Channel Myanmar

Jason Zheng

Di Renjie and the Flying Demon Head ( 2020 ) 6
Di Renjie and the Flying Demon Head ( 2020 ) စုံထောက်သိုင်းကားတွေကို နှစ်သက်တဲ့ သူတွေအတွက် effect လှလှလေးတွေနဲ့ သဲထိတ်ရင်ဖိုဖြစ်စေမဲ့ စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ဆုတောင်းပွဲတော်လုပ်နေစဉ်အချိန်တွင်းမှာ ကောင်းကင်ပေါ်မှ ခေါင်းပျံကြီးတစ်ခု ထွက်လာကာ နန်းတွင်းတပ်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ချက်ချင်းပဲ တစ်မြို့လုံးမှာ မိစ္ဆာတံခါးပွင့်ပြီဆိုပြီး သတင်းပြန့်သွားပါတော့တယ်။ ဒီးရန်ကျယ်နဲ့ ဟဲ့လျန်ထူရှိုးတို့ ပူးပေါင်းပြီး အမှုလိုက်ရာမှာ အခက်အခဲအများအပြားနဲ့ တွေ့ခဲ့ရပါတယ်။ ဒီးရန်ကျယ်တို့အဖွဲ့ဟာ လျှို့ဝှက်တဲ့ ပေမင်တစ္ဆေမြို့ကိုရောက်လာပြီး ပုန်းခိုတိုက်ခိုက်ခံရသဖြင့် အသက်ပေးရမလို ဖြစ်ခဲ့ပါသေးတယ်။လော့ယန်ကို ပြန်ရောက်ပြီးနောက် ကောင်းကင်ပေါ်မှာ မိစ္ဆာနိမိတ်ဆိုးတွေ ပြနေပြီး အန္တရာယ်အပြည့် ဖြစ်နေပါတယ်။ နောက် ၅ ရက်အကြာမှာ ကျောင်း ၇ ကျောင်းပွဲတော်ကို ပြုလုပ်တော့မှာဖြစ်လို့ အမှုကို ဖြေရှင်းနိုင်ဖို့ အလျင်လိုနေပါတယ်။ဒီးရန်ကျယ်တစ်ယောက် အမှုကို အချိန်မီ ဖြေရှင်းနိုင်ဖို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရပြီး ဖြေရှင်းမလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ သဲထိတ်ရင်ဖို ခံစားကြည့်ရှုလိုက်ပါနော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar ...
movie

Di Renjie and the Flying Demon Head ( 2020 )

The Hero Named Koxinga ( 2022 ) 6
The Hero Named Koxinga ( 2022 ) ဒီဇာတ်ကားကတော့ သမိုင်းမှာတကယ်ရှိခဲ့တဲ့ သူရဲကောင်းတစ်ယောက်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ မင်ပြည်ဟာ ချင်ပြည်ရဲ့ကျူးကျော်တိုက်ခိုက်မှုကိုခံရစဥ်မှာ ကောရှင်းရယ် အမည်တွင်တဲ့သူရဲကောင်းတစ်ယောက် ပေါက်ထွက်လာခဲ့တယ်။နာမည်ကတော့ ကျန်းချန်ကုန်းဖြစ်ပြီး၊ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်ဖို့အသက်ပေးထားတဲ့ စစ်သူကြီးတစ်ယောက်ဖြစ်တယ်။ သူဟာ တိုက်ပွဲတိုင်းကိုရွပ်ရွပ်ချွံချွံတိုက်ခိုက်အောင်မြင်ခဲ့ပြီး တိုင်းပြည်ကို တိုင်းတစ်ပါးသားလက်ထဲက ကာကွယ်နိုင်သူ။ ပြည်သူအများရဲ့ယုံကြည်ကိုးစားခြင်းကိုခံရတဲ့ သူရဲကောင်းတစ်ယောက်။ တိုင်းပြည်အရှုပ်အထွေးနဲ့ကြုံပြီး စစ်မီးတောက်လောင်နေတဲ့အချိန်မှာ သူ့ရဲ့ဉာဏ်ပညာနဲ့ နည်းဗျူဟာကျကျ တွက်ချက်ပုံတွေ၊ ပြည််သူအများ​ကိုကာကွယ်ပုံတွေကိုကြည့်ရှုရမှာဖြစ်သလို၊ သူရဲကောင်းစိတ်ဓာတ်အပြည့်ရှိတဲ့ သူရဲကောင်းတွေအကြောင်းကိုလည်းကြည့်ကြရမှာပါ။သရုပ်ဆောင်တွေဟာလည်းဝါရင့်သရုပ်ဆောင်မင်းသားကြီးတွေဖြစ်ပြီး၊ စစ်ကားကြိုက်သူတွေအတွက် အကြိုက်တွေ့စေမယ့်ဇာတ်ကားဖြစ်မှာပါ။ စစ်ဗျူဟာတွေ လှည့်ကွက်တွေဟာလည်း ပျင်းသွားစရာတစ်ကွက်မှမရှိဘဲ ၊ စစ်တိုက်ခန်းတွေဟာလည်း တကယ်ကြမ်းပါတယ်။ အရင်ခေတ်ကားတွေကိုကြည့်နေရသလိုခံစားချက်မျိုးရစေမယ့် ဇာတ်ကားကောင်းတစ်ကားမို့ လက်မလွှတ်တမ်းကြည့်ရှုလိုက်ပါဦး။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , History , War Runtime : 1h 21min Subtitle : Myanmar Subtitle ( Hardsub ) Translated by Yin Wai Phyo , Chu Chu , Nu Mon Encoded by LK
movie

