Channel Myanmar

Jason Ryan

The Raven(2012) 6.4
The Raven(2012) The raven 2012ကွင်းဆက်လူသတ်သမား စုံထောက်ဇာတ်လမ်းမျိုးကိုမှ၁၈၀၀ ပြည့်နှစ်ကာလကို အခြေခံထားပြီးခမ်းခမ်းနားနားရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။မင်းသားတွေကလဲ 2012 ကမ္ဘာပျက်ဇာတ်ကားထဲကjohn cusack နဲ့ Dracula untold မင်းသား luke evans တို့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ကဗျာဆရာ၊ စာရေးဆရာအက်ဒ်ဂါအလန်ပိုး ရဲ့ ပရိသတ်တဦးဖြစ်သူ လူသတ်သမားကပိုးရဲ့ စိတ်ကူးယဉ်လူသတ်ဇာတ်လမ်းတွေကို အခြေခံပြီးလူသတ်မှုတွေစတင်ကျူးလွန်ခဲ့ပြီးပိုးရဲ့ချစ်သူကိုပြန်ပေးဆွဲကာ သူမရှိရာနေရာကိုလာဖို့လူတယောက်သတ်ပြီးတိုင်း သဲလွန်စတွေချန်ထားပေးတာတွေကနေတဆင့်လူသတ်သမားကိုဖော်ထုတ်နိုင်မလား ပိုးရဲ့ချစ်သူကိုရောအချိန်မီကယ်တင်နိုင်မလားဆိုတာကို စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။ဇာတ်လမ်းကစိတ်ကူးယဉ်ဇာတ်လမ်းဆိုပေမယ့်အက်ဒ်ဂါအလန်ပိုးရဲ့ ကဗျာတွေ ပုံပြင်ဇာတ်လမ်းတွေကတော့ပိုးရဲ့စာအုပ်တွေထဲကယူသုံးထားတာတွေဖြစ်ပါတယ်။ File size…  1.1 GB /  489 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 51m Genre ..... Thriller , Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Chit Min Thu
movie

The Raven(2012)

2012
The Martian (2015) EXTENDED 8.0
The Martian (2015) EXTENDED Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာ IMDb rating 8.2/10ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အဂါၤဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်း ကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား၃ ယောက်တို့MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အဂါၤဂြိုလ်(Mars)ပေါ်မှာ တစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။ အဲ့အတွက် သူ့အသက်မသေခင်ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့အဂါၤဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာnasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။World မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အဂါၤဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်ကအဂါၤဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့် ပညာရှင်တွေအကြပ်ရိုက်နေတုန်းလူငယ်လေးတစ်ယောက်ရဲ့ ...
movie

The Martian (2015) EXTENDED

2015
Lockout (2012) 6.1
Lockout (2012) Lockout (2012)_____IMDb - 6.1/10  ခေတ်မှီဆန်းပြားတဲ့အမေရိကန်တို့ရဲ့တီထွင်ဖန်တီးမှုနဲ့ အာကာသပေါ်က ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ အကျဉ်းထောင်တစ်ခုကို တည်ဆောက်ထားပါတယ်။ ဒီအကျဉ်းထောင်ထဲမှာ နိုင်ငံတစ်ကာက ဆိုးပေ့ဆိုတဲ့ လူသတ်ကောင်နဲ့ မုဒိမ်းကောင်တွေကို အိပ်ပျော်စေ အောင်ပြုလုပ်ပြီး ထိန်းသိမ်းထားပါတယ်။ အဲဒီထောင်ကို အမေရိကန်သမ္မတရဲ့သမီးက လူသားခြင်းစာနာထောက်ထားမှုအစီအစဉ်အရ လာပြီး အကျဉ်းသားတွေကို အင်တာဗျူးပါတယ်။ အဲဒီမှာ အကျဉ်းသားတွေ လွတ်ထွက်လာကြပြီး ထောင်ကြီးကို အပိုင်စီးလိုက်ကြ ပါတယ်။မင်းသားကတော့ စီအိုင်အေအေးဂျင့်တစ်ယောက်ပါ။ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယအဝင်ခံနေရပြီး အစစ်ဆေးခံနေရသူပေါ့။ သူအဖမ်းမခံရခင် လျှို့ဝှက်ချက်ကို လက်လွှဲပေးခဲ့တဲ့သူက အဲဒီထောင်ကြီးထဲကိုရောက် နေတာကြောင့် သမ္မတသမီးကို တစ်ဦးတည်းသွားကယ်ဖို့တာဝန်ကို ယူလိုက်ပါတယ်။ ခေတ်မီတဲ့ထောင်ကြီးထဲမှာ အကျဉ်းသား ၅၀၀ နဲ့ ၁ ယောက်တည်းနဲ့ ဘယ်လိုရင်ဆိုင်မလဲ။ သမ္မတ သမီးလေးကိုရော ကယ်နိုင်မလား။ သူ့ရဲ့အရှုပ်အရှင်းတွေကလည်း ဘာတွေဖြစ် လာမလဲဆိုတာ ကြည့်လိုက်ကြပါ။Imdb rating 6.1 ရထားတဲ့ကားပါ။ ထုတ်လုပ်သူက Taken ...
movie

Lockout (2012)

2012