Channel Myanmar

Jasmine Curtis-Smith

In My Mother’s Skin (2023) 5.4
In My Mother’s Skin (2023) In My Mother's Skin (2023)ရယူခြင်းကိုသာမြင်ပြီး ပေးဆပ်ရမယ့်တန်ကြေးကိုမမြင်ရခြင်းရဲ့နောက်ကွယ်မှာ နတ်ဆိုးနဲ့အပေးအယူလုပ်သူတွေ တော်တော်များများဟာ အကျိုးထက်အဆိုးနဲ့ကြုံရတာများပါတယ်။ တချို့ကလည်း ဒီနတ်ဆိုးနဲ့အပေးအယူလုပ်တယ်ဆိုတာကို ဒဏ္ဍာရီစကားသက်သက်လို့ပဲမှတ်ယူကြပါတယ်။အခုဒီကားလေးကတော့ နတ်ဆိုးနဲ့အပေးအယူလုပ်မိတဲ့ ကောင်မ‌လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ဒါတွေတကယ်ရှိမရှိဆိုတာကိုတော့ ကိုယ့်အယူအဆနဲ့ကိုယ် လိုရာဆွဲတွေးနိုင်ပါကြောင်း...ဒုတိယကမ္ဘာစစ်အပြီးမှာ ဖိလစ်ပိုင်နိုင်ငံလည်း ဂျပန်စစ်မီးကြောင့် တော်တော်လေးအထုအထောင်းခံလိုက်ရပါတယ်။ အယ်လ်ဒိုတို့ကလည်း ချမ်းသာတဲ့မိသားစုဖြစ်ခဲ့ပေမဲ့ စစ်ဒဏ်နဲ့နင်းပြားဖြစ်ပြီးတော့ အခြေအနေမဟန်လှပါဘူး။ ဒါ့အပြင် အယ်လ်ဒိုတစ်ယောက်က ပဋိပက္ခတွေကြားမှာ စစ်ထွက်ရဖို့ ဖြစ်လာပြီး အယ်လ်ဒိုကို ရွှေတွေခိုးပါတယ်စွပ်စွဲသူကတစ်ဖက်၊ ဖက်ဆစ်ဂျပန်ကောင်တွေရဲ့ အကုန်သုတ်သင်ရှင်းလင်းရေးကတစ်ဖက်နဲ့ ပြဿနာစုံကြားမှာ မိန်းမနဲ့သမီးကိုထားရစ်ခဲ့ပါတော့တယ်။ စစ်မီးဒဏ်ကြောင့် စားစရာမရှိရတဲ့ကြားထဲ အမေဖြစ်သူကပါရောဂါသည်းလာလေတော့ သမီးကြီးဖြစ်သူတာရာတစ်ယောက် အမေက တောထဲမသွားဖို့ အတန်တန်တားထားတဲ့ကြားထဲကမှ တောထဲသွားရင်း နတ်သမီးတစ်ပါးနဲ့ တွေ့လာတဲ့အခါ...တောကြီးမျက်မည်းထဲမှာ ကလေးပီပီ မဲမဲမြင်ရာ နတ်သမီးလို့ဇွတ်ထင်ပစ်လိုက်ပြီး သူ့ရဲ့အကူအညီကို လက်ခံလိုက်ချိန်မှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ပါစို့လား။အညွန်းနဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. 1080p | 720p File size… 1GB | 504MB Format… mp4 Duration…. ...
movie

In My Mother’s Skin (2023)

2023
Alone/Together (2019) 6.8
Alone/Together (2019) Alone/Together (2019)အထီးကျန် (သို့မဟုတ်) အတူတကွကို မရှိတဲ့အချိန်က ကျွန်မအတွက် အထီးကျန်တဲ့အချိန်တွေပေါ့ ကို ရှိတဲ့အချိန်တွေက ကျွန်မတို့ အတူတကွ ရှိကြမယ့် အချိန်တွေပေါ့ ..... ကို ရယ်။ကျွန်မ ဘဝမှာ တွေ့တိုင်း မြတ်မြတ်နိုးနိုးငေးကြည့်မိတဲ့အရာတစ်ချို့ရှိတယ် ပြတိုက်ထဲက အနုပညာလက်ရာ ပြကွက် ပြခန်းတွေ ပန်းချီပန်းပုတွေရယ်။ပြီးတော့……… ကို ရယ်။ အဲဒီအကြောင်းအရာ ၂ ခုဟာ ကျွန်မဘဝရဲ့ ရည်မှန်းချက်တွေပဲပေါ့….. ရည်မှန်းချက်တွေအတိုင်း ကျွန်မ ကြိုးစားခဲ့တယ်။ ကျွန်မက အနုပညာလေ့လာမှုဘာသာရပ်နဲ့ လက်တင်ဂုဏ်ထူးတန်းတက်ရင်း အမျိုးသားပြတိုက်မှာ စေတနာ့ဝန်ထမ်းလုပ်တယ် ကျွန်မ ဘွဲ့ရပြီးရင် ပြတိုက်တွေ ပြခန်းတွေမှာ ပြတိုက်မှုး ဖြစ်ချင်တယ်။ အနုပညာ လက်ရာတွေ ဝိုင်းဝိုင်းလည်နေတဲ့ နေရာမှာ အလုပ်လုပ်ရတာ ကျွန်မပျော်တယ်။ အမှန်တကယ်ကြိုးစားမယ်ဆိုရင် ကမ္ဘာကြီးကို ပြောင်းလဲနိုင်တယ်လို့လည်း ကျွန်မ ယုံကြည်တယ်။ကို ကတော့ ဘာမှမဖြစ်ချင်ဘူးတဲ့ သူက အရာရာကို အဆိုးမြင်နေသူလေ။ ကျွန်မက စိတ်ကူးနဲ့ ...
movie

Alone/Together (2019)

2019
HEVC 1080p 5.1