The Hero Named Koxinga ( 2022 )

Fighting For The Motherland 1162 ( 2021 ) 7.1
Fighting For The Motherland 1162 ( 2021 ) အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အမိမြေအတွက်ကိုယ်ကျိုးစွန့် အသက်ကိုရင်းပြီး ကျူးကျော်သူတွေကိုလက်နက်ချအရှုံးမပေးဘဲ အဆုံးထိတိုက်ခိုက်ခဲ့ကြတဲ့မျိုးချစ်သူရဲကောင်းတွေ အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ ဇာတ်ကားလေးပါဇာတ်လမ်းအကြောင်းအရာလေးကတော့.... ၁၁၆၂ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုကို ဦးတည်ရိုက်ကူးထားတာပါ ၁၁၆၂ခုမှာတကျင်လူမျိုးတွေ တစုန့်ပြည်ကို ကျူးကျော်ဝင်ရောက်လာပြီးနယ်မြေတွေသိမ်းကာ ရက်စက်တဲ့ဥပဒေတွေချမှတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာ နေထိုင်သူတို့ မနေသာဘဲ နေရာကွက်ကြားပုန်ကန်မှုတွေပေါ်ပေါက်လာပါတော့တယ်တကျင်စစ်တပ်သိမ်းယူသွားတဲ့နယ်မြေတွေထဲမှာ ရှင်းချီကျီဆိုတဲ့မျိုးချစ်စိတ်အပြည့်ရှိတဲ့ လူငယ်တစ်ယောက်ရဲ့စီဖုန်းကျာရွာလေးလည်း ပါသွားခဲ့ပါတယ် ရှင်းချီကျီက ပညာတတ်စစ်ရေးစစ်ရာကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့အတွက် သူဟာအများသူငါလို တစ်နယ်ထဲ မပုန်ကန်ဘဲ ပုန်ကန်သူအားလုံးစုပေါင်းကာတကျင်လူမျိုးတွေကို တစုန့်ပြည်ကနေ အပြီးတိုင်မောင်းထုတ်ဖို့ကြိုးပမ်းပါတော့တယ် ဒီဇာတ်ကားလေးမှာဆိုရင် တစုန့်ပြည်မှာ ပြည်သူတွေ ကောင်းမွန်တဲ့ဘဝလေးနဲ့ ငြိမ်းချမ်းစွာနေထိုင်ရဖို့ရှင်းချီကျီနဲ့ သူ့ရဲ့နောက်လိုက်ညီအစ်ကိုတို့ အသက်ကိုစွန့်ဘဝတွေကိုစွန့်ကာ မျိုးချစ်စိတ် ရဲစိတ်ရဲမာန်အပြည့်နဲ့တော်လှန်ကြပုံကို မှင်သက်ရှုမောဖွယ် ဆက်လက်ကြည့်ရှုကြရမှာပါနော် Quality : WEB-DL 720pFormat : mp4During : 1h 50minGenres : Action , HistorySubtitle : Myanmar Subtitle ( Hardsub )Translator ...
movie

Fighting For The Motherland 1162 ( 2021 )