Channel Myanmar

Jas Dhanda

The Jane Mysteries: Inheritance Lost (2023)
The Jane Mysteries: Inheritance Lost (2023) ဂျိန်းဒါဆေးလ်ဗားဟာ ဥရောပတစ်ခွင်မှာ နယ်လှည့်ဖျော်ဖြေနေတဲ့ ပြဇာတ်အဆိုတော်တစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ သူမရဲ့ ဦးလေးဖြစ်သူ ဟာရိုးဆီကနေ အကျိုးအမြတ်မယူတဲ့စုံထောက်အေဂျင်စီတစ်ခုကို အမွေရရှိခဲ့ပါတယ်။ သူမရဲ့ ဦးလေးဖြစ်သူက ဒီအေဂျင်စီကို သူမကိုဆက်လက်ဦးစီးစေချင်ပြီး လူတွေကို ကူညီစေချင်ပေမယ့် သူမဟာ သူမရဲ့ ပြဇာတ်အဆိုတော်ဘဝကို ခုံမင်တဲ့အတွက် လက်ခံဦးစီးဖို့ မစဉ်းစားခဲ့ပါဘူး။ ဒီလိုနဲ့ ဦးလေးအိမ်ကို ခဏတာပြန်လာတဲ့အချိန်မှာ လီယာဆိုတဲ့ ငယ်စဉ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့မိတဆိုးလေးက သူအမေ့ သေဆုံးရတဲ့ အကြောင်းအရင်းအစစ်အမှန်ကို သိချင်တဲ့အတွက် လာပြီးတော့ အကူအညီတောင်းပါတော့မယ်။ သူမအနေနဲ့ ငြင်းချင်ပေမယ့် ဂျိန်းကိုယ်တိုင်ကလည်း ငယ်ငယ်ကတည်းက အမေ့ကို ဆုံးရှုံးလိုက်ရတဲ့အတွက် လီယာ့ကို ကိုယ်ချင်းစာပြီး ဥရောပကို မပြန်ခင် ဒီအမှုတစ်ခုကို လက်ခံဖြေရှင်းပေးဖို့ အကြောင်းဖန်လာပါတော့တယ်။ ဒီလိုနဲ့ ရဲတွေက သတ်သေမှုလို့ ခေါင်းစဉ်တပ်ပြီး လွယ်လွယ်ပိတ်သိမ်းလိုက်တဲ့အမှုကို သူစပြီးစုံစမ်းပါတော့တယ်။ ဒီတော့ လီယာ့ရဲ့အမေက တစ်ကယ်ပဲသတ်သေခဲ့တာလား၊ လီယာရဲ့အမေရရမယ့် အမွေဒေါ်လာနှစ်သိန်းခွဲကလည်း ...
movie

The Jane Mysteries: Inheritance Lost (2023)

Famous (2023)
Famous (2023)  သွေးမတော်သားမစပ် မွေးစားညီအစ်ကို နှစ်ယောက်ဖြစ်ကြတဲ့ Wayne နဲ့ Famous ဆိုတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ music business အထဲမှာ ကျင်လည်ကြပုံကို ရိုက်ထားတာဖြစ်ပါတယ်။သူတို့နှစ်ယောက်က ဆန့်ကျင်ဖက်တွေဖြစ်ကြပြီး Wayneက Famousရဲ့ ပရိုဂျူဆာဖြစ်ပါတယ်။ Famous က ဆေးစွဲနေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့အစ်ကိုရဲ့ ထိန်းချုပ်ခြင်းကိုခံနေရသူပါ။ တညမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ ဆေးဖြတ်တဲ့သူတွေကိုအထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုကို ငွေသွားလှူခဲ့ရင်း Eileen ဆိုတဲ့အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ်ရည်မှန်းထားတဲ့ Eileenရဲ့ နောက်ကြောင်းကို သူသိသွားတဲ့အခါမှာ၊သူ့ကို ထိန်းချုပ်ထားတဲ့ သူ့အစ်ကိုက Eileenနဲ့ သဘောတူကြည်ဖြူရဲ့လား သူရောဆေးဖြတ်ပြီး သူ့အစ်ကို ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်နိုင်မလား ရုန်းထွက်လို့မရတဲ့ ထိန်းချုပ်မှုဆိုတာကရော တကယ်ရှိတာလား ဆိုတာသိရဖို့ ရုပ်ရှင်ကားကိုပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။ File size…(960 Mb/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:10:00 Genre...Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Famous (2023)

Secret Society of Second Born Royals (2020)
Secret Society of Second Born Royals (2020) Disney က အသစ်ထွက်ရှိထားတဲ့ Action,Adventure,Comedy ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆမ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ အလီရီယာတိုင်းပြည်ရဲ့ တော်ဝင်မျိုးဆက် ဒုတိယသမီးဖြစ်သူပါ။ သူ့အစ်မ အယ်လီနောက နန်းမွေဆက်ခံရမယ့်သူပီပီ မင်းသမီးပီသ အဘက်ဘက်ကပြီးပြည့်စုံသလောက် ဆမ်ကတော့ ဘုရင်စနစ်ကိုပုန်ကန် တော်ဝင်ထုံးတမ်းတွေကို ငြီးငွေ့မုန်းတီးနေတဲ့ ပုန်ကန်ချင်တဲ့ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်နေပါတယ်။ သူ့မှာ မိုက်ခ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်ရှိပြီး ပူးတွဲဂီတအဖွဲ့လေးကို တည်ထောင်ထားကြတယ်။ တစ်နေ့တော့ ကလပ်မှာလုပ်တဲ့ ဖျော်ဖြေရေးပွဲတစ်ခုကို ခိုးသွားကြရင်း စာမေးပွဲလွတ်သွားတာကို သူ့အမေ သိသွားတဲ့နောက် အဲ့ဒီစာမေးပွဲအတွက် ဆမ်ဟာ ကျောင်းပိတ်ရက်မှာ နွေရာသီသင်တန်းကိုတက်ဖို့ဖြစ်လာပါတော့တယ်။ တကယ်တမ်း အဲ့ဒီနွေရာသီသင်တန်းဟာ ဆမ်တို့လို တော်ဝင်မျိုးဆက်ရဲ့ ဒုတိယရင်သွေးတွေကို လျှို့ဝှက်လေ့ကျင့်ပေးနေတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ပထမမွေးချင်းသားသမီးတွေဟာ ထီးနန်းအရိုက်အရာကိုဆက်ခံ တိုင်းပြည်ကို အုပ်ချုပ်ရပြီး ဒုတိယမွေးချင်းသားသမီးတွေကတော့ ထူးခြားတဲ့ လူသာမန်ထက်သာလွန်တဲ့အစွမ်းတွေရှိကြပြီး အဲ့ဒီအစွမ်းတွေကို အသုံးချ သူတို့တိုင်းပြည်တွေ ကမ္ဘာကြီးကို အန္တရာယ်ပြုမယ့် ရာဇဝတ်ကောင်တွေရန်က ကာကွယ်ကြရတယ်ဆိုတာကို ဆမ်သိလိုက်ရတဲ့အခါမှာတော့..။ဒစ်စနေကားပီပီ ဆယ်ကျော်သက်လူငယ်လေးတွေရင်ဆိုင်ရမယ့် ဘဝအလှည့်အပြောင်း၊ မိသားစု ပတ်ဝန်းကျင် အရွယ်ရောက်ချိန်မှာကြုံဆုံရတတ်တဲ့ ပြဿနာလေးတွေကို မီးမောင်းထိုးပြပြီး ပါဝါတွေ ကိရိယာအဆန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါး ...
movie

Secret Society of Second Born Royals (2020)