသက် ၃၀ ကျော်နေပေမယ့် သူများဝန်ထမ်းဘဝနဲ့ပဲ နေနေရဆဲဖြစ်တဲ့အပြင် အရှက်အကြောက်နဲ့ အိန္ဒြေကြီးသူမို့ အလုပ်က Crush ကိုလည်း ...
movie

Last Holiday (2006)

2006
La Vie en Rose (2007) 7.6
La Vie en Rose (2007) La Vie En Rose ဆိုတဲ့ ဇာတ်လမ်းလေးကတော့ ပြင်သစ်အဆိုတော် အီဒစ်ပီအပ်ဖ်ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အမည်ကိုလည်း အီဒစ်ပီအပ်ဖ် ရဲ့နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ La Vie En Rose ကိုမှည့်ခေါ်ထားပါတယ်။အီဒစ်ပီအပ်ဖ်ရဲ့ ငယ်ဘဝအကြောင်းအရာတွေကစပြီး သူသေဆုံးချိန်မတိုင်ခင်နဲ့ ပတ်ဝန်းကျင်အဖြစ်အပျက်တွေထိ ပရိသတ်သိထားတာတွေရောနောက်ကွယ်က အကြောင်းအရာတွေပါ စုံစုံလင်လင်တင်ဆက်ထားတဲ့ အထ္ထုပတ္တိဇာတ်ကားကောင်းလေး ဖြစ်ပါတယ်။အီဒစ်ပီအပ်ဖ်ဟာ အောင်မြင်မှုကြီးမားသူတွေရဲ့ ထုံးစံအတိုင်းခက်ခဲကြမ်းတမ်းတဲ့ငယ်ဘဝကိုပိုင်ဆိုင်ခဲ့ရသူ ဖြစ်ပြီး ငယ်ငယ်ကလေးဘဝကတည်းကတာဝန်မယူတတ်တဲ့ အမေဖြစ်သူကြောင့်အဘွားဖြစ်သူ ရဲ့ ဆောင်ကြာမြိုင်မှာ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူ ဖြစ်ပါတယ်။အီဒစ်လေး ၉ နှစ် အရွယ်ရောက်ချိန်မှာ သူ့အဖေဖြစ်သူဆပ်ကပ်ကျွမ်းဘားသမားရဲ့ လမ်းပေါ်ကဖျော်ဖြေပွဲ တစ်ခုမှာ ပရိသတ်တစ်ယောက်တောင်းဆိုမှုကြောင့် "La Marseillaise" ကိုသီဆိုပြခဲ့ပြီးကမ္ဘာကြီးဆီကို "အီဒစ်ပီအပ်ဖ်" ကို စတင်မိတ်ဆက်ခဲ့ပေးပါတယ်။နှစ်တွေအများကြီးကြာခဲ့ပြီး ကလပ်ပိုင်ရှင်လူးဝစ်လပ်ပလီး နဲ့ တွေ့ဆုံပြီးချိန်မှာတော့ ကလပ်ရဲ့ပင်တိုင်အဆိုတော် ဖြစ်လာခဲ့ပါတယ်။ လူးဝစ်လပ်ပလီးကိုယ်တိုင်က သူ့ကို "စာငှက်ကလေး" လို့အဓိပ္ပါယ်ရတဲ့ ပီအပ်ဖ်ဆိုတဲ့ အမည်ကို တွဲပေးခဲ့လို့"အီဒစ်ပီအပ်ဖ်" ဆိုတဲ့ ...
movie

La Vie en Rose (2007)

Van Helsing (2004) 6.1
Van Helsing (2004) ဒီဇာတ်ကားလေးကတော့ တစ်ခေတ်တစ်ခါက Sony PS2 ဂိမ်းတောင် ထွက်ခဲ့ရတဲ့အထိ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေအနေနဲ့တော့ ဒီကားကို ကောင်းကောင်းကြီး သိကြမှာပါ။ ဒီဇာတ်ကားလေးကို The Mummy တို့ G.I Joe တို့ကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကြီး Stephen Sommers ကပဲ ရိုက်ထားပြီးတော့ Logan မင်းသားကြီး Hugh Jackman ကပဲ ဗန်ဟဲလ်ဆင်း အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။Hugh Jackman တစ်ဖြစ်လဲ Van Helsing ဆိုတာ လူတွေကို သက်သက် အလုပ်မရှိအလုပ်ရှာ လိုက်လံဖမ်းစားသတ်ဖြတ်နေတဲ့ မကောင်းဆိုးဝါးတွေကို လိုက်သတ်နေတဲ့သူ ၊ တစ်ရက်တော့ ကျရာတာ၀န်ကို ကျေပွန်စွာ ထမ်းဆောင်ပြီး စခန်းပြန်လာချိန် ၊ ကိုယ်မသွားရတိုင်း တွေ့တဲ့နေရာကို ရောက်ချင်တဲ့ ဒုက္ခရောက်ဆိုပြီး အမိန့်ပေးနေတဲ့ အထက်လူကြီး‌တွေထုံးစံအရ Count Dracula ...
movie

Van Helsing (2004)

2004
4K HEVC