Channel Myanmar

Jatin Sarna

83 (2021) 7.4
83 (2021) 83 (2021) ဇာတ်လမ်းအညွှန်းအခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ်တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ...
movie

83 (2021)

2021
Chhalaang(2020) 7.3
Chhalaang(2020) Chhalaang(2020)မွန်တူဟာ ပေါ့ပေါ့နေ ပေါ့ပေါ့စားကောင်....ပျော်ပျော်နေတတ်သလို လူငယ်အဖွဲ့ရဲ့ ဟိုစပ်စပ်ဒီစပ်စပ်အလုပ်တွေလည်းခေါင်းဆောင်လုပ်လေ့ရှိတယ်...ဘာအလေးအနက်မထားတတ်လို့ ဘွဲ့လည်းမရခဲ့ဘူး...ဒါပေမဲ့ အဖေရဲ့ကောင်းမှုကြောင့် သူတို့မြို့မှာရှိတဲ့ကျောင်းရဲ့ PT ဆရာဖြစ်လာခဲ့တယ်...ဒီလို ဝေလေလေလုပ်နေတဲ့မွန်တူကို မိဘတွေကလည်း တည်ငြိမ်သွားအောင် အိမ်ထောင်ပြုစေချင်တယ်...မွန်တူကတော့ အချစ်မပါတဲ့ အိမ်ထောင်ရေးဟာ ဘာညာကွိကွနဲ့ မိဘတွေကို ပြန်တရားချတယ်..တစ်နေ့ Valentine's Day ရောက်တော့ မွန်တူနဲ့ ဘော်ဒါတစ်သိုက်ဟာ ပန်းခြံထဲမှာပတ်ပြီး  ချစ်သူစုံတွဲတွေကိုလိုက်ဖမ်းပါတယ်...ယာဉ်ကျေးမှုနဲ့မညီဘူး အများအမြင်မသင့်ဘူးဆိုပြီး အားလုံးကိုနှင်ထုတ်တယ်...လင်မယားတွေပါပြောတဲ့သူတွေကိုတောင် မွန်တူတို့က မယုံကြည်ဘဲ မှတ်တမ်းပုံတွေရိုက်သတင်းစာထဲထည့်လိုက်ပါသေးတယ်...နောက်တစ်နေ့မွန်တူတို့ကျောင်းကို အရမ်းလှတဲ့ကျောင်းဆရာမလေးရောက်လာပါရော....မွန်တူလည်းငမ်းမယ်ကြံရုံရှိသေးတယ်...ဒီဆရာမလေးဟာ သူတို့Valentine's Day မှာ သတင်းစာထဲရောက်သွားလို့အရှက်ကွဲခဲ့ရတဲ့ လင်မယားရဲ့သမီးချောလေးဖြစ်နေတဲ့အခါမှာတော့...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး...ဘာသာပြန်သူကတော့ Thaik San ပဲ ဖြစ်ပါတယ် File Size :(1.14GB) and (432MB) Quality :WEB-DL 720p Format…mp4 Duration…02:16:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded ...
movie

Chhalaang(2020)

Bamfaad (2020) 5.5
Bamfaad (2020) ဘောလီဝုဒ်ဖန်တွေအတွက် အချစ်ကားအသစ်လေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်သရုပ်ဆောင်နှစ်ယောက်လုံးက မျက်နှာသစ်တွေဆိုပေမယ့် မင်းသမီးကတော့ Arjun Reddy ဇာတ်ကားထဲကမင်းသမီးချောလေး Shalini Pandey ရဲ့ ဘောလီဝုဒ်ပွဲဦးထွက် ဇာတ်ကားလည်းဖြစ်ပါတယ်အဓိကမင်းသားကတော့ နာမည်ကြီးသရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ Paresh Rawal(Sanju ဇာတ်ကားထဲမှ ဆန်ဂျူး၏ဖခင်နေရာ၌သရုပ်ဆောင်သောမင်းသားကြီး) ၏ သား Aditya Rawal ပဲဖြစ်ပါတယ်သရုပ်နှစ်ဆောင်နှစ်ယောက်လုံးက အသစ်တွေဆိုပေမယ့် စကေးတွေကတော့ မညံ့ပါဘူး ဇာတ်လမ်းလေးကတော့ နာတီးဆိုတဲ့ ခပ်ပေပေခပ်ဆိုးဆိုးချာတိတ်တစ်ယောက်ရှိတယ်ဘာအလုပ်မှမယ်မယ်ရရမရှိဘဲ နေ့စဉ်အလေလိုက်ရန်ဖြစ် ဒါနဲ့ပဲအချိန်ကုန်နေတတ်တဲ့ကောင်မျိုးပေါ့တနေ့မှာတော့ အမှတ်မထင် နီလမ်းဆိုတဲ့ကောင်မလေးကိုတွေ့ပြီး စိတ်ဝင်စားသွားခဲ့တယ်ဖြစ်ချင်တော့ ဒီကောင်မလေးဟာ သူတို့ဒေသက တကယ့်အကောင်လိုပြောလို့ရတဲ့ ဂျီဂဲရ်ရဲ့အပတ်သတ်ဖြစ်နေတယ်ဒီတော့ ဒီလူဆိုးလက်က ဒီကောင်မလေးကို ကယ်တင်နိုင်ပါ့မလား သူတို့အချစ်ရေးကရော ဖြောင့်ဖြူးပါ့မလားဆိုတာကို ...........ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…. File Size : (950 MB) and ...
movie

