Channel Myanmar

Jason Wingreen

Star Wars: Episode V – The Empire Strikes Back (1980) 8.7
Star Wars: Episode V – The Empire Strikes Back (1980) Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ...
movie

Star Wars: Episode V – The Empire Strikes Back (1980)

4K HEVC
Airplane! (1980) 7.7
Airplane! (1980) IMDb Rating (7.7) / Rotten Tomatoes (97%)Rating တွေ သတိထားမိရင် ဒီဇာတ်ကားကို ဟာသကားလို့တောင် ထင်စရာမရှိပါဘူး...တကယ်တော့ Parody အမျိုးအစား ဟာသရုပ်ရှင်ဇာတ်ကားစစ်စစ်ပါ...မင်းသားကြီး Robert Hays အဓိကနေရာက သရုပ်‌ဆောင်ထားပြီးကနေဒီယန်ဟာသမင်းသားကြီး Leslie Nielsen (The Naked Gun မင်းသား) တို့လဲပါဝင်ထားပါတယ်။Classical ရုပ်ရှင်တွေထဲမှာ တော်တော်လေးရယ်ရတဲ့ရုပ်ရှင်ပါ...Paramount Pictures မှထုတ်လုပ်ထားပြီး ကုန်ကျငွေ $3.5 Million သာ ရှိခဲ့ပေမယ့်Box Office ရုံဝင်ငွေ $171 Million ကျော် ရရှိခဲ့တာမို့   စီးပွားရေးအရ သောက်သောက်လဲမြတ်စွန်းခဲ့သလိုအနုပညာအရလဲ အောင်မြင်ခဲ့တဲ့ဟာသရုပ်ရှင်ပါ။ဇာတ်လမ်းကတော့...Ted Striker ဆိုတဲ့လူဟာ လေယာဉ်ပျက်ကျဖူးတဲ့ လေယာဉ်မှူးတစ်ယောက်ပါ။နောက်တစ်ခေါက်လေယာဉ်စီးရမှာ ကြောက်နေပေမယ့် မထင်မှတ်ဘဲ လေယာဉ်ထပ်စီးရပါတယ်။ကံကဆိုးတော့ သူစီးတဲ့လေယာဉ်မှာ လေယာဉ်မှူးတွေနဲ့ ခရီးသည်တွေအားလုံး အစာအဆိပ်သင့်ပြီးဒီလေယာဉ်ကြီး ချောမွေ့စွာ ဆင်းသက်ဖို့တာဝန်ဟာ Ted Striker ပုခုံးပေါ်ကို ...
movie

Airplane! (1980)