Channel Myanmar

Jasper Supayah

Polis Evo 2 (2018) 7
Polis Evo 2 (2018) Polis Evo 2 (2018) IMDb - 7/10ဒီရုပ်ရှင်ကတော့ Polis Evo (2015)ရဲ့အောင်မြင်မှုနဲ့အတူ နောက်ဆက်တွဲရုပ်ရှင်အဖြစ် ဆက်လက်ထွက်ရှိလာခဲ့တာပါ။ မလေးရင်းဂစ် ရှစ်သန်းကျော်သုံးပြီး နှစ်ဆယ့်သုံးသန်းကျော်ပြန်ဝင်ခဲ့တဲ့ ရုံတင်ကားတစ်ကားပဲဖြစ်ပါတယ်။ မလေးရှားရုပ်ရှင်ဇာတ်လမ်းကောင်းတွေစာရင်းမှာ နံပါတ်တစ်ဆယ်အတွင်းချိတ်ခဲ့တဲ့ ရုံတင်ကားတွေထဲက တစ်ကားပါပဲ။ပထမဇာတ်လမ်းထဲမှာ ကိုင်နဲ့ ဆာနီတို့ အင်စပက်တာကြီးနှစ်ယောက် မူးယစ်ဂိုဏ်းတစ်ခုကို ချေမှုန်းပြီးတဲ့နောက် ဒီဇာတ်လမ်းမှာတော့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုနဲ့ ရင်ဆိုင်ရမှာပါ။ မူးယစ်ဆေးထုတ်လုပ်မှုကိုဝင်စီးရင်း အကြမ်းဖက်ခေါင်းဆောင်ကို ဖမ်းမိရာကစ သူတို့ခေါင်းဆောင် ပြန်လွှတ်ပေးဖို့အရေး ကျွန်လေးတစ်ကျွန်းပေါ်က ရွာသူရွာသားတွေကို ဓားစာခံလုပ်ပြီး တောင်းဆိုပါတယ်။ ဒီမှာပဲ အမှုတစ်ခုကိုလိုက်နေတဲ့ ကိုင်နဲ့ ဆာနီတို့က အဲဒီကျွန်းလေးပေါ်ရောက်နေရက်နဲ့ ကြုံတော့ အရင်ရုပ်ရှင်လို အခွီတွေ အက်ရှင်တွေနဲ့ ကြည့်ပျော်စေဦးမှာပါဗျ။(aungmo3han ဘာသာပြန်ထားပါတယ်)Genre..... Action, Adventure, Crime Quality…. 1080p | 720p File size… 1.7GB | 919MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie

Polis Evo 2 (2018)

2018
Jemputan Ke Neraka (2023) 7.7
Jemputan Ke Neraka (2023) Jemputan Ke Neraka 2023CM ပရိသတ်ကြီးအတွက် IMDb 7.7/10 ရထားတဲ့ မလေးရှား Crime, thriller ကားသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းဟောင်း‌တစ်ယောက်ရဲ့ မင်္ဂလာပွဲဖိတ်လို့ ပွဲသွားတက်ကြရင်း တစ်ကျောင်းထဲသားသူငယ်ချင်းတစ်စုကလွဲ ဘယ်ဧည့်သည်မှရှိမနေတဲ့အပြင် လိုင်းမမိ ဆက်သွယ်မရတဲ့နေရာဖြစ်နေတာပါပဲ။ ဒီလိုနဲ့ ရှာရင်းဖွေရင်း တည်ခင်းပေးထားတဲ့ စားသောက်ပွဲထဲက လက်တစ်ချောင်း၊ အပေါ်ထပ်က သတို့သမီးအလောင်း နောက်ပြီး ဓာတ်ပုံဘောင်တစ်ခုနဲ့ သူတို့... ။ဘာတွေဆက်စပ်နေလဲ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ ပရိသတ်ကြီးပဲ ဆက်လက်ကြည့်ရှုပြီး အသည်းတယားယားနဲ့ အဖြေထုတ်လိုက်ကြပါဦးနော်။(ဒီဇာတ်ကားရဲ့ အညွှန်းကိုတော့ Aditi မှရေးသားပေးပြီး Aditi, Cherry, Alex, ToMo တို့မှ ဘာသာပြန်တင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။) File size…1.2GB / 514MB Quality…1080p WEB DL /720p Format…mp4 Duration….1h 46m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Aditi~ Cherry~ Alex~ ToMo
movie

Jemputan Ke Neraka (2023)

2023
J2: J Retribusi (2021) 6.5
J2: J Retribusi (2021) J2 : J.Retribusi (2021)IMDb - 6.5/10J2: J.Retribusi ဆိုတာကတော့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ J.Revolusi ရဲ့ Sequel အနေနဲ့ ထွက်ရှိလာတာပါ။ဒီကားကတော့ မလေးရှားမှာ ရုံတင်ပြသခြင်း မရှိဘဲ Disney Plus Hotstar မှာပဲ သီးသန့်ပြသဖြစ်ခဲ့တဲ့ ရုပ်ရှင် ၃ ကားထဲက တစ်ကားဖြစ်ပါတယ်။မလေးရှားအက်ရှင်ကားတွေလည်း ကြည့်လို့ကောင်းတဲ့ အက်ရှင်ကားတွေထဲမှာ ပါပါတယ်။အပစ်အခတ် နဲ့ ဖိုက်တင်မှာ မလေးကလည်း တော်တော်လေး မိုက်တဲ့အထဲ ပါပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။ဂျေး ဟာ အရင်က အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီးတော့ လက်ရှိမှာတော့ သူဌေးကြီး ဒက်တိုရဲ့သမီးလေး နဒီအတွက် သက်တော်စောင့်အဖြစ် လုပ်နေတာပဲ ဖြစ်ပါတယ်။ဒက်တိုကတော့ ပိုက်ဆံကျိကျိတက်ချမ်းသာပေမယ့် သမီးလေး အတွက် အချိန်မပေးနိုင်တဲ့ ဖခင်တစ်ယောက်ပါ။ ဂျေးကလည်း သမီးလေးကို သမီးတစ်ယောက်လို သံယောဇဉ်ရှိနေခဲ့တာပါ။သူဌေးကြီး ဒက်တိုဟာ သမီးလေးအတွက် အချိန်ပေးဖို့ ကြိုးစားရင်း လုပ်ငန်းတွေကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။အနားယူဖို့အတွက် ဟိုတယ်ကို ပိုင်ရှင်အသစ် လက်ထဲအပ်ဖို့ ပွဲကျင်းပတဲ့နေ့မှာ အနုကြမ်းစီးခံလိုက်ရပါတယ်။သူတို့ရဲ့ ...
movie

J2: J Retribusi (2021)

2021