Bamfaad (2020)

2020
Darbar (2020) 6.5
Darbar (2020) (Unicode)ဘောလိဝုဒ်ဇာတ်ကားတွေပြီးတော့အခုတစ်ခါ တမီးလ်စူပါစတားကြီး Rajinikanth ရဲ့ ရုံတင်ဇာတ်ကားကြီးအလှည့်ပေါ့ဗျာ။ဟောလိဝုဒ် ၊ ဘောလိဝုဒ်ပရိတ်သတ်တွေအဖို့အိုဗာအက်ရှင်တွေကို ညည်းငွေ့နေနိုင်ပေမယ့်အိန္ဒိယတောင်ပိုင်းရုပ်ရှင်တွေကို ကြိုက်တတ်သူအဖို့တော့ကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားပါပဲ။ဘယ်လိုပဲ ဖြစ်ဖြစ် Rajinikanth ဟာလည်းတောင်ပိုင်းရုပ်ရှင်ထုတ်လုပ်ရေးတွေကြားသာကမဘောလိဝုဒ်ရုပ်ရှင်ထုတ်လုပ်ရေးတွေကြားမှာလည်းသြဇာရှိပြီး အနုပညာကြေးမြင့်တဲ့ မင်းသားကြီးမို့ပရိတ်သတ်တွေကတော့ ဒီဇာတ်ကားကို ကြည့်ရင်းလက်ခုပ်လက်ဝါးတီးပြီး အားပေးကြဦးမှာပါ။အညွှန်းအာဒိသယာဆိုတဲ့ ရဲအရာရှိတစ်ယောက်ဟာသမီးဖြစ်သူ ဗာလီနဲ့အတူ မွန်ဘိုင်းမြို့ကို ရဲမင်းကြီး(ရဲမှူးကြီးဟု သင့်တော်သလို ဘာသာပြန်ထားသည်)အဖြစ်နဲ့ရောက်ရှိလာပြီးမြို့ထဲမှာရှိတဲ့ ဆိုးသွမ်းသူတွေကို လိုက်လံနှိမ်နင်းရာကနေ ဇာတ်လမ်းကို စထားပြီး....ဒီနောက်ပိုင်းမှာတော့ တမီးလ်ရုပ်ရှင်တွေရဲ့ ထုံးစံအတိုင်းအကအလှတွေ ၊ ဟာသခန်းလေးတွေ ညှပ်ထည့်ပြီးဇာတ်လမ်းကို အရှိန်တက်လာအောင် စွမ်းဆောင်ထားပါတယ်။ဇာတ်လမ်းပုံစံက ရဲနဲ့လူဆိုး အားပြိုင်ကြတဲ့ မြင်နေကျ သာမာန်ဆိုပေမယ့်ရိုက်ကူးထားပုံက ဆန်းသစ်ပြီး Rajinikanthရဲ့ ဟိုးရုပ်ရှင်ခေတ်ဦးကတည်းကသုံးစွဲလာခဲ့တဲ့ သူ့ရဲ့ကိုယ်ပိုင်အမှတ်အသားဖြစ်တဲ့ တီးလုံးကို အက်ရှင်ခန်းတွေ ၊ Tempo မြှင့်တင်တဲ့အခန်းတွေမှာသင့်တော်သလို သုံးစွဲထားပုံက သပ်ရပ်ပြီး ပရိတ်သတ်ကို တစ်မျိုးတစ်မည် ဆွဲဆောင်ထားပါတယ်။ကဲ...အိန္ဒိယတောင်ပိုင်းဇာတ်ကားပရိတ်သတ်တို့ရေ...ကျွန်တော်တို့ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့Idol ကြီးရဲ့ အသစ်စက်စက် ရုံတင်ဇာတ်ကားကြီးကို လက်မနှေးပဲ ...
movie

Darbar (2020)

2020